"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 26, 2020

ကျွန်းသာယာ သတင်းစဉ် (၅)


ကျွန်းသာယာ သတင်းစဉ်
(Kyun Thar Yar News Magazine)





***




သူနာပြုသားဖွားဒီပလိုမာသင်တန်းဆင်း
၈၁၆ ဦး စက်တင်ဘာလခန့်ရန်ရှိ

သူနာပြုသားဖွားဒီပလိုမာ ၃ နှစ်သင်တန်းဆင်းများအား လာမည့်စက်တင်ဘာလတွင် ခန့်ထားပေးရန်စီစဉ်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင် ၂၇ ရက်နေ့ကထုတ်ပြန်သည်။

လက်ရှိအစိုးရတာဝန်ယူချိန်မှစပြီး သူနာပြုဆရာဆရာမပေါင်း ၇၄၅၅ ဦး၊ သားဖွားဆရာမပေါင်း ၃၈၄၄ ဦးနှင့်သူနာပြုအကူ ၉၃၀ ဦးတို့အား အသစ်ခန့်ထားပြီးဖြစ်ကြောင်းသိရသည်။


ရခိုင်နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး
အာဆီယံ-မြန်မာအဆင့်မြင့်စည်းဝေး

ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံကပူးပေါင်းဆောင်ရွက်နိုင်ရေး တတိယအကြိမ်အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၇ ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင်ပြုလုပ်သည်။

နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘ၀ဖွံ့ ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းအားထုတ်ရာတွင် ကိုဗစ်-၁၉ ကြောင့် အခက်အခဲများရင်ဆိုင်နေကြရသော်လည်း ကျော်လွှားအောင်မြင်နိုင်ရန် ညီညွတ်သောအင်အားဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ UNHCR၊ UNDP တို့နှင့်ရေထိုးသားသည့်စာချွန်လွှာအရ လုပ်ငန်းများကိုဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်မှလူငယ်များအား အသက်မွေးဝမ်းကျောင်းသင်တန်းများပေးနိုင်ရေးအတွက် UEHRD မှတဆင့် စင်ကာပူနိုင်ငံအခြေစိုက် Asia Philanthrophy Circle (APC) နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် (၃၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များက ရခိုင်ပြည်နယ်အတွင်း လူမှုအသိုင်းအ၀ိုင်းများအကြား သဟဇာတဖြစ်စေရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံအားပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အရေးတွင်မြန်မာအစိုးရနှင့် အာဆီယံနိုင်ငံများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း အစည်းအဝေးပူးတွသြဘာပတိဖြစ်သည့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားကြောင်းသိရသည်။


အောင်ဆန်းကွင်း
အဆင့်မြှင့်တင်တည်ဆောက်မည်



၁၉၁၀ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သော ရန်ကုန်မြို့ လယ်ရှိ အထင်ကရအားကစားကွင်းတစ်ခုဖြစ်သည့် အောင်ဆန်းကွင်းကို ခေတ်စနစ်နှင့်အညီပြန်လည်အသုံးပြုနိုင်ရေးအတွက် အဆောက်အအုံများကြံ့ ခိုင်မှုရှိမရှိကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အကူအညီတောင်းခံလျက် စစ်ဆေးမှုပြုလုပ်ရာ ၇၀ ရာခိုင်နှုန်းကြံ့ ခိုင်မှုမရှိသဖြင့် အသုံးပြုရန်မသင့်တော်ကြောင်းတွ့ရှိရသဖြင့် အောင်ဆန်းကွင်းကြီးအား အဆင့်မီပြန်လည်မွမ်းမံနိုင်ရေး သို့မဟုတ အသစ်ပြန်လည်တည်ဆောက်နိုင်ရေးပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


အထွေထွေရွေးကောက်ပွဲ
မဲဆန္ဒရှင်စာရင်းများကြေညာ 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့ (ဇူလိုင်လ ၂၆ ရက်) မှစတင်ပြီး ကြေညာထားပြီးဖြစ်ကြောင်းသိရသည်။


စီးပွားရေးကန့်သတ်ပိတ်ဆို့မှုပြုလုပ်ရန် 
ဘင်္ဂလားဒေ့ရှ်တောင်းဆိုချက် မြန်မာကန့်ကွက် 

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဇူလိုင် ၂၄ ရက်တွင် နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မစ္စတာ မန်ဂျူရူခါရင်းခန် ချောင်ဒရီအား တွေ့ဆုံလျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးကန့်သတ်ပိတ်ဆို့မှုတောာင်းဆိုချက်ကို စိတ်ပျက်မိကြောင်း၊ နှစ်နိုင်ငံအရေးကိစ္စများကို အထောက်အကူမပြုသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မလိုမုန်းထားလုပ်ရပ်များကို ကန့်ကွက်ကြောင်းသိရသည်။ 


