"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 1, 2014

မြန်မာသတင်းတိုများ (မတ်လ၊ ၂၀၁၄)





၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်။ (1 March 2014)




  • မန္တလေးအာဇာနည် ၁၇ ဦး အထိမ်းအမှတ်အခမ်းအနား


၁၃၀၀ ပြည့် အရေးတော်ပုံ မန္တလေးအာဇာနည် ၁၇ ဦးတို့၏ ၇၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ချမ်းမြသာစည်မြို့ နယ် သူကြွယ်ကုန်းရှိ အာဇာနည်ဗိမာန်တွင် လူမှုရေးအ သင်းအဖွဲ့များနှင့်နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များ၊ ရဟန်းသံဃာတော်များ စုစုပေါင်း အင်အား ၂၀၀၀ ခန့် တက် ရောက်ခဲ့ကြောင်း ကြားသိရသည်။

    

  • နယ်စည်းမထား ဆရာဝန်များအဖွဲ့ လုပ်ကိုင်ခွင့် ရပ်ဆိုင်းခံရပြီ





ပွင့်လင်းမြင်သာမှုမရှိရုံမက ဒေသခံရခိုင်တိုင်းရင်သားများ၏ ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ မရ သည့်အပြင် ဒုချီးရားတန်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်အတိုက်ခိုက်ခံ ရခြင်းနှင့်ပတ် သက်ပြီး သတင်းမှားများကို တမင်တကာ ထုတ်ပြန်ပြောကြားခဲ့ခြင်းတို့ကြောင့် တရား ဥပဒေစိုးမိုးရေးကို ထိခိုက်စေသဖြင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF)၏ ကုန်ဆုံးနေပြီဖြစ်သော နားလည်မှုစာချွန်လွှာ (MoU) ကို သက်တမ်းထပ်မတိုးပေးတော့ကြောင်း နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က ပြော ကြားခဲ့သည်ဟု သိရှိရသည်။




နောက်ဆက်တွဲသတင်း - ကြေးမုံသတင်းစာ (၂ ရက် မတ်လ၊ ၂၀၁၄၊ တနင်္ဂနွေ)
 စာမျက်နှာ ၅။



  • ပြင်သစ်နိုင်ငံသားထံမှ ကျည်ဆန်များ ဖမ်းဆီးရမိ 

စင်ကာပူ ချန်ဂီလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Jet Star လေကြောင်းဖြင့် ရောက်ရှိလာ သော ပြင်သစ်နိုင်ငံသားတစ်ဦး၏ စစ်စိမ်းရောင်အိတ်အတွင်းမှ ၇ မီလီမီတာ Remington Mag ကျည် ခုနှစ် တောင့်ကို တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ 


  • လက်ပံတောင်း သိမ်တော်နှင့်စေတီတော် ရွေ့ ပြောင်းမည်


လက်ပံတောင်းကြေးနီစီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ဘုရားကြီး၏သိမ်တော်နှင့်စေတီတော်တို့ကို မူလနေရာမှ မီတာ ၁၅၀၀ အကွာအဝေးသို့ ရွေ့ ပြောင်းရန် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ ဦးပိုင်ကုမ္ပဏီနှင့်ဒေသ ဆိုင်ရာအာဏာပိုင်များက စီစဉ်နေခြင်း သြ၀ါဒခံယူပွဲပြုလုပ်ခြင်းတို့နှင့်ပတ်သက်ပြီး ဇီးတောကျေးရွာ စမ်းမြ ၀တီကျောင်းတိုက်မှဆရာတော် ဥူးအာလောက လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာ၂၆ ရွာမှ ဒေသခံ သံဃာတော်များ တစ်ပါးမှ မပါကြောင်း၊ ဒေသခံလူထုတစ်ယောက်မှ မပါကြောင်း၊ အဆောက်အဦများအား ဖျက် ရကောင်းရနိုင်သော်လည်း ယင်းနေရာမှ ဘုရားနှင့်သိမ်တို့၏မူလမြေကိုကား ရွေ့ ပြောင်းရနိုင်မည်မ ဟုတ်ဟု မိန့်တော်မူကြောင်း ကြားသိရသည်။




    ၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်။ (7 March Friday, 2014)


