"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 24, 2011

သမ္မတကြီးကတော်

သမ္မတကြီးကတော်ဆိုတော့ စာဖတ်သူများက လက်ရှိမြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ဇနီးကို ရည်ညွှန်းတယ်လို့ သာမန်အားဖြင့် ထင်မိကြမှာပါ။

တကယ်က မဟုတ်ပါဘူး။

ပြောလိုတာက ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ်က မြန်မာနိုင်ငံတော်သမ္မတကြီးဦးနေ ၀င်းရဲ့ဇနီး (ဒေါ်)ရတနာနတ်မယ်အကြောင်း စာရေးသူ တစ်စွန်းတစ်စသိသမျှလေးကို ပြောချင်တာဖြစ် တယ်။ ပြောချင်ရတဲ့အကြောင်းကလဲ "ဖိနပ်ကလေးတစ်ရံ"မှာပဲ အကြောင်းခံခဲ့တာ။ Racial Harmony Day အခမ်းအနားမှာ မြန်မာအ၀တ်အစားဝတ်ဖို့ အိမ်ကယူလာရန်မေ့လာတဲ့ ကတ္တီပါဖိနပ်ကို မိတ်ဆွေကို ဖေသက်ထံမှငှားပြီး ညနေအလုပ်ပြီးလို့ သွားပြန်ပို့တဲ့အခါမှာ သူနဲ့ တောရောက်တောင်ရောက်စကားတွေ ပြောကြရင်းက ရတနာနတ်မယ်အကြောင်း ရောက်သွားခဲ့ကြတယ်။

မြန်မာ့နန်းသွေးပါတဲ့ ဒေါ်ရတနာနတ်မယ်။ (မူရင်းဆောင်းပါမှ)

ကိုဖေသက်က မြန်မာမဂ္ဂဇင်းတစ်စောင်မှာ ရတနာနတ်မယ်အကြောင်းဖတ်ရတဲ့အကြောင်း စိတ်ဝင်စား စရာကောင်းကြောင်းပြောတာနဲ့ စာရေသူက စိတ်ဝင်စားကြောင်း ဖတ်ချင်ကြောင်း ပြောလိုက်မိတယ်။ ဒါနဲ့ သူက မူရင်းဆောင်းပါးကို scan လုပ်ပြီး အီးမေးနဲ့ စာရေးသူထံပို့ပေးခဲ့ပါတယ်။ အဲဒီဆောင်းပါးကို ရေးသူက သရ၀ဏ်(ပြည်) ဖြစ်ပါတယ်။ သူရဲ့ဆောင်းပါးထဲမှာ ရတနာနတ်မယ်အကြောင်း မိမိမသိတာ တွေအများကြီးပါရှိတာဖြစ်ပြီး အထူးသဖြင့် မျိုးရိုးစဉ်ဆက်နဲ့မျိုးချစ်စိတ်ဓါတ်တွေအကြောင်းသိရလို့ မျိုး ဆက်သစ်လူငယ်တွေကို သိစေချင်တဲ့အတွက် ရေးရခြင်းဖြစ်ပါတယ်။ သူ့စကားအချို့ကို ဥပမာပေးပါ့ မယ်။

"ကျမက မြန်မာဆန်ဆန်ဝတ်ချင်တာ။ ရာသီဥတုက ဒီမှာအရမ်းအေးလွန်းလို့ ဂါဝန်တွေ ဘာတွေဝတ် ထားရတာ၊"

"ကျမ ဗုဒ္ဓဘာသာအဆုံးအမတွေနဲ့ ကြီးပြင်းလာတာပါ။... မယ်မယ်ဘုရားဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ နန်းတွင်းဓလေ့ထုံးစံတွေကို အတော်လိုက်နာကျင့်သုံးပါတယ်။ အိမ်မှာကျမတို့မြန်မာလိုပဲပြောကြတယ်။ .....မနက်တိုင်း သံဃာတော်တွေကိုဆွမ်းလောင်း ရတယ်။....ကျမဟာ နိင်ငံခြားမှာ နေနေပေမယ့် အမြဲ ဗုဒ္ဓဘာသာပါ။"

ရတနာနတ်မယ်သည် မြန်မာ့ရာဇ၀င်မှာထင်ရှားခဲ့တဲ့ အိမ်ရှေ့စံကနောင်မင်းသားကြီး၏မြစ်တော်၊ လင်း ပင်မင်းသားကြီး၏ မြေးတော်နှင့် ထိပ်တင်လတ်မင်းသမီး၏သမီးတော်ဖြစ်ပါတယ်။  ၁၉၃၂ ခုနှစ်မှာ ဖ ခင်ဩစတေးလျလူမျိုးမစ္စတာဘယ်လာမီနှင့် မိခင်ထိပ်တင်လတ်မင်းသမီးတို့မှ မွေးဖွားခဲ့ပြီး ငယ်စဉ်က ပင် မြန်မာ၊ အင်္ဂလိပ်နှင့် ဟင်ဒီစကားများ တတ်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

သမ္မတကြီးဦးနေ၀င်းနှင့် ဒေါ်ရတနာနတ်မယ်တို့ လက်ထပ်မင်္ဂလာသတင်း။


ရတနာနတ်မယ်ရဲ့နာမည်နဲ့ဓါတ်ပုံကို ၁၉၇၈ ခုနှစ်လောက်က သတင်းစာထဲမှာ စာရေးသူ စပြီးကြားသိခဲ့ ရတာဖြစ်တယ်။ ဦးနေ၀င်းနဲ့ဒေါ်ရတနာနတ်မယ်တို့ရဲ့ လက်ထပ်ထိမ်းမြားခြင်း ဓါတ်ပုံကို သတင်းစာမျက် နှာဖုံးမှာ ပြူးတူးပြဲတဲကြီးတွေ့လိုက်ရလို့ပါ။ နောက် လေးငါးခြောက်လလောက်ကြာတော့ ကွဲသွားကြပြီလို့ ကြားရပြန်ပါတယ်။ ရတနာနတ်မယ်က စီအိုင်အေက ထောက်လှမ်းရေးဟုပြောသံများ ကြားခဲ့ရတာပဲ။ ဒါ ပေမယ့် ဆောင်းပါးထဲမှာ ရတနာနတ်မယ်က ဒီသတင်းမမှန်ဘူးလို့ ပြောထားတာဖတ်ရပါတယ်။ တကယ် က လင်မယား စကားများကြပြီး ဦးနေ၀င်းက ဆေးလိပ်ပြာခွက်နဲ့ ကောက်ပေါက်လို့ပါတဲ့။ 

သူ့စားသောက်ဆိုင်လေးထဲမှ ဒေါ်ရတနာနတ်မယ်။
အခုအခါမှာ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ တစ်ချိန်ကသမ္မတကြီးကတော် ဒေါ်ရတနာနတ်မယ်သည် အီတ လီနိုင်ငံ ဆန်ဖရီဒီယာနိုခရိုင်မြို့လေးမှာ အီတလီနဲ့ အာရှအစားအစာ ချက်ပြုတ်နည်းသင်တန်းကျောင်း လေးနဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်တို့ဖွင့်ထားတယ် ဆိုပါတယ်။   

No comments:

Post a Comment