"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, April 3, 2020

ဒုတိယအကြိမ် ၀န်ထမ်းဘ၀ (၂)


Cardiorespiratory physiotherapy is an area of physiotherapy that specialises in the prevention, rehabilitation, and compensation of clients with diseases and injuries in the heart and lungs.

Cardiopulmonary physiotherapists use physical modalities to treat people. 

This may involve using manual techniques to clear infected mucus from a person's chest, or using noninvasive ventilation to help a person breathe, or prescribing exercises to improve a patient's functional exercise capacity.



မိမိ မြန်မာပြည်ကဆေးရုံများတွင် အလုပ်လုပ်ခဲ့စဉ်အခါက Chest Physiotherapy ခေါ် အဆုတ်လေ့ကျင့်ကုသမှုကို တစ်ခါတရံမှာ လုပ်ရတတ်ပါသည်။

သို့သော် ဆေးရုံအတော်များများတွင် မကြာမကြာလုပ်ခဲ့ရခြင်းမျိုးတော့ မဟုတ်ပေ။

Chest Physiotherapy ခေါ်ကုသမှုမျိုးကို မွန်ပြည်နယ်ဆေးရုံကြီးတွင်သာ အများဆုံးလုပ်ခဲ့ဖူးပါသည်။

ထိုစဉ်က ပူပူနွေးနွေးအင်္ဂလန်ပြန်သမားတော်ကြီး ဒေါက်တာဦးစိန်ဦးက မိမိတို့အကြောအဆစ်ကုပညာရှင်များကို ယုံကြည်အားကိုးလျက် အဆုတ်ရောဂါလူနာများပေးသောကြောင့်ဖြစ်သည်။

နောက်ပိုင်း စင်ကာပူနိုင်ငံသို့ရောက်ရှိအလုပ်လုပ်သောအခါတွင်လည်း အကြောအဆစ်ကုပညာရပ်၏အထူးဘာသာရပ်တစ်ခုဖြစ်သည့် Chest Physiotherapy ကို အသုံးမပြုခဲ့ရပါချေ။

အကြောင်းမှာ ထိုစဉ်ကမိမိ၏လုပ်ငန်းခွင်တွင် Chest Physiotherapy ပညာကိုအသုံးပြုပြီးကုသပေးရမည့် လူ နာအမျိုးအစား မရှိသောကြောင့်ဖြစ်သည်။

ယခု ဆေးရုံတွင် ဒုတိယအကြိမ်ဝန်ထမ်းလုပ်သောအခါတွင်မှ ယင်းပညာကို ပြန်လည်အသုံးပြုခွင့်ရပါတော့သည်။

ထိုကြောင့် Cardiopulmonary physiotherapy ခေါ် လူနာ၏အဆုတ်နှင့်လေပြွန်လမ်းကြောင်းတို့ရှိသလိပ်နှင့် အကျိအချွဲတို့ကိုဖယ်ရှားပေးလျက် အဆုတ်၏လုပ်ငန်းဆောင်တာများပြန်လည်ကောင်းမွန်စေနိုင်သော အဆုတ်လေ့ကျင့်ကုသမှုဆိုင်ရာစာများ ပြန်လည်ဖတ်ရှုလေ့လာရသည်။

မိမိတို့ အကြောအဆစ်ကုပညာရပ်၏ကမ္ဘာအဖွဲ့ အစည်းကြီးဖြစ်သော World Confederation for Physical Therapy - WCPT ၏လမ်းညွှန်ချက်များနှင့် နောက်တိုးအကြံပြုသတင်းများကို မျက်ခြည်မပြတ် ဖတ်ရှုလေ့လာနေရသည်။    







ပြီးခဲ့သောအပတ် နံနက်ပိုင်းက မိမိ ဆေးရုံမှာအလုပ်လုပ်နေစဉ် တယ်လီဖုန်းဝင်လာခဲ့သည်။

ဖုန်းကိုကြည့်သောအခါ မြန်မာပြည်က မိတ်ဆွေတစ်ဦးဆီကဟု သိလိုက်ရသည်။

သို့သော် လူနာကို အဆုတ်လေ့ကျင့်ကုသမှု (Chest Physiotherapy) ပြုလုပ်ပေးနေရသဖြင့် ချက်ချင်းပိတ်ပြီး အလုပ်ဆက်လုပ်သည်။

အိမ်ပြန်ရောက်ပြီး ညပိုင်းတွင်မှ မိတ်ဆွေထံ ဖုန်းပြန်ခေါ်ဖြစ်ပါသည်။

သူက မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်း (Myanmar Physiotherapy Association - MPA) ၏ ဥက္ကဋ္ဌဖြစ်သည်။

မိမိထံ တစ်ခါတရံ ထိုသို့ဖုန်းဆက်တတ်သည်။ MPA အလုပ်ကိစ္စများအကြောင်း စကားစမြည်ပြောဖြစ်ကြ သည်။   
ထိုနေ့က ယခုအခါ ကမ္ဘာတစ်လွှားကို အကြီးအကျယ်ဒုက္ခပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါနှင့် ဖီဇီအိုသဲရာပီကုသမှု (Physiotherapy) အကြောင်းဖြစ်သည်။   

ဖီဇီအိုသဲရာပီကုသမှုမှာ အထက်ကမိမိပြောခဲ့သောအဆုတ်လေ့ကျင့်ကုသမှု(Chest Physiotherapy) ဖြစ်ပင် ဖြစ်သည်။
    










No comments:

Post a Comment