"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 11, 2012

လူငယ်လူလတ်ပိုင်း မသန်စွမ်းဖြစ်မှု

မိမိသည် အကြောအဆစ်ကုပညာရှင် (physiotherapist) တစ်ဦးအနေဖြင့် အရိုး အကြောအဆစ် ဦး နှောက်နှင့်အာရုံကြောဆိုင်ရာလူနာများအား ဆေးရုံနှင့်မသန်စွမ်းသူများကျောင်း (special education school)တို့၌ နှစ်ပေါင်း ၄၀ ကြာတိုင် ကြီးထွားဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေးကုသမှုများ (habi- litation and rehabilitation treatment) လုပ်ဆောင်ပေးခဲ့ရသည်။ မိမိ၏လူနာများတွင် မွေးကင်းစ မှ လူငယ် လူလတ် လူကြီးနှင့် အသက် ၁၀၀ ကျော် သက်ကြီးရွယ်အိုများအထိ ရှိခဲ့လေသည်။

ပြီးခဲ့သောတနင်္ဂနွေနေ့က မသန်စွမ်းဖြစ်သည့်ကျောင်းသူမလေး၏ဘ၀ဇာတ်ကြောင်းကို ဖော်ကျူးထား သည့် ဂျပန်ရုပ်ရှင်ကားတစ်ကား (1 Litre of Tears)ကို ကြည့်ရသောအခါ သားသမီးရှိသည့်မိဖတစ်ဦး အနေဖြင့် မိမိ၏ရင်တွင်း၌ ဆို့ဆို့နင့်နင့်ကြီး ခံစားခဲ့ရသည်။ တစ်ခါ ရန်ကုန်မြို့  သမိုင်း ရှိ မသန်စွမ်းလူနာ များဆေးရုံ (Hospital for the Disabled) တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က မိမိ၏လူနာဖြစ်ခဲ့သော က လေးမလေးနှစ်ဦးအား သတိတရ ဖြစ်မိသေး၏။ နှစ်ဦးစလုံးမှာ အောက်ပိုင်း(ခြေထောက်နှစ်ဖက်) ချိနဲ့ ခြင်း ဝေဒနာကို ခံစားကြရသူများဖြစ်ကြလေသည်။ ဂျိုင်းထောက်အကူဖြင့်လမ်းလျောက်ကြရ၏။ ထိုစဉ် က သူတို့နှစ်ဦးစလုံး၏အသက်များမှာ ဂျပန်ရုပ်ရှင်ကားထဲမှကျောင်းသူမလေး၏အသက်နှင့် တိုက်တိုက် ဆိုင်ဆိုင်ပင် တူနေသေးတော့၏။ ၁၃ နှစ် .. ၁၄ နှစ် အရွယ်လေးများ။

 

မသန်စွမ်းကုသရေးကျောင်းဆောင်သို့ ပြောင်းလာပြီးနောက် ....
လေးချောင်းထောက်အားပြုကရိယာဖြင့်သာ လျောက်နိုင်တော့၏။
စာရေးရန် ခက်ခက်ခဲခဲ အားထုတ်နေစဉ် ....၊

 

တစ်ဦးသောမိန်းကလေးက စာရေးသူ ယင်းဆေးရုံတွင်ရှိနေဆဲ မကားအိုး(Macao)သို့ အပြီးအပိုင်ပြောင်း ရွေ့ သွားလျက် နောက်တစ်ဦးကား ရန်ကုန်မြို့ တွင်ရှိပြီး အိမ်ထောင်ရက်သားကျသွား၏။ ယင်းကလေး မလေးနှင့်ပတ်သက်ပြီး မှတ်မှတ်သားသားရှိခဲ့သည်ကိုလည်း ပြန်လည် သတိရမိသေး တော့။ တစ်ရက် တွင်စာရေးသူက သူမ၏ခြေထောက်လေးများအား လှုပ်ရှားလေ့ကျင့်ပေးနေစဉ် စာရေးသူ၏နဖူးနေရာ ကို လက်ညှိုးဖြင့်ပြရင်း သူမက “က ကြီး”ဟု ပြောလိုက်လေရာ ရုတ်တရက်ဘာကိုဆိုလိုမှန်း မသိလိုက် ပေ။ နောက်မှ မိမိ၏နဖူးပေါ်ရှိဆံပင်များက “က ကြီး”ပုံ ကွေးကွေးကောက်ကောက်ရှိနေသည်ကို ပြော ခြင်းဖြစ်ပါလေ၏။ ဆရာ့ဆံပင်တွေက “က ကြီး”ပုံလို ကွေးကွေးကောက်ကောက်လေး ဟူသတတ်။

