"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 30, 2014

မြန်မာပြည်ကိုချစ်သော ပါမောက္ခ ဒေါက်တာပိ(တ)





၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်




ဆရာကြီး ပါမောက္ခ မစ္စတာပိ(တ)နှင့်မြန်မာအကြောအဆစ်ကုပညာရှင်ကြီးများ (မတ်လ၊ ၂၀၁၄)

ရှေ့ တန်း (၀ဲမှ) - ဒေါ်လဲ့လဲ့ဆွေ၊ ဒေါ်ခင်ခင်ထွေး (ဆရာဦးဝင်းထိန်၏ဇနီး)၊ ဒေါက်တာပိ(တ)နှင့်ပါလာသူ၊ ဦးဝင်းထိန်၊ ဒေါက်တာပိ(တ)၊  ဒေါက်တာပိ(တ)နှင့်ပါလာသူ နှစ်ဦး၊ ဦးတင်အောင်။

နောက်တန်း (၀ဲမှ) - ဒေါ်ဇင်လဲ့ဦး၊ ဦးကြီးမောင်၊ ဦးသာဇံ၊ ဦးထွန်းမြင့်၊ ဦးတင်မြင့်၊ ဦးမောင်မောင်မြင့်၊ ဦးတင်လှိုင်စိုး၊ ဦးသိန်းလွင်။


ဆရာကြီး ပါမောက္ခ မစ္စတာပိ(တ)ကို ဂုဏ်ပြုဧည့်ခံသည့် နေ့လည်စာစားပွဲ (မတ်လ ၂၀၁၄)
ဝဲမှ - ဦးတင်မြင့်၊ ဦးထွန်းမြင့်၊ ဒေါ်ခင်ခင်ထွေး၊ ဒေါ်လဲ့လဲ့ဆွေ၊ ဦးသိန်းလွင်၊ ဦးသာဇံ။



ပြီးခဲ့သောအပတ်က ဆရာကြီး ပါမောက္ခ မစ္စတာပိ(တ) မြန်မာပြည်သို့ လာသွားကြောင်းကို မိတ်ဆွေတစ်ဦးမှ အီးမေးပို့အကြောင်းကြားပေးသဖြင့် သိခဲ့ရသည်။ ကျေးဇူးလည်း တင်ရ၏။ 

သတင်းနှင့်အတူ ဓာတ်ပုံများပါတွဲပြီးထည့်ပေးလိုက်သဖြင့် ပိုပြီးအမှတ်တရဖြစ်ရသေးသည်။ ဆရာကြီးနှင့်အ ခြားသောမိတ်ဆွေများ ကျန်းကျန်းမာမာရှိကြကြောင်းတွေ့မြင်ရသဖြင့်လည်း အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိ၏။

ဆရာကြီးအနေဖြင့် မြန်မာပြည်ကို မည်မျှချစ်သနည်းဆိုသည်ကို နှစ်စဉ်နှစ်တိုင်းလိုလို မြန်မာပြည်သို့ တစ်ဦး တည်းဖြစ်စေ၊ သူဇနီးရှိစဉ်က ဇနီးသမီးတို့နှင့်အတူဖြစ်စေ၊ သည့်နောက်ပိုင်းတွင် သူအလုပ်လုပ်ကိုင်နေသော Queen's University မှ သူ၏တပည့်များ လုပ်ဖော်ကိုင်ဖက်များနှင့်ဖြစ်စေ လာရောက်လေ့ရှိခြင်းက သက်သေ ခံနေပါသည်။ တစ်ချို့ သောနှစ်များတွင် တစ်နှစ်တည်းကို နှစ်ခေါက် လာတတ်ပါသေး၏။





ဆရာကြီး၏နာမည်အပြည့်အစုံမှာ မာလ်ကမ်းပိ(တ) Malcolm Peat ဖြစ်ပြီး အင်္ဂလိပ်လူမျိုးဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ အကြောအဆစ်အထူးကုပညာရပ် (Physiotherapy) ဖြင့် MCSP နှင့် MEd ဘွဲ့များရရှိခဲ့ ကာ ခန္ဓာဗေဒ နှင့်ဆဲလ်ဇီဝဗေဒဘာသာရပ်များ (Anatomy and Cell Biology) ဖြင့် မဟာသိပ္ပံနှင့်ပါရဂူဘွဲ့များကို ကနေဒါနိုင် ငံ မာနီတိုးဘားတက္ကသိုလ်(University of Manitoba) မှ ရရှိခဲ့ပါသည်။ အင်္ဂလန်နိုင်ငံသားဖြစ်သော ဆရာကြီး သည် နောက်ပိုင်းတွင် ကနေဒါနိုင်ငံသို့ အပြီးအပိုင်ပြောင်းရွေ့ နေထိုင်ခဲ့ပါသည်။



