"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 9, 2014

တစ်နေ့ တစ်နေ့




၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်။ (8 March, 2014 Saturday)



မတ်လ ၈ ရက် ၂၀၁၄။



ဟုတ်ပဗျာ ..
တစ်နေ့တစ်နေ့ဆိုတာ နေ့စဉ်ရောက်လာလိုက် ပြန်ကုန်ဆုံးသွားလိုက်နဲ့။ 
မြန်မှမြန်ပဲ။ 

တစ်နေ့တစ်နေ့ကလည်း ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ ကုန်သွားတတ်တာမျိုး။ 
တစ်ခါတစ်ခါမှာတော့ တစ်နေ့တစ်နေ့ ဘာတွေလုပ်လို့ ဘာတွေပြီးသွားမှန်းတောင် ဟုတ်တိပတ်တိကို ဘာမှရေရေရာရာ မသိလိုက်မိဘူး။
တစ်ခါတစ်ခါကျတော့လည်း ဟိုဟာလေးလုပ်မယ်၊ ဒီဟာလေးလုပ်မယ်ဆိုပြီး ရည်ရွယ်သာထားတာ။ ပြီးတော့လည်း လုပ်ဖြစ်တာ မဟုတ်ဘူးလေ။ သိတယ် မဟုတ်လား။

ဒါကြောင့် ဒီတစ်နေ့တစ်နေ့တွေရဲ့ အကြောင်းကို ပြောချင်နေတာ ရေးချင်နေတာ ကြာခဲ့လှပြီ။ 
အစကတော့ ဒိုင်ယာရီပုံစံမျိုး နေ့စဉ်ပုံမှန်ရေးသွားမလားလို့ တွေးမိသေးတယ်။ ဒါပေမယ့် သူများတွေဖတ်ချင် လောက်အောင် စိတ်ဝင်စားစရာအကြောင်းအရာက နေ့တိုင်းမှ မရှိနိုင်တာပဲ။ ရှိစေဦးတော့ နေ့စဉ်နေ့တိုင်း ရေးနိုင်ဖို့က လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ 

ဒါနဲ့ တစ်နေ့တစ်နေ့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ရေးစရာလေးရှိလို့ ရေးနိုင်တဲ့အခါ ရေးမယ်ဆိုပြီး အခုစလိုက်တာပါ။ 
ဒီနေ့က ပြောစရာရှိတယ်လေ။

မြန်မာပြည်ကနေ စင်ကာပူကိုလာပြီး မိမိတို့ရဲ့ သမီးနဲ့မြေးလေးတို့မိသားစုကို အကူအညီပေးတဲ့ ဇနီး၏ညီမ နှစ်ဦးပြန်လို့ ချန်ဂီလေဆိပ်ကို သွားပို့ကြရတာ။ အိမ်ကနေ လေဆိပ်ကိုမသွားခင် နံနက်စာ စားပြီးတော့ ညီမ နှစ်ဦးက မိမိတို့ဇနီးမောင်နှံကို ခရီးသွားခါနီး ထိုင်ကန်တော့ကြတယ်။ သမီးက သူ့ ဒေါ်လေးတွေကို လာနှုတ် ဆက်ရင်း ကန်တော့တယ်။ လေဆိပ်မဆင်းမီမှာ အမှတ်တရ ဓာတ်ပုံရိုက် ဖြစ်ကြတယ်။ လေဆိပ်က မိမိတို့ နေတဲ့နေရာနဲ့က အရှေ့ စွန်း အနောက်စွန်းမို့  ခရီးသွားချိန်လာချိန် အတော်လေးကြာတာ။ 

နာရီဝက်ကျော်ကြာတယ်။ ငွေချေဖြတ်ပိုင်းမှာ ခရီးအကွာအဝေးကို ၃၆.၄ ကီလိုမီတာလို့ ပြထားတာတွေ့ရ တယ်။ စင်ကာပူလို ကျွန်းသေးသေးလေးအဖို့ ဝေးတော့လည်း အဝေးသားလား။



