"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, June 24, 2020

ကျွန်းသာယာ သတင်းစဉ် (၁)


ကျွန်းသာယာ သတင်းစဉ်
(Kyun Thar Yar News Magazine)



'ကျွန်းသာယာ သတင်းစဉ်'သည် မြန်မာပြည်တွင် ထုတ်ဝေလျက်ရှိသော နိုင်ငံပိုင်နှင့်ပုဂ္ဂလိက  ပိုင် နေ့စဉ်သတင်းစာများနှင့်အပတ်စဉ်ထုတ်ဂျာနယ်များမှ သိမှတ်ဖွယ် စိတ်ဝင်စားဖွယ်ရာဖြစ်သည့် ကောင်းနိုးရာရာသတင်းများနှင့်မှတ်သားစရာများကို ကျွန်းသာယာစာဖတ်ပရိတ်သတ်အတွက် ရှာဖွေစုစည်းတင်ပြထားခြင်းဖြစ်သည်။

အထူးသဖြင့် အဝေးရောက်မြန်မာနိုင်ငံသားများကို ရည်ရွယ်ပါသည်။


ယင်းသို့စုစည်းတင်ပြရာတွင် မူရင်းသတင်းအချက်အလက်များကို တိုက်ရိုက်ကူးယူဖော်ပြခြင်းမပြုလုပ်ပါ။


မူရင်းသတင်းအချက်အလက်များထဲမှ အချို့ ကိုသာ ကျွန်းသာယာအယ်ဒီတာက သင့်တော်သလို ရွေးနှုတ်လျက် အကျဉ်းချုပ်ပြန်လည်ရေးသားထားပါသည်။ 



***





မြန်မာရွှေ့ ပြောင်းလုပ်သား ၉၈၉ ဦး 
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာ

ထိုင်းနိုင်ငံရှိဒေသအသီးသီးမှမြန်မာရွှေ့ ပြောင်းလုပ်သား ၄၆၂ ဦးသည် ထိုင်းနိုင်ငံရှိမြန်မာသံရုံး၏ခွင့်ပြုချက်အရ ဇွန်လ ၂၁ ရက်နေ့က သူတို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့် မြ၀တီအမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည် ၀င်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇွန်လ ၂၃ ရက်နေ့က ရွှေ့ ပြောင်းလုပ်သား ၄၈၇ ဦးသည် မြန်မာသံရုံး၏ခွင့်ပြုချက်အရ သူတို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့်လည်းကောင်း၊  ရွှေ့ ပြောင်းလုပ်သား ၄၀ ဦးသည် ထိုင်းနိုင်ငံရှိ Immigration Detention Center မှလည်းကောင်း မြ၀တီအမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်ခဲ့ကြကြောင်းသိရသည်။



တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား ၁၀၆ ဦး 
ထပ်မံဝင်ရောက်လာခဲ့

တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာနိုင်ငံသားများ (အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၄၃ ဦး) သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ နယ် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေ့စဉ် ၀င်ရောက်လျက်ရှိရာ ဇွန်လ ၂၃ ရက်နေ့က ၁၀၆ ဦး ထပ်မံဝင်ရောက်ခဲ့ကြကြောင်းသိရသည်။



ပြည်ပနိင်ငံများမှပြန်လာရန် အခက်အခဲတွေ့နေသည့် 
မြန်မာ ၁၂၉ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့

နိုင်ငံတကာလေယာဉ်ခရီးစဉ်များ ယာယီရပ်ဆိုင်းထားသဖြင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲတွေ့နေသည့် ကိုရီးယားနိုင်ငံမှ ၉၂ ဦး၊ အမေရိကန်၊ ဘယ်(လ)ဂျီယံ၊ နော်ဝေနှင့်ဆွစ်ဇာလန်များမှ ၃၇ ဦး၊ စုစုပေါင်း ၁၂၉ ဦးတို့ကို MAI ကယ်ဆယ်ရေးလေယာဉ်ဖြင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ဇွန်လ ၂၃ ရက်နေ့ ည ၈ နာရီက ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။



