"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, September 14, 2015

မလက္ကားမြို့ သို့ တစ်နေ့ခရီး (၄)



၁၃၇၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်



မလက္ကားမြို့ သို့ တစ်နေ့ခရီး (၄)



Makhota Parade Melaka ကုန်တိုက်ကြီး။ (Photo - Internet)


နေ့လည်စာ စားသောက်ပြီးသောအခါ ဈေးဝယ်ခြမ်းကြရန် ရှော့ပင်းစင်တာကြီး (shopping centre) တစ်ခု ဖြစ်သော Makhota Parade Melaka သို့ ပို့ပေးပါသည်။ မိမိတို့အား ရှော့ပင်းစင်တာမှာချထားခဲ့ပြီး ဈေးဝယ် ချိန် ၃ နာရီခန့်ပေးပါသည်။

နောက်ဆုံးလည်ပတ်စရာဖြစ်သည့် Jonker Walk သို့သွားရန် ညနေ ၄ နာရီတွင် လာခေါ်မည်ဟုမှာကာ ကားပြန်ထွက်သွား၏။


Makhota Parade Melaka ကုန်တိုက်ကြီးသည် ဆိုင်ခန်းပေါင်း ၂၀၀ ခန့်ရှိပြီး မလက္ကားမြို့ ၌  အစောဆုံး ဖွင့်လှစ်ခဲ့သော အကြီးဆုံးကုန်တိုက်ကြီးများတွင် တစ်ခုအပါအ၀င်ဖြစ်သည်ဟုသိရ၏။ ၁၉၉၄ ခုနှစ်က ဖွင့် လှစ်ခဲ့ပြီး အထပ် ၄ ထပ်ရှိကာ မြို့ အလယ်ခေါင်မှာရှိနေသောကြောင့် အထူးသဖြင့် ရုံးပိတ်ရက်များတွင် မြို့  ခံလူများ အသွားအလာများသည်ဆို၏။


မိမိတို့ရောက်သွားသော နေ့လည် ၁ နာရီကျော်အချိန်တွင် ကုန်တိုက်ကြီးအတွင်းမှာ လူ သိပ်မများလှသေးပေ။ နောက်မှ တဖြည်းဖြည်း များလာခဲ့ပါသည်။ ကုန်တိုက်ကြီးက ခေတ်မီပြီး ကျယ်ကျယ်ဝန်းဝန်းနှင့် သန့်ရှင်းသပ် ရပ်မှုရှိလေသည်။









မိမိတို့ ၀င်သွားသောနေရာမှာ "leather avenue" ဟု အမည်ပေးထားသော ခရီးဆောင်အိတ်များ၊ လက်ဆွဲ အိတ်များနှင့်ဖိနပ်များရောင်းသောဆိုင်ဖြစ်နေသဖြင့် မိမိအတွက် ရှူးဖိနပ်၊ သားနှင့်သမီးတို့အတွက် ပိုက်ဆံ အိတ်များရှာကြသည်။


(Photo - Internet)



လင်မယားနှစ်ယောက် ရှော့ပင်းစင်တာကြီးအတွင် အပေါ်တက်လိုက် အောက်ဆင်းလိုက်၊ ဟိုဘက်အစွန်မှ ဒီဘက်အစွန်သို့ ခေါက်တုံ့ခေါက်ပြန်လျောက်လိုက်၊ တစ်ဆိုင်ဝင် တစ်ဆိုင် ထွက် လိုချင်တာရှာလိုက်ဖြင့် ခြေထောက်တွေ ညောင်းညာလာပြီး ခေါင်းသာငြီးစီစီဖြစ်လာ သည်။ စိတ်ကြိုက်လိုချင်သောပစ္စည်း များများ စားစားမတွေ့ရပေ။

ဘာပဲဖြစ်ဖြစ် မိမိအတွက် ရှူးဖိနပ်ကောင်းကောင်းကို ဈေနှုန်းကောင်းနှင့်ရ၏။ သားအတွက် သားရည်ပိုက် ဆံအိတ်ရ၏။ မြေးအတွက် Lego set နှင့်ရေကူးဝတ်စုံရ၏။




ဒါလောက်ပဲ ၀ယ်ခဲ့ဖြစ်တယ်။
ဝယ်ခဲ့တာ ၃ အိတ်ယဲ့ယဲ့လေးပဲရှိတာ။


ဇနီးနှင့်သမီးအတွက် စိတ်ကြိုက်မတွေ့သဖြင့် ဘာမှမ၀ယ်ဖြစ်ခဲ့ပေ။ စားစရာများသာ ဟိုဟာနည်းနည်း ဒီဟာနည်းနည်း ၀ယ်ခဲ့ဖြစ်၏။

ကုန်တိုက်ကြီးအတွင်းတွင် တ၀ဲလည်လည်ဖြင့်သွားနေကြရင်း မိမိတို့အချင်းချင်း မကြာခဏ ဟိုနေရာတွေ့ ဒီနေရာတွေ့ဖြစ်နေကြသည်။ သူဘာတွေရလဲ ငါဘာတွေရလဲမေးပြီး ဘယ်ဆိုင်က ဘာပစ္စည်းတွေကောင်း ကြောင်း သတင်းဖလှယ်ကြသည်။






မိမိနှင့်ဇနီးတို့ လမ်းလျောက်တာကြာတော့ ညောင်းကညောင်း ဗိုက်ကလည်းဆာလာသဖြင့် စားသောက် ဆိုင်တစ်ခုသို့ဝင်ကာ အစာပြေစားရင်း ကားလာကြိုချိန်မရောက်သေးသဖြင့် နားနားနေနေ အချိန်ဖြုန်းရ သည်။







အစာစားပြီးသောအခါ နောက်တစ်နေရာသို့မသွားမီ ကုန်တိုက်ထဲမှာရှိတုန်း ကိုယ်လက် သန့်စင်ထားရသည်။ ဇနီးအားစောင့်နေရင်း အနီးရှိစာအုပ်ဆိုင်းထဲဝင်ကြည့်ရာ ကမ္ဘာအသက် အငယ်ဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ပါကစ္စတန်နိုင်ငံသူ အာဂသတ္တိခဲမလေး ‘မာလာလာ ယူစပ်ဖ်ဇိုင်း’ (Malala Yousafzai) ရေးသားသော “I Am Malala” (ကျမ မာလာလာပါရှင်) အမည်ရှိစာအုပ်ကို ၀ယ်ခဲ့၏။









No comments:

Post a Comment