

လူဆိုတာ ကိုယ်လုပ်ချင်တာကိုလုပ်နေရရင် ကျေနပ်တတ်ကြတာပါ။
ကိုယ့်ကိုယ်ကို သတိထားမိတာလေးတွေပြောကြည့်ချင်မိတယ်။
ဥပမာ ဖေ့စ်ဘွတ်သုံးတာမျိုး။
လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်အထိ ဖေ့စ်ဘွတ်မှာ မိမိရဲ့ အတွေ့အကြုံလေးတွေနဲ့ခံစားမိတွေးတောမိတာ လးတွေကို ရေးတင်ခဲ့ပါတယ်။
ဖေ့စ်ဘွတ်ကြောင့် မိတ်ဆွေအသစ်တွေရခဲ့သလို အဆက်အသွယ်ပြတ်နေတဲ့သူငယ်ချင်းနဲ့မိတ်ဆွေဟောင်းအချို့ ကိုလဲ ပြန်ပြီးအဆက်အသွယ်ရခဲ့ပါတယ်။ ဒါကြောင့်ကျေနပ်မိပါတယ်။

ဒီနောက်မှာ ဖေ့စ်ဘွတ်မှာ ဘာမှရေးမတင်ဖြစ်တော့ပါဘူး။
ဒါပေမယ့် ဖေ့စ်ဘွတ်ကို ဆက်ပြီးသုံးနေဖြစ်ပါတယ်။
အကြောင်းကိစ္စရှိတဲ့အခါ chat box ကို ခဏတဖြုတ်လေးသုံးဖြစ်တာမျိုးရှိပါတယ်။
ကြာကြာတော့သုံးလေ့မရှိသလို ခဏခဏလဲသုံးလေ့မရှိပါဘူး။
တစ်ခါတလေမှာ ကော်မန့်ပေးပါတယ်။
အကြာကြီးသုံးဖြစ်တာဆိုလို့ အများအားဖြင့်က ..
ဆရာတော်များဟောပြောသည့်တရားများ၊
ကျန်းမာရေးပညာပေးအစီအစဉ်များ၊
အမျိုးသားရေးနဲ့နိုင်ငံရေးဆွေးနွေးဝိုင်းများ၊
အစိုးရသတင်းထုတ်ပြန်ချက်များ၊
ခေတ်ဟောင်းတေးသီချင်းများ
အငြိမ့် မြန်မာ့ဆိုင်းဝိုင်း အစရှိတာတွေကို နားထောင်ဖြစ် ကြည့်ဖြစ်နေပါတယ်။
နောက်တစ်မျိုးက မြန်မာ့လက်ဝှေ့၊ အင်္ဂလိပ်လက်ဝှေ့ (boxing)၊ ယိုးဒယားလက်ဝှေ့ (Muay Thai)၊ ကစ်ဘောက်ဆင် (Kickboxing)၊ အမ်အမ်အေ (Mixed Martial Arts) တွေကို အားပါးတရကြည့်နေတာဖြစ်တယ်။


အဲဒါကြောင့် ဖေ့စ်ဘွတ်မှာပျော်ခဲ့ဖူးတယ် အခုလဲပျော်မိပါတယ်လို့။
No comments:
Post a Comment