  • အမျိုး၊ ဘာသာ၊ သာသနာ ပြန့်ပွားရေးဆိုင်ရာ စာမူဆုပြိုင်ပွဲ 

ရဟန်း ရှင် လူ မည်သူမဆို မိမိတို့ကိုယ်တိုင် 

ထာဝရ

မြတ်နိုးလေးစားအပ်

စောင့်စည်းထိန်းသိမ်းအပ်

မြှင့်တင်ချီးမြောက်အပ်သော အမျိုး ဘာသာနှင့် သာသနာတော်ကြီး 

အစဉ်အမြဲ အဓွန့်ရှည်စွာ သန့်ရှင်းတည်တံ့တိုးတက်ဖွံ့ဖြိုးစည်ပင်စေရန်အကျိုးငှာ 

ကလောင်စွမ်းဖြင့် လှုံဆော်ပညာပေးလိုပါက အောက်ပါစာမူဖိတ်ခေါ် ပြိုင်ပွဲသို့ 

ပါဝင်ယှဉ်ပြိုင်နိုင်ကြကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။  



 ကြေးမုံသတင်းစာ (၇ ရက် မတ်လ၊ ၂၀၁၄၊ သောကြာ)
 စာမျက်နှာ ၄။

သတင်းနှင့်ဓာတ်ပုံ - လွတ်လပ်တဲ့ အာရှအသံ (RFA) ၁၇ ရက် ဇန်န၀ါရီ ၂၀၁၄။



  • မြန်မာ့ရေကြောင်းလိုင်းကို ဂျပန်ကူညီမည်


နေ့စဉ် ခရီးသည် သုံးသောင်းခန့် ခရီးသွားလျက်ရှိသော ရန်ကုန်(ပန်းဆိုးတန်း) - ဒလ ခရီးစဉ်၏လက်ရှိ ကူး တို့ရေယာဉ် ၄ စီးသည် သက်တမ်းကြာပြီး ခေတ်မမီတော့သည့်အတွက် တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၄ သန်းစီတန်ဖိုးရှိသော ခရီးသည် ၁၀၀၀ ဆံ့ ကူးတို့ရေယာဉ် ၃ စီးကို ဂျပန်နိုင်ငံမှ ကူညီမည်ဟု ကြားသိရသည်။  




  • တရုတ်အစိုးရကို မြန်မာသတိပေး


မြန်မာနိုင်ငံ၏နယ်စပ်ဒေသအတွင်းရှိ သစ်နှင့်သယံဇာတများကို တရားမ၀င် လာရောက်ထုတ်ယူနေကြသော တရုတ်နိုင်ငံသားများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်သံရုံး ယာယီတာဝန်ခံအား ဆင့်ခေါ်လျက် တရားဝင်ပြောဆို အသိပေးကန့်ကွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် တရုတ်ပြည် နိုင်ငံခြားရေးဌာနသို့ လည်း စာရွက်စာတမ်းအထောက်အထားများနှင့် ဓာတ်ပုံများ ပေးပို့ဆောင်ရွက်နေကြောင်း ကြားသိရသည်။  






  • မြန်မာပြည်တွင်း ဘုရားဖူးခရီးသွား ၃.၅ သန်းရှိ




မြန်မာသတင်းစာများမှ ခရီးသွားကြော်ငြာအချို့ ။




ပြီးခဲ့သော ၂၀၁၀ ခုနှစ်က ပြည်တွင်းဘုရားဖူးခရီးသည် ၁.၁ သန်းခန့်ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၃.၅  သန်းသို့ ရောက်ရှိလာခဲ့ရာ ပြည်တွင်းခရီးသွားလုပ်ငန်းများ အထူးတိုးပွားလာခြင်းနှင့်အတူ ယခုနှစ် ကုန်တွင် ၄.၅ သန်းခန့် ရှိလိမ့်မည်ဟု ကြားသိရသည်။ 



  • မန္တလေးမဟာသင်္ကြန် စည်ကားသိုက်မြိုက်မည်


ဓာတ်ပုံသတင်း - ကြေးမုံသတင်းစာ (၁၂ ရက် မတ်လ ၂၀၁၄၊ စာမျက်နှာ ၂)


နှစ်စဉ်နှစ်တိုင်း လူကြီးလူငယ်မရွေး ပျော်ရွှင်စွာပါဝင်ဆင်နွှဲလေ့ရှိသည့် မြန်မာ့ နှစ်သစ်ကူးသင်္ကြန်ပွဲတော် ကြီးကိုမန္တလေးမြို့ တွင် ယခုနှစ်မှာ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပရန် ကျုံးတောင်ဘက် ၂၆ ဘီလမ်း၊ ကျုံးအရှေ့ ဘက် ၆၆ လမ်းနှင့် ကျုံးအနောက်ဘက် လမ်း ၈၀၊ မန္တလေးကန်တော်ကြီးအပါအ၀င် အလှပြ မဏ္ဍပ်များ ဆောက်လုပ်မည်ဖြစ်ကြောင်းနှင့် ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်များပါ လာရောက်ဖျော်ဖြေမည်ဖြစ် ကြောင်း သိရှိရသည်။  



