"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 2, 2014

မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား (၄)





၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်။ (2 March 2014)




မြန်မာ့မျိုးဆက်သစ် ခေတ်လူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ် ရတနာစစ်စစ်များဖြစ်သော ရှေးဟောင်းစာပေအထောက်အထားများစွာကို အပတ်တကုတ် ဖတ်ရှုလေ့လာ သု တေသနပြုကြလျက် မိမိနိုင်ငံ မိမိလူမျိုးများ၏ ကောင်းကျိုးစီးပွားကို ထိထိရောက်ရောက် ပါဝင်ကူညီဆောင် ရွက်နိုင်ကြစေရန်အလို့ငှာ ယနေ့ထုတ်ကြေးမုံသတင်းစာပါ ဆောင်ပါးရှင် ခင်ညိုညို(ရှေးဟောင်းသုတေသန) ၏ အောက်ပါဆောင်းပါးကို ကူးယူဖော်ပြပေးလိုက်ပါသည်။
  




ကြေးမုံသတင်းစာ (၂ ရက် မတ်လ၊ ၂၀၁၄) စာမျက်နှာ ၁၁။






၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်။ (3 March, Monday, 2014)



ယခုဆောင်းပါးတွင် ဆရာမောင်ခင်မင်(ဓနုဖြူ)သည် မိမိတို့ ယခင်အခါများက မသိရှိ မသင်ကြားခဲ့ဖူးသော သံလျော့ (သိထိလ)နှင့် သံတင်း(ဓနိတ)တို့အကြောင်း အကျယ်တ၀င့်စိတ်ဝင်စားဖွယ် ရှင်းလင်းပြောပြထား သည်ကို ဖတ်ရှုလေ့လာ ခံစားကြည့်ကြပါကုန်။  



မြန်မာ့အလင်းသတင်းစာ (၃ ရက် မတ်လ၊ တနင်္လာနေ့၊ ၂၀၁၄) စာမျက်နှာ ၁၀။





၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်။ (10 March, Monday, 2014)



မနေ့က မြန်မာ့အလင်းသတင်းစာမှာ ဆရာမောင်ခင်မင်(ဓနုဖြူ)သည် 'ဟ'သံပါခြင်း မပါခြင်းဖြင့် ဖြစ်လာသော အပြုကြိယာနှင့် အဖြစ်ကြိယာများအကြောင်းကို အသံသဘောအရကော အနက်ပြောင်းလဲမှုအရကော ရှင်းပြ ထားတာဖတ်ပြီး မြန်မာကြိယာများ၏ စနစ်တကျဖွဲ့စည်းထားမှုကို သတိပြုမိရပါတယ်။




မြန်မာ့အလင်းသတင်းစာ (၉  ရက် မတ်လ၊ တနင်္ဂနွေနေ့၊ ၂၀၁၄) စာမျက်နှာ ၆။







၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်။ (16 March, Sunday, 2014)



ကိုယ်တိုင်လည်း ကြုံဖူးကြမှာပါ။

စာတစ်ကြောင်းရေးလိုက်ပြီးတော့မှ စိတ်ထဲမှာ တစ်မျိုးကြီးဘဲ။ တစ်ခုခု လွဲချော်နေသလိုပဲ။

ဒါပေမယ့် ဘာက ဘယ်နေရာမှာ ဘယ်လို လွဲချော်နေမှန်း သေသေချာချာ သိကိုမသိတာ။ ပိုဆိုးတာက ဒါကို ရှာဖွေပြီး ပြန်စစ်ကြည့်ဖို့ အားမထုတ်ချင်တာ ဒါမှမဟုတ် အားထုတ်ရကောင်းမှန် မသိတာပဲပေါ့။


ဒါနဲ့ပတ်သက်ပြီး မြန်မာစာပညာရှင် ဆရာမောင်ခင်မင်(ဓနုဖြူ) ၏ အောက်ပါဆောင်းပါးမှာ အဖြေတစ်စုံတစ် ရာ ရှာတွေ့နိုင်ကြမယ် ထင်ပါတယ်။

ဝါကျမှန်ဖို့လိုတဲ့အကြောင်းတွေ ဆရာက ရှင်းပြထားတယ်။


ဖတ်ကြည့်ကြပါဦးလို့။













၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက်။ (23 March, Sunday, 2014)










၁၃၇၅ ခုနှစ်၊ တပေါင်းလကွယ်။ (30 March, Sunday, 2014)












No comments:

Post a Comment