ထိုကလေးမလေးနှင့်ပတ်သက်ပြီး နောက်တစ်ခုမှတ်မိနေသေး၏။ တစ်ရက်တွင် လှုပ်ရှားလေ့ ကျင့်ပေး နေစဉ် သူမ၏မျက်ဝန်းတွင် မျက်ရည်ဥများတွဲခိုနေသည်ကိုတွေ့ရသဖြင့် စာရေးသူက “နုနုရည် ငိုနေတာ များလား” ဟုမေးကြည့်ရာ သူမပြန်ဖြေလိုက်ပုံလေးက ပညာသားပါလှသဖြင့် မိမိမှာ တအံ့တသြပင် ဖြစ် သွားခဲ့ရပါသည်။ 

“ချွေးထွက်တာပါ ဆရာ” တဲ့။ မျက်လုံးထဲက ထွက်တဲ့ချွေးဆိုပါလား။ အကြောအဆစ်ဆိုင်ရာလှုပ်ရှားလေ့ ကျင့်မှုများပြုလုပ်ရာတွင် တစ်ခါတစ်ရံ နာကျင်မှုဖြစ်တတ်သဖြင့် နားလည်ပေးလိုက်ရပါ၏။ မကား အိုးသို့ ပြောင်းရွေ့ သွားသောကလေးမလေးသည် မိမိထံသို့ ပို့စကတ်များ ပို့ပေးခြင်းနှင့်လေယာဉ်စာအိတ်အပြာ ရောင်လေးများဖြင့် စာနှစ်စောင်ခန့်ရေးပြီး အဆက်ပြတ် သွားခဲ့ပါတော့သည်။ သူတို့ လေးတွေအားလုံး ယခုအချိန်ဆို သားနှင့်သမီးနှင့် အိမ်ရှင်မကြီး များဖြစ်ကုန်ကြလောက်ပြီဖြစ်သည်။

ပြီးခဲ့တဲ့တစ်ပတ်ကျော်က သောကြာနေ့မှာ စာရေးသူ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် သူ့ပခုံးနာနေတာ ကို စာရေးသူထံသို့ လာရောက်တိုင်ပင်ခဲ့သည်။ စာရေးသူက မေးမြန်းကြည့်ရှုပြီးနောက် လက်ပြင်ရိုးအ ပေါ်ဖက်ကကြွက်သား (supraspinatus muscle)သို့မဟုတ် ပခုံးကြွက်သား(upper trapezius muscle)ဖစ်နိုင်ကြောင်း၊ အရိုးနှင့်အဆစ်ဖြစ်မည် မထင်ကြောင်းတို့ ပြောပြပြီး သူကိုယ်တိုင်လုပ်နိုင်မည့် ကုသ လေ့ကျင့်နည်းအချို့ (ရေနွေးအိတ်ကပ်၊ လက်မောင်းကို ငြင်သာစွာဘေးဘက်သို့ မ,တင်ပေးခြင်း abduction) ပြပေးလိုက်၏။ အကယ်၍ ညဖက်တွင်သိပ်နာပါက အကိုက်အခဲပျောက်ဆေးသောက်သင့် ကြောင်းပါ အကြံပြုလိုက်၏။ သူကိုယ်တိုင်က ဆေးဘက်ပညာရှင် (allied health professional) ဖြစ် နေသဖြင့် ဆေးပညာဝေါဟာရများဖြင့်ရှင်းပြရသည်။ တနင်္လာနေ့မှာ သူ ဆေးခွင့်ယူခဲ့ပြီး အင်္ဂါနေ့တွင် တွေ့ရသောအခါ အကျိုးအကြောင်းမေးကြည့်မိရာ သူက “မစ္စတာအေးပြောတဲ့အတိုင်းပဲ ဆရာဝန်ကပြော ပါတယ်”ဟု ပြောပါသည်။

