"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 7, 2024

စပ်မိစပ်ရာများ(၁၆) - အမှတ်ရကျေးဇူးတင်ရှိနေဆဲ


       
SOURCE:


 စင်ကာပူမှာအလုပ်လုပ်ရင်း မိသားစုနှင့်အတူအမြဲနေထိုင်ခွင့်ရဖို့ စင်ကာပူ'လ၀က'ရုံး (Immigration

office) တွင်တင်ခဲ့သည့် မိမိ၏ပထမဆုံးလျှောက်ထားခြင်းမှာ အတည်ပြုချက်မရခဲ့ပေ။  



သို့နှင့် မိမိအိမ်ငှားနေသည့်အိမ်ရှင်က အမြဲနေထိုင်ခွင့်ရရန် မိမိတို့နယ်မြေကလွှတ်တော်အမတ်အား

ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီးအကူအညီတောင်းရန် အားပေးတိုက်တွန်းခဲ့ပါသည်။


အဆိုပါအတွေ့အကြုံကို၂၀၁၆ ခုနှစ် ဧပြီလက ဖေ့စ်ဘွတ်တွင်ရေးတင်ခဲ့ပြီး ယခုအခါ(၈)နှစ်ပြည့်အ

မှတ်တရအဖြစ် မိမိ၏ဘလော့မှာပြန်လည်မျှဝေလျက် မိမိတို့မိသားစုPRရရှိစေရန် ပြည်ထဲရေးဝန်ကြီး

ဌာနသို့စာရေးပြီးအကူအညီပေးခဲ့သော လွှတ်တော်အမတ်နှင့်ဝန်ကြီးမစ္စတာယိုချိုတောင်အားလေးစား

စွာ အမှတ်ရကျေးဇူးတင်ရှိနေဆဲဖြစ်သည်။












မှတ်ချက်

အထက်ပါစာ ၂ စောင်ကို မူလရရှိခဲ့စဉ်ကအတိုင်း စာအိတ်အတွင်း အနှစ် ၃၀ ကျော်ခေါက်ရက်သား

ထားရှိသဖြင့် ပုံများတွင်တွေ့ရသည့်အတိုင်း နဂိုအရောင်ပျက်လျက် ၃ ရောင်ခြယ်ကာလာစုံဖြစ်သွား

ရကြောင်းပါ။














No comments:

Post a Comment