"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, April 5, 2024

တင်ပါးဆစ်အစားထိုး ခွဲစိတ်နည်းသစ် - ၁



        (SOURCR: The Straits Times - March 31, 2024)


အထက်ပုံပါခွဲစိတ်နည်းအသစ်(Anterior-based muscle-sparing, ABMS)က အပြာစက်ဝိုင်းပြထားသည့်
'ဂလူးတီးယပ်စ်မီးဒီးယပ်စ်ကြွက်သား'နဲ့'တဲန်စာဖာရှာလားတားကြွက်သား' (၂)ခုကိုလှီးဖြတ်ဖို့လိုဘဲ သူတို့
နှစ်ခုအကြားကနေ တင်ပါးဆစ်ကို လွတ်လွတ်လပ်လပ်ခွဲစိတ်နိုင်တာဖြစ်တယ်။






              








လူနာတဦး၏ကိုယ်တွေ့ပြောပြချက်

သူ့အသက်က ၇၅ နှစ်။
ကြက်တောင်ရိုက်တယ်။ ပြေးတယ်။ ဂေါက်သီးရိုက်တယ်။ 
ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ပါပဲ။
တခါတခါမှာ အကြောတင်းတာလေးလောက်တော့ရှိတယ်။
နောက်တော့ အကြောတင်းရာကနေ နာလာတာကြောင့် လမ်းဝေးဝေးမလျှောက်နိုင်ဘူး။
လှေကားတက်ဖို့လဲ ခက်ခဲလာတယ်။
ဒါနဲ့ ချန်ဂီအထွေထွေထွေရောဂါကုဆေးရုံကြီးကိုသွားပြတဲ့အခါ တင်ပါးဆုံရိုးက တဖြည်းဖြည်းပျက်စီး
နေပြီး အဆစ်ရောင်ရောဂါ(Osteoarthritis)ဖြစ်နေတာသိရတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာတော့ တင်ပါးဆုံရိုးခွဲစိတ်အစားထိုးခဲ့တယ်။ 
ခွဲစိတ်နည်းက အသစ်ဖြစ်ပြီး နလန်ထတာ မြန်တယ်။ နာတာလဲ သက်သာတယ်။ နောက်ပြီး ခွဲစိတ်ပြီး
တဲ့နောက်မှာ ရောဂါထွေတာ(Complications)မျိုးလဲ နည်းပါသေးတယ်တဲ့။

ဒီလို ခွဲစိတ်နည်းအသစ် (Anterior-based muscle-sparing, ABMS)က တခြားခွဲစိတ်နည်းတွေလို ကြွက်
သားတွေလှီးဖြတ်ဖို့မလိုဘူး။ ကြွက်သားတွေလှီးဖြတ်ရရင် ပြန်ကောင်းဖို့နလန်ထချိန်(Recovery times)
ကြာတော့တာ။

သူပြောတာက "ခွဲစိတ်ထားတဲ့အနာက အကျက်မြန်တယ်။ နောက်ဆက်တွဲရောဂါထွေတာ မဖြစ်ဘူး။ ပိုး
လဲမ၀င်ဘူး။ ခွဲပြီးတပတ်ကြာတော့ အကူအညီမလိုဘဲ လမ်းလျှောက်နိုင်ခဲ့တယ်။" လို့။ 




















ဘာ့ကြောင့်ခွဲစိတ်

တင်ပါးဆုံရိုး ခွဲစိတ်အစားထိုးခြင်းဆိုတာ နာတာရှည်တင်ပါးဆစ်နာခြင်း(Chronic hip pain)က သက်
သာစေဖို့နဲ့လှုပ်ရှားသွားလာမှုကောင်းစေဖို့အတွက်(Mobility)ဖြစ်ပါတယ်။

အထူးသဖြင့် အဆစ်ရောင်ရောဂါ(Arthritis)ရှိသူတွေ၊ အဆစ်ပျက်စီးအနာတရရှိထားသူတွေနဲ့ တင်
ပါးဆစ်ထိခိုက်ဒဏ်ရာရသူတွေပဲပေါ့။

အစားထိုးခွဲစိတ်တယ်ဆိုတာ တင်ပါးဆစ်အတွင်းက ပွတ်တိုက်ပျက်စီးနေတဲ့အစိတ်ပိုင်းတွေ(damaged
or worn-out parts)ကို အပြင်ကပစ္စည်းအတုတမျိုးမျိုးအစားထိုးထည့်(တပ်ဆင်)ပေးတာရယ်ပါ။ ဒီတော့
စောစောကပြောခဲ့သလို အဆစ်လှုပ်ရှားလို့ကောင်းလာတယ်။ အနာလဲ သက်သာလာပါတယ်။

ချုပ်ပြီးပြောရရင် တင်ပါးဆုံရိုး ခွဲစိတ်အစားထိုးခြင်းက လူနာတဦး၏နေ့တဓူဝလှုပ်ရှားသွားလာတာတွေ
ကို အရင်ကလို ဒါမှမဟုတ် အရင်ကလောက်နီးနီး သက်တောင့်သက်သာနဲ့ ပြန်လည်လုပ်ကိုင်လာနိုင်
စေတာဖြစ်ပါတယ်။ 

အခုခေတ်စကားအရပြောရရင် ဘ၀ရဲ့ အရည်အသွေး(Quality of life) ပြည့်ဝစွာခံစားနိုင်ဖို့ အထောက်
အကူပြုပေးတာပါ။ 














No comments:

Post a Comment