ထိုလုပ်ဖော်ကိုင်ဖက်သည် လူရွယ်တစ်ဦးဖြစ်ပြီး နာတာရှည်ခါးနာဝေဒနာ (chronic low back pain) လည်းရှိနေပေရာ စာရေးသူအား မကြာမကြာမေးမြန်းတိုင်ပင်တတ်သည်။ ခါးနာသူများအတွက် အထူးပြု လုပ်ထားသည့်ထိုင်ခုံကို သူ့ဖာသာဝယ်ယူလျက် အလုပ်တွင်အသုံးပြုနေရ၏။ အချို့ သောလူရွယ်လူလတ် များသည် အသက်အားဖြင့် ၃၀ ခန့်သာရှိသေးသော်ငြားလည်း ခါးနာတတ် ဒူးနာတတ်ပြီး ကျန်းမာရေး ကောင်းသော အသက် ၅၀ ကျော် ၆၀ ကျော်လူကြီးများလောက်ပင် ပစ္စည်းများ မမ,နိုင်ကြ မသယ်နိုင် ကြ။ လှေကားအတက်အဆင်း ကောင်းစွာမလုပ်နိုင်ကြ။ ဒူးကွေးပြီး ဆောင့်ကြောင့်ထိုင်ခြင်းနှင့်တင်ပျဉ် ခွေထိုင်ခြင်းများ မလုပ်နိုင်ကြ။ ယင်းသို့ သောအလုပ်များကို အခြားသောသက်တူရွယ်တူများနှယ် မလုပ် နိုင်ကြသဖြင့် ကြောက်ရွံ့ စွာ ရှောင်ရှားတတ်လေ့ရှိကြ၏။  

ရောဂါဝေဒနာကြောင့် ငယ်ငယ်ရွယ်ရွယ်လေးဖြင့် အသက်နှင့်မလိုက်အောင် မသန်မစွမ်းမှုဖြစ်ရသော နောက်လူနာတစ်ဦးအကြောင်း ပြောပြချင်ပါသေးသည်။ ထိုအချိန်က သူ့အသက်မှာ ၁၅ နှစ် ၁၆ နှစ်ခန့် သာရှိပါဦးမည်။ လူပုံက ဖြူဖြူပါးပါးလေး။ သို့သော် သူ့စိတ်ဓါတ်ကား သူ့ ခန္ဓာကိုယ် အချိုးအစားနှင့်မ လိုက်အောင် မာကြောမှုရှိ၏။ အထိုင်အထ အရွှေ့ အပြောင်းလုပ်လိုက်တိုင်း ခံစားရသည့် နာကျင်မှုဝေဒ နာအား မငြီးငြူပဲ အံကြိတ်ပြီးခံလေ့ရှိသော သူ့မျက်နှာလေးကို ယနေ့တိုင်မြင်ယောင်မှတ်မိနေဆဲပင်ရှိပါ ၏။ အာဂ သတ္တိခဲလေးပါပေ။ ဤလူငယ်လေး ခံစားနေရသည်မှာ ပုံမှန်အားဖြင့်လှုပ်ရှားနေသောအဆစ် များ ‘၀ါးဆစ်’များကဲ့သို့ ခိုင်သွားသော Juvenile Ankylosing Spondylitis ရောဂါဖြစ်လေသည်။ လည် ပင်း ကျော ခါးနှင့်တင်ပါးအဆစ်များတွင်ဖြစ်ကြ၏။ ဂျိုင်းထောက်ဖြင့် လမ်းလျောက်ရပြီး ဂျိုင်းထောက် မသုံးက သုံးလေးလှမ်းမျှသာ လျောက်နိုင်၏။

