
နောင်လာမည့်ဆယ်စုနှစ်များအတွင်းတွင် လုပ်သားအင်အားအချိုးအစား (composition of the workforce) သိ သိသာသာပြောင်းလဲမှုများရှိလာတော့မည်ဟု ပညာရှင်အချို့ ကဆိုထားပါသည်။
ယခင်အခါက လုပ်ငန်းခွင်များတွင် အသက် ၂၀ ကျော်၊ ၃၀ ကျော်အရွယ်လုပ်သားများကိုသာ အများအားဖြင့်တွေ့ခဲ့ကြသည်။ အလုပ်ရှင်များကလည်း ယင်းအသက်အရွယ်ရှိသူများကိုသာ အစဉ်အလာအားဖြင့် ဦးစားပေးရွေးခဲ့လေ့ရှိသည်။
သို့ရာတွင် ယခုအခါ သက်ကြီးလုပ်သားများကို လုပ်ငန်းခွင်အသီးသီးတွင် အတွေ့များလာပေပြီ။
တိုးတက်သည့်နိုင်ငံများတွင် အသက်ကြီးသူများကို ခွဲခြားမှုမထားရှိပဲ တန်းတူရည်တူ အလုပ်ခန့်ထားရန်ဥပ ဒေပြုတိုက်တွန်းမှုများရှိနေသည်။
မိမိသည် ကံကောင်းထောက်မစွာပင် အသက် ၇၀ ကျော်ပြီဖြစ်သော်လည်း သင်ယူတတ်မြောက်ထားသည့်ပညာဖြင့် ကောင်းစွာအလုပ်လုပ်နိုင်ဆဲဖြစ်သည်။
ပင်လယ်လေအေးက ခပ်ပြင်းပြင်းတိုက်သဖြင့်
ဆံပင်အလှမပျက်စေဖို့...
ပထမတွင် နေ့တစ်ဝက်အချိန်ပိုင်းသာလုပ်ခဲ့သည်။
မနက်ပိုင်းနေ့တစ်ဝက် ၄ နာရီကြာလုပ်ခဲ့သည်။
ထို့နောက် ဆေးရုံတွင် အချိန်ပိုင်းဝန်ထမ်း ၁ ဦးက အလုပ်ထွက်သွားပြီး အချိန်ပြည့်အမျိုးသမီးဝန်ထမ်းတစ်ဦးက ကလေးမီးဖွားခွင့်ယူသောအခါ မိမိအား တစ်နေ့လုံးလုပ်ရန်ပြောလာသောကြောင့် နာရီစားဖြင့်တစ်နေ့ လုံး အလုပ်လုပ်ဖြစ်သွားပြန်ပါသည်။
ပထမတော့ နေ့တစ်ဝက်လုပ်နေရာမှ တစ်နေ့လုံးလုပ်လျှင် အတော်လေးပင်ပန်းလေမည်လားဟု တွေးပူမိ ၏။
သို့ရာတွင် တကယ်တမ်းလုပ်သောအခါ အလုပ်လုပ်ချိန်ရှည်သွားသည်မှအပ ခန္ဓာကိုယ်ပင်ပန်းမှုတွင် ထူးထူးခြားခြားပြောင်းလဲမှုမရှိကြောင်းတွေ့ရသည်။
ဒါ့အပြင် လှုပ်ရှားသွားလာမှုများသဖြင့် ယခင်းကထက် ပိုပြီးသွက်လက်လာသည်။
အမောစေ့ပြီး ခံနိုင်ရည်ပိုရှိလာသည်။
ကိုယ်အလေးချိန်လည်း ဆက်မတိုးတော့။
၂၀၁၆ ခုနှစ်အကုန် အလုပ်ကအနားမယူမီက ကြံ့ ခိုင်မှုအခြေအနေသို့ပြန်ရောက်နိုင်မည်ဟု ယုံကြည်နေသည်။
မိမိကိုယ်ကိုမိမိ ကျန်းမာရေးပိုပြီးကောင်းလာသည်ဟုလည်း ကျေနပ်စွာခံစားမိသည်။
No comments:
Post a Comment