"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, April 6, 2024

ကျနော် နှစ်ကိုယ်ခွဲခဲ့ရသည် [ ဖေ့စ်ဘွတ်မှ ဘလော့သို့ - ၇ ]

 



၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သည့်စစ်တပ်က နိုင်ငံတော်အာဏာကို လက်နက်အားကိုး

ဖြင့် မတရားသိမ်းယူပြီးနောက် မဆလပါတီခေတ်မှာ စာပေလုပ်သားအဖွဲကို ဖွဲ့စည်းခဲ့သည်။ 

၁၉၆၆ ခုနှစ်မှာ ပြန်ကြားရေးဝန်ကြီးဌာနက စာပေလုပ်သားစည်းရုံးရေးကော်မတီကိုဖွဲ့ပြီး ၁၉၈၀ ပြည့်နှစ်

တွင် ပထမအကြိမ်စာပေညီလာခံကျင်းပခဲ့သည်။ 

ထိုအချိန်က မိမိသည် မွန်ပြည်နယ် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်နေပါသည်။ 

ထိုကြောင့် စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ဦးဆောင်သည့်မော်လမြိုင်စာပေလုပ်သားအဖွဲ့တွင်ပါ

ဝင်လှုပ်ရှားခဲ့သည်ကို အမှတ်တရရှိမိပါသည်။ 

မိမိတို့မြို့ နယ်စာပေလုပ်သားအဖွဲ့ တွင် စာရေးဆရာအဖွဲ့ခွဲနှင့်သတင်းစာဆရာအဖွဲ့ခွဲဟူ၍ ၂ ဖွဲ့ရှိရာ မိမိ

သည် မွန်ပြည်နယ်မှစာရေးဆရာများ သတင်းစာဆရာများနှင့်တွေ့ဆုံရင်းနှီးခွင့်ရရှိခဲ့သည်။ ပျော်လည်း

ပျော်စရာအလွန်ကောင်းခဲပါသည်။

ကျနော် ချစ်တဲ့မွန်ပြည်နယ် 

ကျနော် ချစ်တဲ့မော်လမြိုင်လို့ ပြောရမှာပါ။

 











* မဆလပါတီ = မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ












No comments:

Post a Comment