"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 5, 2015

ဂုဏ်သိက္ခာရှိမှ မိန်းမလှ



၁၃၇၇ ခုနှစ်၊ ပထမ၀ါဆိုလပြည့်ကျော် ၄ ရက်




ဇူလိုင်လ ၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် ခင်ဆွေမြင့် (မြန်မာစာ) ၏ “ဂုဏ်သိက္ခာရှိမှ မိန်းမလှ” အမည်ရှိ ဆောင်းပါးလေးပါ။

ဆောင်းပါးရှင် ခင်ဆွေမြင့် (မြန်မာစာ)၏ မြန်မာအမျိုးသမီးများရဲ့  ၀တ်စားဆင်ယဉ်မှုဆိုင်ရာ အသိပညာ ပေးဆောင်းပါးလေးများကို မကြာခဏဆိုသလို မိမိ သတိပြုဖတ်မိခဲ့ပါတယ်။ သတင်းစာပါ သူ့ဆောင်းပါး ၂ ပုဒ်လောက်ကို် ဘလော့မှာကူးယူ တင်ခဲ့ဖူးပါတယ်။


အမျိုးသမီးတို့၏ ဂုဏ်သိက္ခာနှင့်အလှ၊ အလှနှင့်ဂုဏ်သိက္ခာတို့အကြောင်းကို တောင်ငူ မဟာဂန္ဓာရုံဆရာ တော်ကြီး၏ “စိတ်ကောင်းရှိဖို့က ပထမ” ဆိုတဲ့ အဆုံးအမနဲ့ အစပြုကာ (၃၈)ရှစ်ဖြာ မင်္ဂလာတရားတော်၊ ဘုရားဟော ကျင့်ဝတ် ၅ ပါးတို့ဖြင့် အကျယ်တ၀င့်ရှင်းပြ ရေးသားထားပါတယ်။

ယခုခေတ်အခါကာလမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပွင့်လင်းမြင်သာရှိလာမှုများနဲ့အတူ မလိုလားအပ် သော အနောက်တိုင်းယဉ်ကျေးမှုများ အုတ်အရောရော ကျောက်အရောရောပါရှိလာကြပြီး လူငယ်အချို့  လွတ်လပ်ခွင့်နဲ့ ခေတ်မီခေတ်ဆန်မှုများကို လွဲမှားစွာနားလည်တာကြမျိုးနှင့် စောင့်ရှောက်ထိန်းသိမ်းသင့် သော မိမိတို့၏ကောင်းမွန်သည့်ယဉ်ကျေးမှုများကို လျစ်လျူရှုလာကြတာမျိုးများရှိလာရာ လူကြီးမိဖများ အနေဖြင့် နည်းမှန်လမ်းမှန် အသိပေးလမ်းညွှန်မှုများ လိုအပ်နေတာဖြစ်တယ်။ 























No comments:

Post a Comment