မြေးကလေး'ဆောင်းမြတ်နိုး'ကို သူ့ဖွားငယ်၊ မိခင်တို့နှင့်အတူ အိမ်ရှေ့ ဝရန်တာတွင် ...။


ဒါကလည်း တစ်နေ့နီးပါးလောက် ကုန်သွားပြန်ကော။ လေယာဉ်ထွက်ချိန်က နေ့ခင်း ၁ နာရီ ၂၅ မိနစ် ဆိုပေ မယ့် မိမိတို့က၀ိရိယစိုက်ပြီး နံနက် ၉  နာရီကတည်းက အစောကြီးသွားခဲ့ကြတယ်။ လေဆိပ်ကို နံနက် ၁၀ နာ ရီ ကျော်လေးမှာ ရောက်သွားခဲ့တယ်။ ချက်အင်လုပ်ချိန်က ၁၁ နာရီ ၁၅ မိနစ် မှာဖြစ်လို့ နံနက်စာ သွားစားကြ ရတယ်။ စားပြီးတော့ ချက်အင်လုပ်ချိန် ရောက်နေတာနဲ့အတော်ပါပဲ။ ကောင်တာရှေ့  က တန်းအထဲမှာ ခရီး သည်အချို့  တန်းစီနေကြပြီ။ အားလုံး မြန်မာတွေကြီးပဲ။ မြန်မာစကားတွေကြားနေရ တယ်။ အမျိုးသားတွေ ထက် အမျိုးသမီးအရေအတွက်က ပိုများတယ်လို့ ထင်ပါတယ်။ 
လူတိုင်းလိုလို အထုတ်အပိုးဝန်စည်စလယ်တွေနဲ့။ လက်တွန်းလှည်းတွေနဲ့ အပြည့်အမောက်။ ပြည်တော်ပြန်ရ မှာမို့ အားလုံးရဲ့ မျက်နှာတွေက ပြုံးပြုံးရယ်ရယ်။ လေဆိပ်ကိုရောက်ပြီး မြန်မာပြည်မပြန်ရတဲ့ မိမိက မနာလို တောင်ဖြစ်မိချင်သေးတော့။

ဇနီး၏ညီမနှစ်ဦးနဲ့အတူ ကောင်တာရှေ့ မှာရပ်နေတော့ လေယာဉ်ဝန်ထမ်းက ခရီးသွားမည့်သူမဟုတ်က တန်း ရဲ့ အပြင်မှာနေဖို့လာပြောတာနဲ့ ညီမတွေက အင်္ဂလိပ်စကားမပြောလို့ ကူညီဖို့လိုတဲ့အကြောင်း ပြောပြ ရတယ်။ မူလက ထီးအရှည် ၂ လက်ကို လူနဲ့ယူသွားဖို့။ ဒါပေမယ့် လူနဲ့ယူသွားခွင့်မပြုတာနဲ့ အနောက်ဖက်ကို ထည့်လိုက် ရတယ်။