ယခုတလော သူ့ကိုပိုပြီးသတိရမိစေသည့်အကြောင်းမှာ တီဗွီကနေ့စဉ်လိုပြသနေသော ဒေးဗစ်ချန်း (David Chiang) နှင့် တိလုံ/တီလုံး (Ti Lung) တို့၏ တရုတ်သိုင်းကားများကြောင့်ဖြစ်သည်။ ကြည့်မြင် တိုင်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် စာရေးသူတာဝန်ထမ်းဆောင်နေသည့် ၁၉၈၀ ပြည့်နှစ်များက ယင်းသိုင်းကားအတော်များများကို နံနက်မိုးလင်းမှညနေမိုးချုပ်သည်အထိ တစ်ကားပြီးတစ်ကား တစ် နေ့လုံး ထိုင်ရာမထ ကြည့်ခဲ့ဖူးသည်။

သို့သော် ရုပ်ရှင်ရုံမှာ မဟုတ်။ ဗွီဒီယိုရုံမှာလည်း မဟုတ်။ ရန်ကုန် ၃၇ လမ်း(အထက်ဘလောက်) ရှိ အ ထက်ကလူနာဖြစ်သူ မောင်ခင်မောင်တို့အိမ်မှာပင်ဖြစ်၏။ မောင်ခင်မောင်၏မိခင်ကြီးက စာရေးသူနှင့် အခြားတစ်ဦး(မောင်ခင်မောင်အား ကုသပေးနေသော အကြောအဆစ်ကုပညာရှင် ဦးဝင်းမောင်)တို့ကို အိမ်မှာဖိတ်ပြီး အခွေများငှား၍ အပေါ်ထပ်၌ ပြသခဲ့ခြင်းဖြစ်သည်။ နေ့လည်စာ ညနေစာ လက်ဘက်ရည် နှင့်မုန့်များကို အနီးအနားရှိတရုတ်စားသောက်ဆိုင်များ(အ ရှောင်၊ စိန်နဂါး) တို့မှ မှာကျွေးလေသည်။ 

ဘယ်ဘ၀က ကုသိုလ်ဟု ပြောရပါလိမ့်။         

တရုတ်သိုင်းကားများ တစ်နေ့လုံးကြည့်ပြီး ညပိုင်းအိမ်သို့ပြန်လာသောအခါ မျက်စိထဲတွင် ခုန်ပျံကျော် လွှားထိုးနှက်တိုက်ခိုက်ပုံများကို မြင်ယောင်နေမိလျက် နားထဲတွင်မူ ထိုးနှက်တိုက်ခိုက်ရင်းအော်သည့် ကြုံးဝါးသည့် တရုတ်သံစူးစူးဝါးဝါးများအား စွဲစွဲမြဲမြဲကြားနေရတော့၏။

ဤစာ၏အစ၌ရေးခဲ့သည့်ဂျပန်ရုပ်ရှင်ကားထဲမှ ကလေးမလေး၏ မသန်စွမ်းဖြစ်မှုအခက်အခဲများအား မည်သို့မည်ပုံရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့ကြောင်းကို ကြည့်ကြပါဦးစို့။ 

 

မျက်စိမှိတ်ပြီး နှာသီးဖျားကို လက်ထိပ်ဖြင့်မထိနိုင်ပေ။

 

မွေးရာပါဦးနှောက်ဆဲချွတ်ယွင်းတဲ့ရောဂါဖြစ်တယ်။
သမီးလေး၏ကျန်းမာရေးအတွက် စိုးရိမ်သောကဖြစ်ရပြီ။

 

