မြေးကလေးနှစ်ယောက်ရှိနေသော်လည်း မိမိတို့နှင့်အတူမနေကြပေ။
တစ်ခါတရံမှသာ မိမိတို့အိမ်ကို သူတို့လာကြတတ်သည်။
တစ်ခါတရံတွင် သူတို့နှင့်အပြင်သွားကြလေ့ရှိသည်။
သို့ဖြစ်ရာ သူတို့ကို အဖိုးအဖွားတို့က ထိန်းကျောင်းပေးရင်း ကလေးတို့၏ဖွံ့ဖြိုးမှုနှင့်အမူအကျင့်လေးများကို မကြာခဏ၈ရုပြုမိသည်။
တစ်နေ့က အိမ်မှာအလည်ရောက်လာကြသည်။
ဧည့်ခန်းတွင် အမေဖြစ်သူက သမီးအကြီးကို မြန်မာစာသင်ပေးနေသည်။ အမေကစာခေါ်ပေးပြီး သမီးက စာလုံးပေါင်းလိုက်ရေးရ၏။
စာလုံးပေါင်းလိုက်ရေးရင်း အသံထွက်ပါရွတ်ပြရသည်။
ထိုအချိန်တွင် သမီးအငယ်လေးက စာရွက်တစ်ရွက်ယူပြီး ကြမ်းပေါ်မှာထိုင်ကာ စာရေးနေသည်ကို အမှတ်မထင်တွေ့ရသည်။
ပါးစပ်မှလည်း 'င .. င' ဟုရွတ်နေသည်။
No comments:
Post a Comment