"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 24, 2011

နိုင်ငံကူးလက်မှတ်အတွက် ပုံစံ ၁၉ လုပ်မယ်ဆိုရင်

ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်မိတာလေးကို ဖောက်သည်ချ ပြောပြချင်ပါတယ်။

ပုံစံ ၁၉ လုပ်တာနဲ့ပတ်သက်ပြီး ရန်ကုန်ကပွဲစားတွေ လိမ်လည်ပြီးငွေတောင်းနေကြတဲ့သတင်းပါ။

ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ သွားကြမယ့်သူတွေကို ပြည်တွင်းအခွန်ဦးစီးဋ္ဌာနက အခွန်ကင်းရှင်း ကြောင်း ပုံစံ ၁၉ လုပ်ခိုင်းတဲ့နေရာမှာ ပွဲစားတွေက ငွေကျပ်သောင်းချီပြီး လိမ်လည်တောင်းယူနေကြ တယ်ဆိုပါတယ်။ ပွဲစားတွေ စပြောတုန်းကတော့ ရုံးမှာသွားပြီးကိုယ်တိုင်တန်းစီစရာ စောင့်စရာမလိုပဲ
ပုံစံ ၁၉ ရတဲ့အထိ ငွေ ၅၀၀ နဲ့ ၀န်ဆောင်မှုပေးပါမယ်တဲ့။  


ဒါပေမယ့် တကယ့်တကယ်တမ်းလုပ်တဲ့အခါမှာ အစမှအဆုံး ကိုယ်တိုင်ပဲတန်းစီ ကိုယ်တိုင်ပဲစောင့်ကြ ရတယ်ပြောပါတယ်။ အမှန်က ပွဲစားမပါပဲ မိမိဖာသာလုပ်ရင်လဲပဲ အဆင်ပြေတာပါပဲလို့ ကိုယ်တိုင်လုပ်
သူများက ပြောကြပါတယ်။ ပြည်တွင်းအခွန်ဦးစီးဋ္ဌာနက ၀န်ထမ်းတွေက ဘာပြီးရင် ဘာဆက်လုပ်ရ မယ်ဆိုတာ တစ်နေရာပြီးတစ်နေရာ ပြောပြလမ်းညွှန်ပေးကြပါသတဲ့။ ဒါကြောင့်လဲ ကိုယ်ဖာသာလုပ်ကြ သူများ မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေဖြစ်ကြရတယ်လို့ သိရပါတယ်။

နောက်ပြီး ပြည်တွင်းအခွန်ဦးစီးဋ္ဌာနက စိစစ်ရေးရုံးရဲ့ အ၀င်ပေါက်မှာ "ပွဲစား လုံးဝ ၀င်ခွင့်မရှိပါ"ဆိုတဲ့ ဆိုင်ဘုတ်အနီလေး ကပ်ထားတာ တွေ့နိုင်ပါသတဲ့။

ပြည်ပကို သွားကြမယ့်သူများအနေနဲ့ ပုံစံ ၁၉ လုပ်ဖို့

(၁) သန်းခေါင်စာရင်း မူရင်းနဲ့ မိတ္တူ
(၂) နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနဲ့ မိတ္တူ
(၃) နိုင်ငံသားလက်မှတ်ထုတ်ရန် စလစ် မူရင်းနဲ့ မိတ္တူ
(၄) ဓါတ်ပုံ
(၅) ယခင်က နိုင်ငံခြားသို့သွားထားဖူးသူဖြစ်က နိုင်ငံကူးလက်မှတ် မိတ္တူတွေသာ ယူဆောင်လာဖို့ လိုအပ်တယ်ဆိုပါတယ်။

No comments:

Post a Comment