သူ့အသက် ၁၄ နှစ်မှာ ကျောင်းကိုသွားရင်း ချော်လဲကျပြီး မေးစေ့မှာ ဒဏ်ရာရခဲ့၏။ သူ ချော်လဲကျစဉ် က ပုံမှန်အတိုင်းလက်ဖြင့်မထောက်မိပဲ မေးဖြင့်တိုက်ရိုက်ကျတာကြောင့် ဆရာဝန်က သံသယရှိသဖြင့် အထူးကုဆရာဝန်နှင့်ပြသရန် တိုက်တွန်းခဲ့၏။ အထူးကုဆရာဝန်က သူမကို လက်ချောင်းထိပ်ဖြင့် နှာသီး ဖျားကိုထိခြင်း (finger-to-nose test)နဲ့ ခြေထောက်တစ်ချောင်းတည်းအပေါ်မှာ မတ်တတ်ရပ်စေခြင်း (one-leg standing test) စသည့်စမ်းသပ်မှုများလုပ်ခိုင်းပြီးနောက် စီတီစကဲန်း(CT scan)လုပ်ဖို့ ညွှန် ကြားခဲ့၏။ ဦးနှောက်၏ ‘ဆဲရီဘယ်လန်’ အစိတ်အပိုင်း (cerebellum)တွင်ချွတ်ယွင်းမှုတွေ့ခဲ့ပြီး spino- cerebellar ataxia ရောဂါဖြစ်နေကြောင်းပြောပါသည်။ ယင်းရောဂါကြောင့် သွားလာလှုပ်ရှားမှုဆိုင် ရာအခက်အခဲများဖြစ်ရကြောင်း၊ နောင်တွင် လမ်းမလျောက်နိုင် မတ်တတ်ပင်မရပ်နိုင်တော့ပဲ လက်အ သုံးချမှုနှင့်စကားပြောဆိုမှုများကိုပါ ထိခိုက်လာမည်ဖြစ်ကြောင်းကို ရှင်းပြလေသည်။      

သည့်အပြင် အိပ်ယာပေါ်တွင်ကြာရှည်လဲလှောင်းနေရသဖြင့် အဆုတ်ထဲရေ၀င်သောရောဂါဖြစ်တတ် ကြောင်း၊ ရောဂါဖြစ်ရသည့်အကြောင်းရင်းကို မသိရသဖြင့် ကုသပေးနိုင်သည့်ဆေးလည်း မရှိသေး ကြောင်း၊ သို့တစေ အခြေအနေဆိုးဝါးလာခြင်းသည် နေ့ချင်းညချင်းဖြစ်လာကြမည်မဟုတ်ကြောင်း ဆရာဝန်က မိခင်ဖြစ်သူအားပြောပြခဲ့၏။ ကလေးမလေး(အသက် ၁၅ နှစ်)ကိုမူ အထက်တန်းကျောင်း သို့ရောက်ပြီဖြစ်သဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောလျက် ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ပေးပြီး နေ့ စဉ်အတွေ့အကြုံများကို မှန်မှန်ရေးရန်မှာကြားလိုက်သည်။ တဖန် ယခုအခါမှာ လမ်းလျောက်နိုင်သော် လည်း ခြေလှမ်းကောင်းကောင်းမမြဲသဖြင့် ဆေးရုံသို့မကြာခဏလာပြရန်လိုကြောင်း၊ သွားလာလှုပ်ရှား မှုတွင် အခက်အခဲများတွေ့ရမည် ဖြစ်ကြောင်း၊ လူတိုင်းလူတိုင်း၏ဘ၀မှာ အခက်အခဲ ဆိုတာရှိကြစမြဲ ကြောင်း ဆရာဝန်က ရှင်းပြရင်းအားပေးစကားပြောပါသည်။

 

လှေကားမှာ သူငယ်ချင်းက ဖေးကူပေးလျက် ...
သေသေချာချာသတိမထားရင် လဲကျနိုင်တယ်။

 

မြန်မြန်စားရင် တစ်ခါတစ်ခါ ထမင်းနင်တတ်တယ်။

သူမအသက် ၁၆ နှစ်သို့ရောက်သောအခါ လှေကားတက်ဆင်းရာတွင် သိသိသာသာအခက်အခဲများရှိ လာသဖြင့် သူငယ်ချင်းများက ဖေးမကူညီရ၏။

 

ဆက်ပြီးရေးပါဦးမည်။

 

1 comment:

  1. "Excellent Post" Saya TMA!
    I expect more of the same like this from you, so that people will be aware that how much they were blessed by the Lord Buddha everyday for making their body parts functioning properly!!!

    Normally, most of the people don't realize the true value of the things until they lose those!!! We all take all of our daily convenient things as granted in our lives. That's the common character of average people:-)))))

    Also, by the way, please encourage Burmese people in Singapore to swim as much as they can. Swimming is one of the top exercises which benefit to our body parts amazingly if we practice that daily or often. Singapore has plenty of swimming pools deliberately built by Mr. LKY government for better health of his Singaporean people and so, take that advantage seriously everyone of Shwe people currently living in Singapore!

    ReplyDelete