"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, March 14, 2014

တစ်ဆယ့်နှစ်လ ရာသီ





၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်။ 14 March 2014





ယနေ့ထုတ် ကြေးမုံသတင်းစာပါ စာရေးဆရာမကြီး ရွှေဘိုသီရိမာလာ၏ ”နွေရာသီ လတပေါင်း” ဆောင်းပါးကိုဖတ်ပြီး မှတ်မှတ်သားသားရှိလှသော ဒီလ ဒီရာသီကို လွမ်းမိ၏။ 

ဒီလသည် တပေါင်းလ။

ဒီရာသီသည် နွေရာသီ။

”နေ့ပူလို့ ညချမ်း တပေါင်းလဆန်း” ဟု ဆိုစကားရှိခဲ့ငြားလည်း နွေတစ်ပိုင်း ဆောင်းတစ်ပိုင်း ဖြစ် နေသေးသော်လည်း ပူသော အိုက်သော ရွက်ဝါတွေ တဖွားဖွားကြွေသော ဒီလအား  မိမိကမူ နွေ ဟုသာ ခံစားမှတ်သားမိ၏။ ရင်တထိတ်ထိတ်ဖြင့် အတန်းတင်စာမေးပွဲများကိုဖြေခဲ့ရသော ဒီလကို သတိတရရှိ၏။ မကြာမီရောက်လာတော့မည့် နှစ်သစ်ကူးသင်္ကြကို ငယ်စဉ်က စိတ်မရှည်စွာ မျှော် နေခဲ့မိသော ဒီလကို စိတ်လှုပ်ရှားမှုဖြင့် ပြန်ပြောင်းတွေးမိတတ်၏။ 

ဒီလကို ၀ါဝါထွေးထွေး ပိတောက်ပန်းများ ပွင့်သောလ၊ လွမ်းချင့်ဖွယ် ဥသြသံများ ကြားရသောလ၊ နံနက်စောစော အိပ်လို့ကောင်းနေတုန်း ကောက်ရိုးသယ်လှည်းများ၏ တအီအီ တကျီကျီ လှည်းဝင် ရိုးသံများကို အိပ်ယာထဲမှ ကြားနေရတတ်သောလ၊ ဖက်ဆစ်တော်လှန်ရေး အမျိုးသားရေး မျိုးချစ် စိတ်ဓာတ်တို့ဖြင့် တွဲဖက်မှတ်မိသောလ၊ အညာဒေသမှာ တမာရွက်နုတွေတင်းကျမ်းထွက်ချိန်ဖြစ်  တာကြောင့် ဖခင်ကြီးကြိုက်တတ်သော တမာရွက်နုများကို ၀ါးခြမ်းတံခြူလေးဖြင့် လိမ်ချိုးခူးပေးပြီး မျက်နှာလုပ်ခဲ့ရသောလ။

ယခုကဲ့သို့ မိမိက ခံစားမှတ်မိသဖြင့် စာဖတ်ပရိသတ်များလည်း ဖတ်ရှုခံစားနိုင်ကြစေရန် စာရေးဆ ရာမကြီး ရွှေဘိုသီရိမာလာ၏ ”နွေရာသီ လတပေါင်း” ဆောင်းပါးကို ကူးယူဖော်ပြပေးလိုက်ရပါ၏။  



တင်းကျမ်း (အသံထွက် - ဒင်းဂျန်း) = တစ်ပြင်လုံး အပြည့်အလျှံ။ ပေါပေါများများ။



















No comments:

Post a Comment