  • မြန်မာ့ဆန် အာဖရိကခြေလှမ်းသစ်


ယခုနှစ် မတ်လတွင် အိုင်ဗရီကို့စ်နှင့်တိုဂိုနိုင်ငံများသို့ သင်္ဘော ၅ စီးစာရှိသော ဆန်တန်ချိန် တစ်သိန်း တင် ပို့ရောင်းချသွားမည်ဟု ကြားသိရသည်။ ယခုတင်ပို့မည့် ၂၅ မှတ်အရည်အသွေးရှိဆန် မက်ထရစ် ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၂၀ မှ ၃၃၀ ရှိသည်ဆို၏။  



  • မီးဘေးသတင်း





မြန်မာပြည်တွင် နွေရာသီသို့ ကူးပြောင်းရောက်ရှိလာခြင်းနှင့်အတူ မီးဘေးသတင်းများကို နေ့စဉ်လို ကြားသိ နေရသည်။
သို့ဖြစ်ရာ ရပ်ဝေးမြေခြားသို့ရောက်ရှိနေကြသူများ သိရှိနိုင်ကြစေရန် မီးဘေးသတင်းများကို ကြားသိရသမျှ တစ်ဆင့်ဖောက်သည်ချ ဖော်ပြထားပါသည်။


တမူးမြို့ 

မတ်လ ၁၁ ရက်နေ့ ည ၈ နာရီခန့်က ၀ါယာရှော့ခ်ဖြစ်ပြီး ဈေးတန်း အမှတ် (၇) ရပ်ကွက် အောင်မင်္ဂလာလမ်း ရှိ အိမ် ၁၁ လုံး မီးလောင်ခဲ့ကြောင်း သိရသည်။  




အင်းစိန် ဖော့ကန်

မတ်လ ၁၂ ရက် ညနေ ၅ နာရီတွင် ရှမ်းစု ၁ လမ်းရှိ အမှတ် (၇၈) ဦးစိန်ဝင်းမြင့်နေအိမ်မှ မီးလောင်ရာ တိုက် ခံအိမ် ၁၂ လုံး၊ ပျဉ်ထောင်အိမ် ၄ လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။




ဟင်္သတမြို့ 

မတ်လ ၁၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် သုံးပင်ကွင်းရပ်ကွက် ရေတံခွန် ၂ လမ်း အိမ်အမှတ် (၈၉၂) နေအိမ်မှ မီးလောင်ရာ အသက် ၈၃ နှစ်အရွယ် လေဖြတ်ထားသူ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး အိမ် ၅ လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။



၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်။ (20 March Thursday, 2014)

  • ငပုတော ကန့်ဘလာကျေးရွာ


ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကန့်ဘလာကျေးရွာတွင် မတ်လ ၁၈ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က ၀က်စာအိုးတည်ရာမှ မီးလောင်ရာ အိမ် ၇၂ လုံး ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။


  • သုံးခွမြို့ 


ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့  စည်ပင်သာယာဈေးအား မတ်လ ၁၉  ရက်နေ့ ည ၇ နာရီက  မီး လောင်ရာ ဆိုင်ခန်းပေါင်း ၂၀ ဆုံးရှုံးသွားကြောင်း သိရသည်။


  • ရွှေစက်တော်ဘုရားပွဲတော်


ရွှေစက်တော်ဘုရားပွဲတော်အတွင်းရှိ ဘုရားဖူးတည်းခိုဆောင်များအား မတ်လ ၁၉  ရက်နေ့ နံနက် ၂ နာရီက  မီးလောင်ရာ VIP ဆောင် ၃ ခု၊ တည်းခိုဆောင် ၅ လုံး၊ လုံခြုံရေးဆောင်၊ စတိုနှင့်ကြီး ကြပ်ဆောင် ၂ လုံးတို့ ဆုံးရှုံးသွားကြောင်း သိရသည်။


  • ဗန်းမော်မြို့ 

မတ်လ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ဗန်းမော်မြို့  ပန်းကဲရပ်ကွက်နေ ဦးလှသူအိမ်တွင် မီးပေါ့ဆရာမှ မီးလောင်ရာ အိမ်တစ်လုံးဆုံးရှုံးသွားကြောင်း ကြားသိရသည်။ 