ဆရာကြီးသည် ယူနိုက်တက်ကင်န်းဒန်းတွင် အစိုးရ၀န်ထမ်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၀န်ထမ်း အဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့ပြီး မသန်စွမ်းမှုပြန်လည်ထူထောင်ရေးဆိုင်ရာ တက္ကသိုလ် ပ ညာရေး၊ လူထုအခြေပြု မသန်စွမ်းမှုပြန်လည်ထူထောင်ရေး (Community-based Rehabilitation - CBR) နှင့်လူမှုအဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးရေး (Community Development) အစရှိသည့် စီမံကိန်းများအား ဦးဆောင် လုပ်ကိုင်ခဲ့သော နိုင်ငံတကာအတွေ့အကြုံ ကျယ်ကျယ်ပြန့်ပြန့်ရှိသူတစ်ဦးဖြစ်သည်။ သို့အတွက်ကြောင့်လည်း ဂုဏ်ထူးဆောင်ဆေးပညာရပ်ပါရဂူဘွဲ့နှင့်သိပ္ပံပညာရပ်ပါရဂူဘွဲ့များကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရလေသည်။ 


မိမိသည် ဆရာကြီးအား သုံးလေးကြိမ်ခန့်တွေ့ခဲ့ဖူးပါသည်။ မှတ်မှတ်ရရအနေဖြင့် မြန်မာပြည်တွင် တစ်ကြိမ် နှင့် စင်ကာပူနိုင်ငံတွင် နှစ်ကြိမ်ဖြစ်သည်။ မိမိထက် အသက်နှင့်ဝါကြီးသော ဆရာကြီး၏မြန်မာတပည့်များက ဖိတ်ခေါ်သဖြင့် လိုက်ပါသွားကာ တွေ့ဖူးခြင်းဖြစ်သည်။ ဆရာကြီးအားပထ မဦးဆုံးတွေ့ဖူးသည်မှာ မြန်မာပြည် တွင်ဖြစ်သည်။ သူ တည်းခိုရာ မြို့  ထဲကဟိုတယ်တွင်ဖြစ်၏။ 

ဆရာကြီးသည် မြန်မာပြည်ကိုလာသောအချို့ အခေါက်တွေမှာ မြန်မာအကြောအဆစ်ကုပညာရှင်များကို သင် တန်းပို့ချပေးလေ့ရှိပါတယ်။ ယခုတစ်ခေါက်လာတာကလဲ သူအလုပ်လုပ်နေတဲ့ Queen's University အနေနဲ့ အကူအညီပေးဖို့ရာအတွက် ရှေ့ ပြေးလာခြင်းလို့ သိရပါတယ်။ မြန်မာပြည်မှာလိုအပ်နေတဲ့ မသန်စွမ်းမှုပြန် လည်ထူထောင်ရေးဆိုင်ရာ တက္ကသိုလ်ပညာရေးနဲ့လူထုအခြေပြု မသန်စွမ်းမှုပြန်လည်ထူထောင်ရေး (CBR) ဌာန လာဖွင့်ဖို့ဖြစ်တယ်။ နောက်တစ်ခေါက်လာတဲ့အခါကျန်းမာရေးဝန်ကြီးနဲ့ တွေ့ဖို့အစီအစဉ်ရှိတယ် ဆိုပါ တယ်။

အခုအခါမှာ မြန်မာပြည်ကို နောက်တစ်ခေါက်လာဖို့လုပ်ရာမှာ ဗီဇာအခက်အခဲတွေ့နေရတယ်လို့ ဆရာဦး ကြီးမောင်က စာရေးသူအား တစ်နေ့က တယ်လီဖုန်နဲ့ပြောပါတယ်။ တကယ်တမ်းက ဆရာကြီးသည် သူချစ် သော သူသံယောဇဉ်ရှိသော မြန်မာပြည်အား အကူအညီပေးချင်နေတာ ကြာခဲ့လှပါပြီ။ ယခင်အခါများက မြန်မာအစိုးရအား အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ထားတာကြောင့် စိတ်ရှိပေမယ့် သူ မလုပ်နိုင်ခဲ့တာဖြစ်တယ်။ ဒါ့ကြောင့် သူ့အနေနဲ့ တရုတ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယားနိုင်ငံ များကိုပဲ အကူအညီပေးခဲ့ရတာ။ 









No comments:

Post a Comment