ဒေါ်အောင်ဆန်းစုကြည်၏
အနီးကပ်လုံခြုံရေး ဦးစိုးဝင်း ကွယ်လွန်သွား

နိုင်ငံတော်၏အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဘေး နှစ်ပေါင်းများစွာဝန်းရံလျက် အနီးကပ်လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော သုံးရောင်ခြယ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် ဦးစိုးဝင်း (၅၈ နှစ်) သည် ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် နေပြည်တော်တွင် ဦးနှောက်သွေးကြောပေါက်ပြီး ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။


စာတစ်ကြောင်းသတင်း
(News In One Sentence)

ထောင်နှင့်ခိုးသွင်းဖုန်းများ
ထောင်များအတွင်းသို့ ဖုန်းများခိုးယူသွင်းကာ ထောင်သားများ ထောင်အတွင်း၌ဖြစ်စေ အပြင်သို့ဖြစ်စေ ဆက်မှုမပြုလုပ်နိုင်ကြစေရန် ဖုန်းလိုင်းဖြတ်တောက်ပေးသည့်စက် (Jammer) ၂၂ လုံးကို ဗဟိုထောင်များဖြစ်သော အင်းစိန်ထောင်၊ မန္တလေးထောင်၊ မြင်းခြံထောင်နှင့်အခြားထောင်များတွင် တပ်ဆင်အသုံးပြုထားကြောင်းသိရသည်။

ဆိပ်ကြီးခနောင်တိုနှင်ဒလမြို့ နယ်များကူးတံတား 
ဆိပ်ကြီးခနောင်တိုမြို့ နယ်နှင့်ဒလမြို့ နယ်များကိုဆက်သွယ်ပေးမည့် တွန်တေးတူးမြောင်းကူးတံတားတစ်စင်းကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရံပုံငွေဖြင့်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

မန္တလေး၊စစ်ကိုင်း၊မကွေးမှ ရေဘေးသင့်များထောက်ပံ့ 
မန္တလေး စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးခြင်း၊ စားနပ်ရိက္ခာနှင့်ဆန်ရိက္ခာဖိုးငွေများ၊ ကိုဗစ်-၁၉  အကာအကွယ်ပေးပစ္စည်းများထောက်ပံ့ခြင်းတို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


တရား
ဓမ္မ 
အသိအမြင်


ဓမဆိုတော့ ဘယ်တော့မှ မဆွေးဘူး။ 

လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းဆိုတဲ့ကာလမှာ ဘုရာပေါင်း နှစ်ဆယ့်ရှစ်ဆူပွင့်တယ်။
 နှစ်ကျိပ်ရှစ်ဆူဆိုတာ ဒီပင်္ကရာဘုရားကအစ ဂေါတမဘုရားအထိ အဲဒါပဲ။

 ဂေါတမဘုရား စတင်ဆုပန်တာက ဒီပင်္ကရာဘုရားထံမှာ။
အဲဒီကနေ ဂေါတမဘုရားအထိ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းရှိတယ်။ စိတ်ကူးနဲ့ပေါ့လေ။

အဲဒီ နှစ်ကျိပ်ရှစ်ဆူသောဘုရားတွေရှိနေသေးတယ်ဆိုရင် ပထမဆုံးဘုရားကိုမေးကြည့်။
အရှင်ဘုရားဟောတော်မူတဲ့ သစ္စာတရားလေးပါးနဲ့ နောက်ဆုံးဘုရားတွေဟောတော်မူတဲ့ သစ္စာလေးပါးတရား၊ တခြားစီလား အတူတူလားလို့။ 
အကုန်လုံး တပုံစံထဲပဲဟောတယ်။ 

ရှေးရှေးသောဘုရားတွေရဲ့ ဓမ္မဟာ ဟောင်းလွန်းလို့ နောက်ဘုရားက မူပြောင်းပြီးတော့ အသစ်ပြန်ဟောတယ်ဆိုတာ မရှိဘူးဗျ။  
အဲဒါ ဓမ္မ။ 
ဘယ်တော့ပဲဖြစ်ဖြစ် မဟောင်းဘူးတဲ့။
အမြဲတမ်း အသစ်ပဲဖြစ်နေတယ်။ မူလဲ မပြောင်းဘူး။