  • ကုန်းကြီးကျေးရွာ 

မတ်လ ၂၁ ရက်က စစ်ကိုင်းမြို့ နယ် ဆားတောင်တိုက်နယ် ဘောက်သောက်ကျေးရွာအုပ်စု ကုန်းကြီးကျေး ရွာတွင် မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းရာ အိမ် ၉  လုံး၊ နွားစာတဲ ၃ လုံးနှင့် စပါး တင်း ၂၀၀ ခန့် ဆုံး ရှုံးသွားကြောင်း သိရသည်။ 




  • ပခုက္ကူတိုင်းဒေသကြီးတွင် တစ်နေ့တည်း မီး ၃ ကြိမ်လောင်


မတ်လ ၂၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က မြိုင်မြို့ နယ် အလယ်ကန်ကျေးရွာတွင် ဖယောင်းတို်င်မီးကို ဆော့ကစားရာမှ မီးလောင်ကျွမ်းရာ အိမ်တစ်လုံးဆုံးရှုံးသွားခဲ့။ ထိုနေ့ မွန်းလွဲ ၂ နာရီခွဲက မင်းတဲကြီးဘူတာ အား တောမီးမှ မီးကူးစက်လောင်ကျွမ်းသွားခဲ့။ ညနေ ၃ နာရီခွဲကလည်း  ပခုက္ကူမြို့  အ မှတ် ၆ ရပ် ကွက် ၅ လမ်းထောင့်တွင် မီးဖိုမီးထိုးရာမှ အနီးရှိ မဏ္ဍပ်အလှပြင်စ္စည်းများ မီးလောင်ဆုံးရှုံးသွားကြောင်း ကြားသိရ သည်။ 




*************************************



  • ယာဉ်ထိန်းရဲအင်အား နည်းပါးနေ

ယာဉ်ထိန်းရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအင်အားအရ ယာဉ်ထိန်းရဲဝန်ထမ်း ၁၄၂၂ ဦး ရှိရမည့်အစား လက်ရှိတွင် ၀န်ထမ်း ၈၀၀ ခန့်သာရှိနေသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်စည်းကမ်း ချိုးဖောက် မှုများနှင့် ယာဉ်တိုက်မှုများဖြစ်ပေါ်နေကြရကြောင်း ကြားသိရသည်။


  •  နိုင်ငံခြားသားခရီးသည်ထံမှ ရွှေတုံးများဖမ်းမိ

မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက မလေးရှားလေကြောင်းလိုင်း အမှတ် MH 743 ဖြင့် မလေးရှားနိုင်ငံသို့ သွား မည့် အိန္ဒိယနိုင်ငံသားတစ်ဦးထံမှ ကျပ်သိန်း ၁၃၀၀ ခန့် တန်ဖိုးရှိသော ရွှေတုံး ၂၀ ကို လေဆိပ်တွင် ဖမ်းဆီး ရမိကြောင်း သိရှိရသည်။




  • ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၃၈ နှစ်မြောက်မွေးနေ့ပွဲ ကျင်းပ



ဆရာကြီး သခင်ကိုယ်တော်မှိုင်း။


သူ၏ဘ၀တစ်လျှောက်လုံးတွင် နယ်ချဲ့ စနစ်ဆိုးကြီးကို ပြည်သူလူထုကြီးနှင့်လက်တွဲပြီး တော်လှန်တိုက် ခိုက်ခဲ့သော စာပေ၊ ယဉ်ကျေးမှု၊ အမျိုးသားရေး၊ လွတ်လပ်ရေးနှင့်ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ ၁၃၈ နှစ်မြောက်မွေးနေ့ဂုဏ်ပြုပွဲကို မတ်လ ၂၃ ရက်နေ့က မုံရွာမြို့  ဘုရားကြီးရပ်ကွက် သာစံကျောင်းတိုက် ဘောဇနသုခကာရီ ဆွမ်းစားကျောင်းတွင် ဆွမ်းကပ်လှူခြင်း၊ မွေးနေ့စာတမ်းဖတ်ကြား ခြင်း၊ လေးချိုးကြီးနှင့်ကဗျာများ ရွတ်ဖတ်ခြင်းတို့ဖြင့် ဂုဏ်ပြုကျင်းပခဲ့ကြောင်း ကြားသိရသည်။









No comments:

Post a Comment