"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, January 1, 2020

၂၀၂၀ မည်သော နှ စ်သစ်


I found my life as a retired person was very fulfilling, rewarding and satisfactory 
simply because I have an opportunity to do things I wanted to do and to be useful to others.

It's  the best way for me to enter the new year with an upbeat and positive attitude.

I am now really thinking about what I want to do with the time I have remaining.
And so what?





ယမန်နေ့ည ၁၂ နာရီထိုးသည်နှင့် ၂၀၁၉ ခုနှစ်အဟောင်း၏ကလကာကြီး လျှောကျသွားခဲ့ပေပြီ။

တစ်ချိန်တည်းမှာ ၂၀၂၀ ခု နှစ်သစ်၏ကလကာကြီးကို မ,တင်လိုက်ပြီလည်းဖြစ်သည်။

ယနေ့ ယခု ဤစာပိုဒ်ကို မိမိရေးနေချိန်သည် ၂၀၂၀ ခု နှစ်သစ်၏ပထမညပင်ဖြစ်သည်။

၂၀၁၉  သော၊ ၂၀၂၀ သော ကိန်းဂဏန်းတို့သည်လည်းကောင်း၊

နှစ်ဟောင်းမည်သော နှစ်သစ်မည်သော အမည်သညာသတ်မှတ်ချက်တို့သည်လည်းကောင်း၊

ထိုထိုသောပြောင်းလဲမှုတစ်ရပ်သည်လည်းကောင်း၊

တကယ်က မိမိအပေါ်မည်မျှအကျိုသက်ရောက်မှုရှိနေပါသနည်း။

ရိုးရိုးလေးတွေးကြည့်သော်

"အော် ငါ အသက်တစ်နှစ်ကြီးသွားပါပကောလား" ဟုသာ သတိပြုမိကောင်းပြုမိနိုင်သည်။

သို့တစေ ခပ်ပေါ့ပေါ့တွေးက အသက်တစ်နှစ်ကြီးသွားခြင်းသည် အရေးမဟုတ်လှဟု ထင်မိကောင်းထင်မိတတ်ပါဦးမည်။

သို့ဆိုလျှင် ...

မိမိအတွက် နှစ်ဟောင်းတစ်ခုမှ နှစ်သစ်တစ်ခုသို့ကူးပြောင်းခြင်းဆိုသည်မှာ ......

အိုခြင်း နာခြင်း သေခြင်းတို့၏သဘောသဘာဝကို
ပို ပို နားလည်သဘောပေါက်လာခြင်းပင်ဖြစ်သည်။

သေဖို့ရက်တွေ တဖြည်းဖြည်းချင်း နီးကပ်လာနေပြီဖြစ်သဖြင့် 
အချိန်၏တန်ဖိုးကို ယခင်အခါကများထက် နက်ရှိုင်းစွာသိရှိလာခြင်းဖြစ်သည်။

အချိန်နည်းပါးလာခြင်းနှင့်အတူ 
ကိုယ့်အတွက်အချိန်တွေပိုရလာအောင် 
သတိကြီးစွာ ထားရှိတတ်လာခြင်းဖြစ်သည်။















No comments:

Post a Comment