ကမ္ဘာကြီးဆွေးသွားပေမယ့် ဘယ်တော့မှမဆွေးတာ သူတော်ကောင်းတရား။  
ဒါလေးမှတ်ထား။

သီတဂူဆရာတော် အရှင်ဉာဏိဿရ ('မြတ်ရှင်ဗုဒ္ဓ ဓမ္မဒေသနာ' ဆောင်းပါး၊ အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း   
 မတ်လ ၂၀၀၀)


  
****





အာဆီယံသတင်း

စင်ကာပူ-မလေးရှားအမြန်ရထားလိုင်း
စီမံချက်ပြန်စတော့မည်




၂၀၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန်မူလက
ရည်ရွယ်ထားခဲ့သော ဘူးကစ်ချာဂါဂိတ်
(ဂျဟိုး)နှင့်ဝုဒ်လဲန်းမြောက်ဂိတ်(စင်ကာပူ)
တို့ကိုဆက်သွယ်ပေးမည့် ၄ ကီလိုမီတာရှည်
အမြန်ရထားလမ်းစီမံချက်ကို ပြန်လည်စတင်
သည့်အခန်းအနားကို ဇူလိုင်လ ၃၀ ရက်နေ့
က ပြုလုပ်ခဲ့သည်။                                                

ယင်းအခန်းအနားသို့ စင်ကာပူနိုင်ငံဝန်ကြီးချုပ်
လီရှန်လွန်းနှင့်မလေးရှားနိုင်ငံဝန်ကြီးချုပ် မူ(ဟ)ယစ်ဒင်ယာစင်တို့တက်ရောက်ခဲ့ကြပြီး ရထားပြေးဆွဲခြင်းကို ၂၀၂၆ ခုနှစ်ကုန်တွင်စတင်နိုင်မည်ဖြစ်ပြီး တစ်နာရီလျှင် ခရီးသည်ဦးရေ ၁၀,၀၀၀ကို နိုင်ငံတဖက်စီသို့ သယ်ဆောင်ပို့ပေးနိုင်ကြောင်းသိရသည်။

The Straits Times 31/7/2020   (သတင်းဘာသာပြန် ကျွန်းသာယာ)



စင်ကာပူနိုင်ငံ၏အစိုးသစ်
ဝန်ကြီးအဖွဲ့ကြေညာ 



ဓာတ်ပုံ - The Sunday Times

စင်ကာပူနိုင်ငံ၏ ၁၃ ကြိမ်မြောက်အထွေထွေရွေးကောင်ပွဲတွင် အနိုင်ရရှိခဲ့သော အာဏာရပါတီမှဝန်ကြီးချုပ် လီရှန်လွန်းက သူ၏အစိုးရသစ်နှင့်ဝန်ကြီးများအမည်စာရင်းကို မနေ့ကကြေညာခဲ့သည်။

ယခုအစိုးရသစ်တွင် ၀ါရင့်ဝန်ကြီးများက လက်ရှိလုပ်ငန်းတာဝန်များအား ဆက်လက်ထမ်းဆောင်သွားကြရန်၊ မျိုးဆက်သစ်ဝန်ကြီးများ (အဟောင်း၊ အသစ်) အနေဖြင့် အတွေ့အကြုံသစ်များရရှိနိုင်ကြစေရန်နှင့်ခေါင်း ဆောင်မှုသွေးသစ်လောင်းရန် စသည့်ရည်ရွယ်ချက်ကြီး ၃ ချက်ကို ချိန်ညှိပြီးအကောင်အထည်ဖော်ရန်ဖြစ်ကြောင်း ၀န်ကြီးချုပ် လီရှန်လွန်းကပြောသည်။

ဝန်ကြီးဌာန ၁၅ ခုတွင် ၆ ခုမှာ ၀န်ကြီးအပြောင်းအလဲရှိပြီး အာဏာရပါတီဖြစ်သေယ ပီအေပီမှ မျက်နှာသစ် ၇ ဦးအားလည်း နိုငံရေးဆိုင်ရာဝန်ထမ်းအကြီးအကဲများ (political office-holders) အဖြစ်ခန့်အပ်ခဲ့သည်။

ယခုဖွဲ့စည်းလိုက်သည့်အစိုးရသစ်တွင် ယခင်အစိုးရအဟောင်းအတိုင်း နိုငံရေးဆိုင်ရာဝန်ထမ်းအကြီးအကဲအရေအတွက် ၃၇ ဦးရှိကြောင်းသိရသည်။                   (သတင်းဘာသာပြန် ကျွန်းသာယာ)



