"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, March 19, 2012

သက်တော်ရှည် ဖိုးဗလ

ယနေ့ထုတ် သစထရိတ်တိုင်း(မ်)(The Straits Times)သတင်းစာ၌ “မောင်စကြ၀ဋ္ဌာဟောင်းကြီး(Ex-Mr Universe) အသက် ၁၀၀ ပြည့်ပြီ”ဟူသောခေါင်းစဉ်ဖြင့် အေပီ (Associated Press) သတင်းဋ္ဌာနမှလာ သည့်သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ မောင်စကြ၀ဋ္ဌာဟူသော စကားလုံးကိုတွေ့ရသောအခါ အ နောက်နိုင်ငံသားတစ်ဦးဦးဖြစ်မည်ဟု စိတ်မှအလိုလို တွေးထင်ထားခဲ့မိ၏။ ‘အသက် ၁၀၀’ဆိုကတည်း က အလွန်ပင်စိတ်ဝင်စားနေပြီးဖြစ်ရာ မိမိထင်မှတ်ထားသကဲ့သို့ အနောက်နိုင်ငံသားတစ်ဦးမဟုတ်မူပဲ အာရှတိုက်သားတစ်ဦးဖြစ်ကြောင်း ထပ်ကာသိလိုက်ရသောအခါ အံ့သြခြင်းနှင့်အတူ ဂုဏ်ယူဝမ်းမြောက် ခြင်းပါ ခံစားရမိတာ့၏။

ဒို့အာရှတိုက်သားများထဲမှ“မောင်စကြ၀ဋ္ဌာ”ဘွဲ့ရခဲ့ဖူးတာ အရှိသားကလား။ 

 

မောင်စကြ၀ဋ္ဌာဟောင်းကြီး ဖိုးသက်ရှည်။ ဓါတ်ပုံ - အင်တာနက်။
မောင်စကြ၀ဋ္ဌာဘွဲ့ရခဲ့စဉ်က ဖုကြွလုံးထစ်ကိုယ်ဟန်နှင့် ယခုဖိုးဗလ။ ဓါတ်ပုံ - အင်တာနက်။

 

သူ့အမည်မှာ မစ္စတာမာနိုဟာအိုက်ခ်ျ(Mr Manohar Aich)ဟုခေါ်ပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံမြို့ တော် ဒါ ကားမှ အရှေ့ တောင်ဖက် ကီလိုမီတာ ၁၀၀ ခန့်ဝေးသော ကိုမီးလားခရိုင်ရှိ မြို့ ငယ်လေးတစ်မြို့ တွင် မွေးဖွားခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံကိုလ်ကာတားမြို့ ၌ မြေးမြစ်တို့ခြံရံလျက် မိသား စုများနှင့်အတူ သူ၏အသက်ရာပြည့်မွေးနေ့ကို တပျော်တပါးကျင်းပခဲ့လေသည်။ 

မစ္စတာမာနိုဟာအိုက်ခ်ျသည် ၁၉၅၀ ခုနှစ်က မောင်ဟာကျူလီဘွဲ့ (Mr Hercules) ရရှိခဲ့ပြီး ၁၉၅၁ ခုနှစ် တွင် မောင်စကြ၀ဋ္ဌာဘွဲ့ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရ၏။ သို့တစေ ၁၉၅၂ ခုနှစ်တွင်မူ သူ မျှော်လင့်အထား ဆုံး “မောင်စကြ၀ဋ္ဌာ”ဘွဲ့ကို လက်ဝယ်ပိုင်ပိုင် ရယူနိုင်ခဲ့တော့၏။  အိန္ဒိယနိုင်ငံအား စော်စော်ကားကား ပြောသည့် အင်္ဂလိပ်စစ်ဗိုလ်၏ပါးကိုရိုက်ခဲ့သည့် မစ္စတာမာနိုဟာအိုက်ခ်ျ၏လက်သည် အင်္ဂလိပ်တို့၏မြို့  တော်လန်ဒန်၌ပင် “မောင်စကြ၀ဋ္ဌာ”ဘွဲ့ကို ဆွတ်ခူးပွေ့ပိုက်နိုင်ခဲ့သည်။

အသက်ရှည်ကျန်းမာခြင်းနှင့်ပတ်သက်၍ သူက - “နွာနို့ ငါး သစ်သီးသစ်ရွက်တွေနဲ့ထမင်းစတဲ့ ရိုးရိုးအ စားအစာတွေပဲ စားပါတယ်။ ဆေးလိပ်တို့ အရက်တို့ဆို လက်ဖျားနဲ့တောင် မတို့ဘူး။ နောက်ပြီး ဘ၀မှာ ဘယ်လိုအခြေအနေကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ပျော်ပျော်နေခဲ့တာပဲဗျ ” ဟု ပြောခဲ့သည်။

…………..

 

ကဲ - လေးစားရပါသော စာဖတ်သူများခင်ဗျား၊

မကြာခင်ကပဲ ကျွန်းသာယာမှာ စာရေးသူရေးခဲ့တာလေး သတိရစေချင်ပါတယ်။

‘အနှစ်တစ်ရာခံပစ္စည်း’ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပေါ့။

အချိန်ရရင် ပြန်ဖတ်ကြည့်ပြီး အသက် ၁၀၀ နေဖို့ရာဟာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဖူးဆိုတာ လေးလေးနက်နက်ယုံကြည်ကြဖို့ပါ။

No comments:

Post a Comment