"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, April 29, 2024

စပ်မိစပ်ရာများ(၁၉) - World Physiotherapy မှ ဒေါက်တာစူဖန်



ဧပြီ ၂၅ ရက်နေ့က World Physiotherapy(WP) မှ WP အဖွဲ့ဝင်များထံပေးပို့သည့်အီးမေးတွင် ထိုင်ဝမ်

နိုင်ငံအကြောအဆစ်ကုပညာရပ်အသင်း(Taiwan Physical Therapy Association) က WP ဒု-ဥက္ကဋ္ဌ 

'ဒေါက်တာစူဖန်ဂျန်'အား Lily Huang Award ပေးအပ်ချီးမြှင့်တဲ့သတင်းပါရှိခဲ့ပါတယ်။

မိမိသတိပြုမိသ၍တော့ အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း(WP)၏Vice President 

ရာထူးကို အာရှနိုင်ငံသားများထဲကရရှိတာဝန်ယူရတာ ယခုတကြိမ်သည် ပထမဆုံးဟုထင်ပါမိပါတယ်။


မိမိသည်  ဒေါက်တာစူဖန်ကို အာရှနှင့်ကမ္ဘာ့ညီလာခံအချို့ တွင် အတွေ့အမြင်များခဲ့ပြီး သိရှိခဲ့ဖူးတာပါ။ 

ရင်းရင်းနှီးနှီးတော့လဲ မဟုတ်ပါဘူး။ သူနဲ့မှတ်မှတ်ရရ ဓာတ်ပုံတွဲရိုက်ဖူးတာက ၂၀၁၁ ခုနှစ် ဇွန်လက 

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ မှာဖြစ်တယ်။ 

၁၆ ကြိမ်မြောက် International WCPT Congress 2011 ကျင်းပခဲ့စဉ်ကပါ။ ကမ္ဘောဒီးယားနိုင်ငံကPT

မိတ်ဆွေ ၂ ဦးနဲ့အတူ ညီလာခံအဆောက်အဦတခုထဲမှာ အမှတ်တရရိုက်ခဲ့ကြတာ(အောက်ပုံ)။
























WP ဒု-ဥက္ကဋ္ဌ 'ဒေါက်တာစူဖန်ဂျန်'အား ထိုင်ဝမ်နိုင်ငံအကြောအဆစ်ကုပညာရပ်အသင်း(TPTA) က 

Lily Huang Award ချီးမြှင့်တာနဲ့ပတ်သက်ပြီး  မနေ့ညက မိတ်ဆက်ရေးသားရာမှာ သူသည် WP၏

Vice President ရာထူးကို အာရှနိုင်ငံသားများထဲက ပထမဆုံးရရှိတာဝန်ယူရတာဖြစ်ကြောင်း မိမိ၏

ထင်မြင်ချက်ကိုပြောခဲ့ပါတယ်။ 

အဲဒါဟုတ်မဟုတ်သေချာရအောင် WP သတင်းအချက်အလက်များကို  ဒီကနေ့ရှာကြည့်တဲ့အခါ မှန်

ကန်ကြောင်းသိရတာကြောင့် အာရှနိုင်ငံများက PT များနှင့် အာရှတိုက်သူများကိုယ်စား မိမိ ဂုဏ်ယူ

ဝမ်းမြောက်မဆုံးဖြစ်မိပါတယ်။










ဒေါက်တာစူဖန်သည် ထိုင်ဝမ်အမျိုးသားတက္ကသိုလ်(National Taiwan University-NTU)ရှိ School

and Graduate Institute of Physical Therapy မှာ ပါမောက္ခတဦးဖြစ်ပါတယ်။  

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ တွင် ၂၀၂၃ ခုနှစ်မေလကပြုလုပ်ခဲ့သည့် WPအထွေထွေအစည်းအဝေးကြီး

မှာ ထောက်ခံမဲ ၉၉%ဖြင့် သူ့ကို WP Vice President အဖြစ် တခဲနက်မဲပေးရွေးချယ်ခဲ့ကြတာပါ။ 


ဒါဟာ ကမ္ဘာ့ပညာရပ်ဆိုင်ရာအဖွဲ့အစည်းကြီး (Global Professional Organisation) တခု မြင့်မားလှ

သည့်ဦးစီးဦးဆောင်ရာထူးအဆင့်(High-level leadership position) ကို အာရှတိုက်သူအကြောအဆစ်

ကုပညာရှင်တဦးအနေဖြင့် ပထမဆုံးတာဝန်ထမ်းဆောင်ခွင့်ရတာပါပဲလို့ ချီးကျူးထောပဏာပြုခဲ့ကြပါ

တယ်။

 










ဆက်ပြီးရေးပါဦးမည်။



 

No comments:

Post a Comment