"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 15, 2014

ထူးခြားသတင်း (၂)




၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်နေ့။ 





  • လယ်တောသူ အလှမယ်ပြိုင်ပွဲ



သတင်းဓာတ်ပုံ - မြန်မာတိုင်း(မ်)။



အဖိုးတန် ဒီဇိုင်းနာအ၀တ်အစားများ၊ ဒေါက်မြင့်ခုံဖိနပ်များ၊ မိတ်ကပ်ခြယ်မှုန်းခြင်းများ အလျဉ်းမပါဘဲ ချည် ထည်ရင်စေ့အင်္ကျီနှင့်ချည်ထမီတိုတိုဝတ်ပြီး ရိုးရာဝါးခမောက်ကိုဆောင်းကာ သနပ်ခါးဘဲကျားရိုက်လို့ ခြင်း တောင်းကိုယ်စီ ခါးမှာသယ်ရင်း မမြောက်မကြွ တင်မလိမ်မကော့ကြပဲ မြန်မာအမျိုးသမီးပီပီ ပြိုင်ပွဲဝင်ခဲ့ကြ ကြောင်း မြန်မာသတင်းမီဒီယာအများအပြားမှာ တွေ့ရပါသည်။   


ဘဲကျားရိုက် (အသံထွက် - ဗဲဂျားယိုက်) = သနပ်ခါးကို မျက်နှာတွင် ကွက်တိကွက်ကျား လိမ်းသည်။



  • ခြေချင်းဝတ်ဒဏ်ရာကို နတ်ပွဲပေးကုသော မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး


မြန်မာ့လက်ရွေးစင်ဘောလုံးသမား တိုက်စစ်မှူးဖြစ်သော ကြည်လင်သည် သူ၏ခြေချင်းဝတ်ဒဏ် ရာကို သူ့မိခင်၏တိုက်တွန်းချက်အရ သူ့အိမ်ရှေ့ မှာ နတ်ကနားပွဲကြီးစည်စည်ကားကားပေးပြီး ရပ် ဝေးရပ်နီးမှ လာရောက်ကြည့်ရှုကြသူ ပရိသတ်အများအပြားရှေ့ တွင် နတ်ဆရာကြီးဦးတင်ဝင်းနှင့် ကုသမှုခံယူခဲ့ကြောင်း မြန်မာတိုင်း(မ်)မှာ ဖတ်လိုက်ရသည်။





၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်။ (21 March 2014 Friday) 



  • လမ်းဘေးတွင်ရပ်ထားသော ပိုင်ရှင်မဲ့ကားများ


မတ်လ ၄ ရက်နေ့က မန္တလေးမြို့ ရှိ လေးပြုပြင်ရေးဆိုင်တစ်ဆိုင်တွင် သော့ခတ်မထားသော Citica အနက် ရောင် ကားတစ်စီးပြုပြင်ရန်အပ်ထားခဲ့ပြီးနောက် လာရောက်ဆက်သွယ်ခြင်း လုံးဝမရှိတော့ကြောင်းနှင့် ချမ်းမြသာစည်မြို့ နယ် မြို့ သစ် ၂ ရပ်ကွက် ၆၁ လမ်းနှင့် ၆၆ လမ်းကြားရှိ ကားဘော်ဒီရုံတွင်လည်း Mark II အဖြူရောင် ကားတစ်စီးကို ပိုင်ရှင်မဲ့ရပ်ထားသဖြင့် အမှတ် ၁၁ ယာဉ်ထိမ်းရုံးက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြားသိရသည်။ 






  • အမျိုးသမီးဗိုလ်လောင်းသင်တန်းဖွင့်


ဓာတ်ပုံ - မြ၀တီ (ကြေးမုံသတင်းစာ၊ ၂၁ ရက် မတ်လ ၂၀၁၄)


မှော်ဘီတပ်နယ်မြေရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းတွင် သမိုင်းတစ်ခေတ်ဟု ခေါ်ဆိုနိုင်သည့် မြန်မာ့ပထမဦးဆုံးသော အမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁) ကို ဖွင့်လှစ်ကာ လေ့ကျင့်သင် တန်းပေးနေပြီဖြစ်ကြောင်း သိရှိရသည်။ 



  • ငါးဖမ်းစက်လှေ မီးပြတိုက်ကို ၀င်တိုက်


ဓာတ်ပုံ - ကျော်မြင့်အေး (ပြန်/ဆက်)၊ ကြေးမုံ၊ ၂၁ ရက် မတ်လ ၂၀၁၄။


မတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က သင်္ဘောတစ်စီးမှ တွဲခေါ်လာသော ငါးဖမ်းစက်လှေတစ်စီးသည် အရှိန်မထိမ်းနိုင်ဘဲ ခနောင်တိုမီးပြတိုက်ကျောက်ဆောင်အား ၀င်တိုက်မိပြီး တိမ်းစောင်း နစ်မြုပ်သွား ကြောင်း ကြားသိရသည်။




  • ဖာရင်ဟိုက်လား စင်တီဂရိတ်လား




ယနေ့ထုတ်ကြေးမုံသတင်းစာ စာမျက်နှာ ၁၄ မှာ အထက်ပါဓာတ်ပုံသတင်းလေးကို မိမိ အမှတ်မထင် ဖတ်မိသောအခါ သတင်းပေးပို့သူက မှားပြီးရေးလိုက်မိသလို သတင်းတည်းဖြတ်ထည့်ပေးသူ အယ်ဒီ တာကလည်း မျက်စိမှောက်သွားကြောင်း သိလိုက်ရသည်။ 






အပူချိန်ပြ ဖာရင်ဟိုက်ဒီဂရီနှင့်စင်တီဂရိတ်ဒီဂရီတို့ကို မှားရေးလိုက်ကြောင်း အထက်ပါမိုးလေ၀သ သတင်းအရ သိနိုင်ပါ၏။  





  • အစိုးရ၀န်ထမ်း လစာ ၂၀၀၀၀ိ စီ တိုးပေးမည်


လာမည့် ဧပြီလ ၁ ရက်နေ့မှစပြီး အစိုးရ၀န်ထမ်းများ၏ လစာအား ကျပ်နှစ်သောင်းစီ တိုးပေးသွားရန် ၂၀၁၄-၂၀၁၅ ဏ္ဍာနှစ် နိုင်ငံတော်၏အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းရေးဆွဲ ထားကြောင်းကို ဘဏ္ဍာရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် မတ်လ ၂၁ ရက်နေ့က ပြောကြားသွားကြောင်း ကြားသိရသည်။ 







  • ဗုဒ္ဓရုပ်ပွားတော် ပျားစွဲ 



































No comments:

Post a Comment