ဇွန် ၂၄ ရက် 
ကိုဗစ်-၁၉ သတင်း

  • ပိုးတွေ့လူနာအသစ် = ဦး (ဘင်္ဂလားဒေ့ရှ်မှပြန်လည်ဝင်ရောက်လာသူများ)
  • ဓာတ်ခွဲစစ်ဆေးပြီးသူ စုစုပေါင်း = ၆၄,၅၃၂ ဦး
  • ပိုးတွေ့ပြီးလူနာ စုစုပေါင်း = ၂၉၂ ဦး
  • ရောဂါပိုးကင်းစင်သွားပြီးသူ စုစုပေါင်း = ၂၀၄ ဦး
  • သေဆုံးသူ စုစုပေါင်း = ဦး
  • စောင့်ကြည့်လူနာစုစုပေါင်း ၅၇၅၉ ဦး



ရေးမြို့ နယ် မော့ကနင်းကျေးရွာ 
အိမ် ၁၈ လုံး မီးလောင်ပျက်စီး

မွန်ပြည်နယ် ရေးမြို့ နယ် မော့ကနင်းကျေးရွာ ရပ်ကွက် (၃) ယုဇနလမ်းတွင် ဇွန်လ ၂၂ ရက်က လျှပ်စစ်ဝါ ယာကြိုးရှော့ဖြစ်ကာမီးလောင်ရာ နေအိမ် ၁၈ လုံး ပျက်စီးသွားသဖြင့် မီးဘေးသင့်ပြည်သူ ၉၇ ဦးအား မော့ကနင်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်းသိရသည်။








စင်ကာပူ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်
လေယာဉ်ပြောင်းစီးသောခရီးသည်များလာမည်


ဇွန်လ ၁၁ ရက်နေ့ကစပြီး စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြောင်းစီးခရီသည် (transit passengers) အရေအတွက် ရာချီပြီးရှိခဲ့ကြောင်း စင်ကာပူလေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ CAAS က မနေ့ကပြောခဲ့သည်။

တရုတ်၊ ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံများရှိ မြို့ အတော်များများသို့သွားရောက်ကြမည့် လေယာဉ်ပြောင်းစီးခရီးသည်များကို စင်ကာပူလေကြောင်းလိုင်းမှဝန်ဆောင်မှုပေးတော့မည်ဖြစ်ရာ လာမည့်ရက်သတ္တပတ်များတွင် ခရီးသည်များပြားလာမည်ဟုမျှော်လင့်ထားသည်။  
(The Straits Times မှ သတင်းဘာသာပြန် - ကျွန်းသာယာ)



ဆိုက်ဘေးရီးယားဒေသက မြို့ တစ်မြို့ 
အပူချိန်စံချိန်သစ်တင်



ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ၏ဝေးလန်
ခေါင်ပါးမြို့ တစ်မြို့ ဖြစ်သော 'ဗာခိုယန့်(စ)(ခ)' (Verkhoyansk) တွင် ပြီးခဲ့သောစနေနေ့က 
အပူချိန် ၃၈ ဒီဂရီရှိခဲ့သည်။ အာတိတ်စက်ဝန်း (Arctic Circle) အတွင်းရှိနေသည့် ဗာခိုယန့်(စ)
(ခ)မြို့ ၏ ဇွန်လပျမ်းမျှအပူချိန်ထက် ၁၈ ဒီဂရီပို
လွန်သွားသောကြောင့် အာတိတ်စက်ဝန်း၏
အပူဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်သွား
ခဲ့ကြောင်းသိရသည်။  
(The Straits Times မှ သတင်းဘာသာပြန် - ကျွန်းသာယာ)




သတင်းများကို အခါအားလျော်စွာ ဆက်လက်တင်ပေးသွားပါမည်။








No comments:

Post a Comment