"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, July 18, 2011

မိမိကိုယ်ကို ဤသို့ နှိုင်းယှဉ်ရမည်

အသျှင်မဟာမောဂ္ဂလာန်သည် ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့၊ ဘေသကဠတော၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့ အား -

"ငါ့သျှင်တို့၊ ထိုသဘောတို့၌ ရဟန်းသည် မိမိကိုယ်ကို ဤသို့ နှိုင်းယှဉ်ရမည်။

~ အလိုဆိုးရှိသော, အလိုဆိုးတို့၏ အလိုသို့လိုက်သောပုဂ္ဂိုလ်ကို၊

~ မိမိကိုယ်ကိုမြှင့်တင်တတ်သော, သူတစ်ပါးကိုရှုတ်ချတတ်သော ပုဂ္ဂိုလ်ကို

~ အမျက်ထွက်တတ်သော, အမျက်လွှမ်းမိုးခံရသော, အမျက်ထွက်ခြင်းအကြောင်းကြောင့် ရန်ငြိုးဖွဲ့ တတ်သော, အစွဲကြီးသော, အမျက်နှင့်စပ်လျဉ်းသောစကားကို ဆိုတတ်သော ပုဂ္ဂိုလ်ကို၊

~ စောဒနာသော် စောဒကကို ဆန့်ကျင်ဖက်ပြု့သော, ကြိမ်းမောင်းသော, စောဒကကို အပြစ်ပြန်တင် သော, စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော, အမျက်ထွက်ခြင်း ပြစ်မှားခြင်း ကို ထင်ရှားပြုတတ်သော ပုဂ္ဂိုလ်ကို

~ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်သော, ဂုဏ်ပြိုင်တတ်သော, မနာလိုဝန်တိုတတ်သော, ဟန် ဆောင် လှည့်ပတ်တတ်သော, ခက်ထန်သော, အလွန်မောက်မာသော ပုဂ္ဂိုလ်ကို၊

~ မိမိအယူကို စွဲလမ်းတတ်သော, မြဲမြံစွာယူတတ်သော, မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ်ကို၊

ငါ မချစ်,မနှစ်သက်။ 

ဤသဘောတို့ ငါ့မှာရှိခဲ့သော် ငါ့ကိုလည်း သူတစ်ပါးတို့ ချစ်ခင်နှစ်သက်မည်မဟုတ်ဟု နှိုင်းယှဉ်ရ မည်။

ငါ့သျှင်တို့၊ ဤသို့သိသောရဟန်းသည် ဤသဘောတို့ကို စွန့်လွှတ်နိုင်သူ ဖြစ်အံ့ဟု  စိတ်ကိုဖြစ်စေရ မည်

ငါ့သျှင်တို့၊ ရဟန်းသည် မိမိကိုယ်ကို ဤသဘောတို့ ငါ့၌ ရှိလေသလောဟု ဆင်ခြင်ရမည်။

အကယ်၍ ဤသဘောတို့ မိမိ၌ ရှိသည်ဟု သိအံ့။ ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန် အားထုတ်ရမည်

အကယ်၍ ဤသဘောတို့ မရှိသည်ဟု သိအံ့။ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ နေ့ရောညဥ့်ပါ ကျင့်လျက် ထိုနှစ်သက်ခြင်း, ၀မ်းမြောက်ခြင်းဖြင့်သာလျှင် နေရမည်။" ဟု မိန့်တော်မူ၏။




စာကိုး - ၂၀၁၁ ခုနှစ် ဇွန်လထုတ် အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်းမှ ထုတ်နှုတ်ကူးယူဖော်ပြပါသည်။

No comments:

Post a Comment