"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, July 16, 2011

ဗုဒ္ဓသာသနာတော်ကြီး နှစ် ၂၆၀၀ ပြည့်ပြီ

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် ၀ါဆိုလပြည့်နေ့သည် ဗုဒ္ဓသာသနာတော် ပေါ်ထွန်းသည့် နှစ်(၂၆၀၀)ပြည့် မြောက်သည့်နေ့ပင်ဖြစ်သည်။


မြတ်ရွှေတိဂုံ။ (ဓါတ်ပုံ - ဖိုးတာ၊ ၂၀၀၆)
မဟာသက္ကရာဇ် ၁၃၀ ခု ၀ါဆိုလပြည့် (စနေနေ့)တွင် မြတ်ဗုဒ္ဓသည် ပဉ္စ၀ဂ္ဂီငါးဦးနှင့်တစ်ဆယ့်ရှစ်ကုဋ္ဋေ သော နတ်ဗြဟ္မာအပေါင်းတို့အား ဓမ္မစက္ကပ၀တ္တနသုတ်တော်(ဓမ္မစ ကြာဒေသနာတော်)ကို မိန့်ခြွေတော် မူလျက် မဇ္ဈိမပဋ္ဋိပဒါလမ်းစဉ်ကို ချမှတ်တော်မူကာ ဗုဒ္ဓသာသနာတော်ကို စတင်ထူထောင်တော်မူခဲ့လေ သည်။      

ထိုကြောင့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ဟု သာသနသမိုင်းတွင် မှတ်တိုင်စိုက်ထူခဲ့လေ သည်။ ထို့အပြင် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋ္ဋိဟာဟူ၍ ၀ါဆိုလပြည့်နေ့တွင် ဖြစ်ပေါ်ခဲ့ သော မြတ်ဗုဒ္ဓ၏ ထူးခြားသောဖြစ်စဉ်တော်တို့ကို အမှတ်သညာပြုခဲ့ကြသည်။   

ဤသို့ ထူးခြားသော ၀ါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် နိုင်ငံတစ်ဝန်းလုံး၌ ဗုဒ္ဓဘာသာဝင်ရဟန်း ရှင်လူ ပြည်သူအပေါင်းတို့သည် ဓမ္မစကြာအခါတော်နေ့ ပူဇော်ပွဲ၊ ၀ါဆိုဝါကပ်ပွဲ၊ ၀ါဆိုပန်းကပ်လှူပူဇော် ပွဲ၊ ရဟန်းခံရှင်ပြုအလှူတော်ပွဲစသည့် ကုသိုလ်ပုညကုသလသဘာတို့ကို သောမနဿကြည်ရွှင်သဒ္ဓါဖြင့် စေတနာသုံးတန်ကုသိုလ်ခြံရံ၍ အေးချမ်းသာယာစွာ ဆင်ယင်ကျင်းပလျက်ရှိကြလေသည်။  

ယနေ့ (၁၃၇၃ ခုနှစ် ၀ါဆိုလပြည့်ကျော် ၁ ရက်၊ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်)ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြပါ သည်။



No comments:

Post a Comment