"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, September 10, 2015

မလက္ကားမြို့ သို့ တစ်နေ့ခရီး (၂)



၁၃၇၇ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁၀ ရက်




မလက္ကားမြို့ သို့ တစ်နေ့ခရီး (၂)




ပုံစာများ (လက်ယာရစ်)

(၁) Y၀Yo Store ငွေချေကောင်တာမှာ ဇနီးဖြစ်သူ စကားကောင်းနေသည်။
(၂) စားစရာများ ၀ယ်အပြီး အမှတ်တရလေး။ 
(၃) မှန်လုံခန်းအတွင်းမှာ မုံ့လုပ်နေသောအမျိုးသမီးတစ်ဦး။
(၄) မုံ့မျိုးစုံထည့်ထားသည့် ရောင်စုံမုံ့အိတ်လှလှလေးများကို ဤသို့တွေ့မြင်ရသည်။
(၅) Y၀Yo Local Products Store ကို လမ်းပေါ်မှ ယခုလိုတွေ့မြင်ရသည်။ 


မလေးရှားကို စပြီးရောက်ကတည်းက မိမိတို့နှင့်အတူပါလာသော ခရီးလမ်းညွှန် မစ္စတာ‘ဖရန်ကီ’က မိမိ တို့သွားမည့်ခရီးစဉ်ကို မည်သည့်အချိန်မှာ မည်သည့်နေရာများသို့ သွားကြ မည့်အကြောင်းကို အသေး စိပ်ပြောပြပါသည်။ နောက်ပြီး မလေးရှားနိုင်ငံအကြောင်းကို အကျဉ်းမျှ ရှင်းပြမိတ်ဆက်ပေးပါသည်။

ထိုအချိန်မှာ စင်ကာပူမှ မိမိတို့နှင့်အတူပါလာသော ခရီးလမ်းညွှန် မစ္စတာ‘တဲဒီ’ကမူ ပစ္စည်းထည့်ရန် ကျွတ်ကျွတ်အိပ်များ လိုက်ဝေပေးလေသည်။ 

ယော(န)ပဲင်းမြို့  (Yong Peng) မှာ နံနက်စာစားပြီးသောအခါ မလက္ကားမြို့ သို့အသွား ခရီးလမ်းညွှန်က ယခုအခါ မိမိတို့သည် ဂျဟိုးပြည်နယ်ကနေ မလက္ကားပြည်နယ်သို့ သွားနေပြီဖြစ်ကြောင်းပြောပါသည်။

နောက်ပြီး ဂျဟိုးပြည်နယ်မှာ စင်ကာပူနိုင်ငံထက် အရွယ်အစားအားဖြင့် ၂၇ ဆကြီးကြောင်း၊ မလေးရှား နိုင်ငံတောင်ဖက်ပိုင်း ဖွံ့ဖြိုးမှုစီမံချက်ဖြစ်သော အစ်(စ)ကန္ဒာ (Iskandar Malaysia) နယ်မြေအကျယ်အ ၀န်းမှာလည်း စင်ကာပူဧရိယာထက် ၃ ဆကြီးကြောင်း၊ ဒီစီမံချက်တွင် ငွေအင်အားတောင့်တင်းသော တရုတ်နိုင်ငံနှင့်စင်ကာပူနိုင်ငံတို့မှ အဓိက ရင်နှီးမြှုပ်နှံထားကြကြောင်း၊ ဂျဟိုးတွင် ကြယ်ငါးပွင့်ဟိုတယ် အများအပြားရှိနေပြီး စင်ကာပူဒေါ်လာ ၃၀၀ လောက်သာပေးရကြောင်း ပြောပြပါသည်။ 

 လမ်းတွင် YoYo Local Products Store သို့ ၀င်ခဲ့ကြ၏။ YoYo Store မှာလုပ်သော မုန့်မျိုးစုံကို အိတ်ရောင် စုံလှလှလေးများနှင့်ထည့်ပြီး သစ်သားဗန်းအကြီးကြီးတွင် စီစီရီရီ ပြသထားသည်မှာ ကြည့်လို့ပင်ကောင်း ချေသေးတော့။

မုံ့နမူနာအမြည်းများပေးသဖြင့် မြည်းစားကြည့်နိုင်သည်။

မှန်အပြည့်ကာထားသည့်အခန်းတွင် အမျိုးသမီးများက စက်များသုံးပြီး မုံ့လုပ်နေကြသည် ကိုကြည့်ခဲ့သည်။

ဟုတ်မဟုတ် မသေချာသော်လည်း မုံ့လုပ်နေသောအမျိုးသမီးများထဲမှ ၃ ဦးက မိမိတို့ဇနီး မောင်နှံအား ကြည့်ပြီး သူတို့အချင်းချင်းပြောနေကြသည်မှာ မြန်မာများဖြစ်မည်ဟုခန့်မှန်း ထင်မိပါသည်။ 

မှန်နံရံခြားနေသဖြင့် မေးမြန်းနှုတ်ဆက်၍ မရပေ။   

ခရီးလမ်းညွှန်က ဒီဆိုင်ကြီးက အိမ်သာတွေက ‘ကျယ်လဲကျယ်တယ်၊ သန့်လဲသန့်ရှင်း တယ်’ ပြောသဖြင့် ၀င်ဖြစ်အောင်ဝင်ကြည့်ရင်း အသုံးပြုခဲ့၏။

အိမ်သာမှတ်တမ်းတင် ဓာတ်ပုံတစ်ပုံပင်ရိုက်ခဲ့သေး၏။

YoYo Store မှထွက်လာသောအခါ ခရီးလမ်းညွှန်က မိမိတို့၏မူလအစီအစဉ်အတိုင်း ပျားမွေးမြူရေးလုပ် ငန်း (Stingless Bee Farm) သွားရန် ဆန္ဒရှိမရှိမေးရာ အများစုက ရောက်ဖူးပြီးဖြစ်သဖြင့် မသွားလို ကြောင်းနှင့် ဈေးဝယ်ချိန်ကြာကြာရှိလိုကြောင်း ပြောကြပါသည်။ 

ဤသို့ဖြင့် မလက္ကားမြို့ သို့ နေ့လည်စာစားရန် တိုက်ရိုက်မောင်းသွားတော့သည်။


နေ့ ၁၂ နာရီခွဲကျော်တွင် ညိုးညာ (၀ါ) ပရာနာကန်စားသောက်ဆိုင် (Nyonya or Peranakan Restaurants) မှာ နေ့လည်စာစားကြပါသည်။




ပုံစာများ (လက်ယာရစ်)

(၁) နေ့လည်စာစားသည့်  Ole Sayang စားသောက်ဆိုင်ရှေ့ မှာ ဇနီးမောင်နှံအမှတ်တရ။
(၂) နေ့လည်စာ စားကြပြီ။
(၃) Ole Sayang စားသောက်ဆိုင်ကို အပြင်မှတွေ့ရပုံ။
(၄) ထမင်းစားရန် ဆိုင်ထဲသို့ဝင်ကြစဉ်။
(၅) စင်ကာပူကလဲလာခဲ့သော မလေးရှားငွေစက္ကူများ။
(၆) ငှက်ပျောရွက်ထမင်းခွက်နှင့်ထမင်းစားပွဲ။














No comments:

Post a Comment