Viewing Mall ဆီမှ မြန်မာလေယာဉ်ကို မြင်နေရတယ်။ (ယာဖက်ပုံ) ဓာတ်ပုံ - ဖိုးတာ။



ညီမတွေ ခရီးသွားအဆောင်ထဲကို ၀င်သွားကြတဲ့အခါ သူတို့ကို နှုတ်ဆက်ပြီး မိမိတို့ဇနီးမောင်နှံက လေယာဉ် တွေ အတက်အဆင်းလုပ်နေတာကို ကြည့်လို့ရတဲ့ ၃ ထပ်က Viewing Mall ရှိရာကို တက်သွားခဲ့ကြပြီး နား နားနေနေနဲ့ထိုင်ကြရတယ်။ မိမိတို့ထိုင်နေတဲ့နေရာကနေ ညီမတွေစီးမယ့် မြန်မာလေယာဉ် အမ်အေအိုင် (MAI) ကို စီ ၁၅ (C15)မှာ အတိုင်းသားမြင်နေရတယ်။ အလုပ်သမားတွေ ပစ္စည်းတင်နေတာကို တွေ့ရတယ်။
လေယာဉ်တစ်စင်းပြီးတစ်စင်း တက်သွားလိုက် ဆင်းလာလိုက်နဲ့ အရုပ်ကလေးတွေအလား တွေ့နေရတယ်။အစိမ်းရောင်နုနုဆေးသုတ်ထားတဲ့ အီဗားလေယာဉ်ကြီးကိုတွေ့ရတော့ ၂၀၀၇ ခုနှစ်က ထိုင်ဝမ်အခြေစိုက် ဒီလေယာဉ်လိုင်းနဲ့ ကနေဒါကိုသွားခဲ့တာ သတိရမိသေးတယ်။ 

ညီမတွေက လေယာဉ်အထဲရောက်တဲ့အခါ အစစအရာရာအဆင်ပြေတဲ့အကြောင်း မိမိတို့ဆီကို ဖုန်းဆက်အ ကြောင်းကြားပါတယ်။ ဇနီးက သူတို့လေယာဉ်ထွက်တော့မှ အိမ်ကိုပြန်မယ့်အကြောင်း၊ သူတို့လေယာဉ် ကို Viewing Mall ကနေ အခုမြင်နေရကြောင်း၊ နောက်ပြီး ရန်ကုန်က အမတို့အိမ်ကို လည်း လှမ်ပြီးအကြောင်း ကြားပေးမယ့်အကြောင်းနဲ့ လေယာဉ်ထွက်ခါနီးပြီဖြစ်လို့ တယ်လီဖုန်းကို အပြီးပိတ်ထားဖို့ မှာပါတယ်။
လေယာဉ်က နောက်ပြန်ဆုတ်ပြီး ပြေးလမ်းပေါ်တက်ဖို့ ညာဖက်ကိုကွေ့ဝင်လိုက်တော့ မြင်ကွင်းမှ တခဏ လေးပျောက်သွားခဲ့ပါတယ်။ အဲဒီကနေအရှိန်ယူပြန်တက်ပြီး မြောက်ဖက်စူးစူးဆီကို ထောင်တက် ပျံသွားတာ ခပ်ရေးရေးတွေ့လိုက်ရတယ်။ လေယာဉ်ကိုမမြင်ရတော့မှ မိမိတို့နှစ်ဦး ဗိုက်ဆာတာကို သတိရပြီး Terminal 1 အပေါ်ထပ်က KFC မှာ နေ့လည်စာ သွားစားကြတယ်။ နေ့လည်စာစားပြီးတော့ နေ့ခင်း ၂ နာရီရှိပါပြီ။ ရန်ကုန် ကို ဖုန်းဆက်ပြီး လေယာဉ်ထွက်သွားပြီဖြစ်တဲ့အကြောင်း ပြောပြပြီး ရန်ကုန် လေဆိပ်မှာကြိုရမယ့် အချိန်ကို ပြောပြလိုက်ပါတယ်။ အဲဒီကနေ လေယာဉ်ကွင်းက လေဆိပ် ၃ ခုကို ကွန်ယက်ဖွဲ့ပြေးဆွဲပေးနေတဲ့ မိုးပျံရ ထားလေး Sky Train နဲ့ Terminal 3 ဘက်သွားပြီး၊ တစ်ခါ Terminal 2 ဆီ ပြောင်းစီးကြပြန်ပါတယ်။

လေဆိပ်က ဘူတာရုံမှာ ရထားပေါ်တက်တော့ ၂ နာရီခွဲကျော်ပါ။ တနာရီကြာရထားစီးပြီး ဂျူရောင်းအိစ်ဘူ တာကို ရောက်ပါတယ်။  






No comments:

Post a Comment