၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ တွဲဖက်ကထိက ဒေါက်တာစောမရအောင်၏ The Meaning of the Word “Rakhine” အမည်ရှိ အောက်ပါဆောင်းပါးလေးကို ဒီကနေ့ထုတ် The New Light of Myanmar သတင်းစာတွင်ဖတ်ရသည့်အတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် သတင်းစာတစ်စောင်ဖြစ်သော The Working People’s Daily သတင်းစာမှာ ဆရာကြီးဦးစံသာအောင်ရေးခဲ့သော ရခိုင်သမိုင်းသုတေသနဆောင်း ပါးများ ဖတ်ခဲ့ရသည်ကို ပြေးပြီးအမှတ်ရမိသည်။
ထိုစဉ်က မြန်မာ့ရှေးဟောင်းသမိုင်းသုတေသနများနှင့်ပတ်သက်ပြီး မွန်ခမာအကြောင်းရေးသားသော ဆရာ ကြီး နိုင်ပန်းလှနှင့် မြန်မာ့ယဉ်ကျေးမှုများအကြောင်းရေးသားသော ဆရာကြီးဒေါက်တာခင်မောင်ညွန့်တို့၏ အင်္ဂလိပ်ဘာသာဆောင်းပါးများကို မိမိသည် ဖတ်ရှုနှစ်ခြိုက်မိရုံမက သူတို့ကဲ့သို့ အင်္ဂလိပ်လို ရေးသားနိုင်ရန် အားကျမိခဲ့ပါသည်။
ယင်းကဲ့သို့ အင်္ဂလိပ်ဘာသာဖြင့် ရေသားသောသုတေသနစာပေများကို ဖတ်ရှုနှစ်ခြိုက်မိသည်မှာ မြန်မာသည် ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာရှိသော ခိုင်ခန့်သောသမိုင်းကြောင်းရှိသောလူမျိုးဖြစ်ကြောင်းကို နိုင်ငံတကာ က သိစေလိုသောကြောင့်ဖြစ်ပါ၏။
သို့မှသာ မြန်မာ့သမိုင်းနှင့်ပတ်သက်ပြီး မဟုတ်မမှန်လုပ်ကြံပြောလိုသူများ၊ မရှိကို အရှိလုပ်ကာ ကလိန်ကကျစ် ပြောဆိုရေးသားမှုများကို တိတိကျကျ ပြတ်ပြတ်သားသား တုန့်ပြန်နိုင်မည်လည်းဖြစ်သည်။
မိမိတို့လူမျိုးနှင့်သမိုင်းအကြောင်းကို မြန်မာတိုင်း လေ့လာသိရှိအပ်သည်သာ။
No comments:
Post a Comment