"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, April 3, 2024

နာရီစားအလုပ် [ ဖေ့စ်ဘွတ်မှ ဘလော့သို့ - ၆ ]

 


SOURCE: Internet








၂၀၁၆ ခုနှစ်က အလုပ်မှအနားယူပြီးတဲ့နောက် စင်ကာပူမှာ Locum Physiotherapist အဖြစ် ၂ နေရာ

မှာ အလုပ်လုပ်ဖူးခဲ့ပါတယ်။

ပထမနေရာကတော့ စင်ကာပူနိုင်ငံကို စရောက်သည့် ၁၉၉၀ ခုနှစ်မေလကနေ ၂၀၁၆ ခုနှစ် ဒီဇင်္ဘာလ

အထိ ၂၆ နှစ်ကြာ မိမိအလုပ်လုပ်ခဲ့တဲ့ MINDS မှာဖြစ်ပါတယ်။

နောက်တနေရာကတော့ ယခုတိုင် မိမိအချိန်ပိုင်းဝန်ထမ်းလုပ်နေသေးသည့်  IMH ခေါ် စိတ်ကျန်းမာရေး

ဆေးရုံကြီးဖြစ်ပါတယ်။

MINDSမှာရှိသည့် အထူးပညာရေးကျောင်းနှင့်နေ့သင်တန်းဌာနမှာ နာရီးစားလုပ်ခဲ့တဲ့အကြောင်း ၂၀၁၇

ခုနှစ်က ဖေ့စ်ဘွတ်မှာတင်ထားခဲ့တာလေး တနေ့ကပြန်ပေါ်လာတာဖြစ်လို့ အောက်မှာအလွမ်းပြေလေး 

မျှဝေပေးလိုက်ရပါတယ်။













No comments:

Post a Comment