ဗီယက်နမ်နိုင်ငံတွင် ရက် ၁၀၀ အတွင်း
ကိုဗစ်-၁၉ ကူးစက်သူ ၁ ဦး ထပ်တွေ့ရ 

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉  ထမ်မံကူးစက်မှုမတွေ့ ရသည်မှာ ရက်ပေါင်း ၁၀၀ နီးပါးရှိလာပြီးနောက် ဇူလိုင်လ ၂၅ ရက်နေ့က ထပ်မံကူးစက်ဖြစ်ပွားသူ ၁ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

တာဝန်ရှိသူများက အဆိုပါအမျိုးသားလူနာနှင့်ထိတွေ့ဆက်ဆံမှုရှိခဲ့သူ ၁၀၀ ကျော်တို့ကို ဗိုင်းရပ်စ်စစ်ဆေးခဲ့ရာ စစ်ဆေးမှုအဖြေအားလုံးတွင် ကိုဗစ်-၁၉ ကူးစက်မှုမတွေ့ ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။


အင်ဒိုနီးရှားနိုင်ငံတွင် ၁ ရက်အတွင်း
ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၈၆၈ ဦးရှိ 

အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်လ ၂၅ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူအရေအတွက် ၁၈၆၈ ဦးရှိခဲ့ပြီး ထိုနေ့ကထပ်မံသေဆုံးသူ ၄၉  ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ဖော်ပြချက်အရသိရသည်။



ဆေးပညာနှင့်
ကျန်းမာရေးသတင်း


ဗီယက်နမ်မှ တင်ပါးဆုံရိုးဆက်အမြွှာ
အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့

         
                 

အဓိကဆရာဝန်ကြီး ၉  ဦးအပါအ၀င် ဆရာဝန်ပေါင်း ၁၀၀ ပါဆေးအဖွဲ့က တင်ပါးဆုံရိုးချင်းဆက်နေကြသော ၁၃ လအရွယ် အမြွှာကလေးနှစ်ယောက်ကို  ဟိုချီမင်းမြို့  ကလေးဆေးရုံတွင် ၁၂ နာရီကြာ ခက်ခက်ခဲခဲဖြင့်အောင်မြင်စွာခွဲစိတ်ပြီး ယခုအခါ တစ်ဦးစီသီးခြားနေနိုင်ပြီဖြစ်သည်။

Little Magic နှင့် Little Bamboo Tree ဟု ချစ်စနိုးအမည်ပေးထားသောကလေးနှစ်ဦးသည် တစ်ဦးကထိုင်လျက်အနေအထား၊ အခြားတစ်ယောက်က ပက်လက်အနေအထားဖြင့် တင်ပါးဆုံရိုးနေရာတွင်ဆက်လျက် မွေးဖွားလာခဲ့ကြောင်းသိရသည်။ By JEMMA CARR - MAILONLINE    (သတင်းဘာသာပြန် ကျွန်းသာယာ)



မိုဒါးနား ကိုဗစ်-၁၉ ကာကွယ်ဆေး
ယခုနှစ်ကုန်မှာ အသင့်ဖြစ်ဖွယ်



ယခုနှစ်ကုန်လောက်တွင် Moderna 
COVID-19 ကာကွယ်ဆေးကို 
ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် 
အသင့်ဖြစ်တော့မည်ဟု အမေရိကန်
အစိုးရနှင့်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ
အရာရှိများက ဇူလိုင်လ ၂၈ ရက်နေ့က
ပြောသည်။ 

မိုဒါးနားကိုဗစ်-၁၉ ကာကွယ်ဆးသည် 
အန္တရာယ်ကင်းရှင်းပြီးထိရောက်မှုရှိ
ကြောင်းသက်သေပြပြီး ဆေးဝါးစိစစ်
ရေးဆိုင်ရာအတည်ပြုချက်ကိုရရှိရန် 
လူပေါင်းသုံးသောင်းအား စမ်းသပ်ထိုးနှံမှုစတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။  
(သတင်းဘာသာပြန် ကျွန်းသာယာ)



ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် 
သေဆုံးသူ ၈၅၀၀၀ ရှိလာ

ဘရာဇီးတစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူအရေအတွက်မှာ ၂ ဒသမ ၃ သန်းအထိရှိလာကာ ဇူလိုင်လ ၂၄ ရက်နေ့က ထပ်မံကူးစက်ခံရသူအရေအတွက် ၅၅၈၉၁ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၈၅၂၃၈ ဦးအထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်းသိရသည်။












No comments:

Post a Comment