"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, September 1, 2015

စကားပြေအလေ့အလာ (၄)



၁၃၇၇ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၂ ရက်



မနေ့က စကားပြေအလေ့အလာ (၇) ကိုတင်ပြီးမှ သူ့ရှေ့ က စကားပြေအလေ့အလာ (၆) နှင့် စကားပြေအ လေ့အလာ (၄) တို့ မတင်ရသေးမှန်း သတိပြုမိပါသည်။

သို့ဖြစ်ရာ မိမိမှာအသင့်ရှိနေသည့် စကားပြေအလေ့အလာ(၄)အား အစီအစဉ်မကျသော်ငြားလည်း တင်ပေး လိုက်ပါသည်။ မိမိတွင် လောလောဆယ် စကားပြေအလေ့အလာ (၆) မရှိသဖြင့် နောင်ကိုအလျဉ်း သင့်က ပြန်တင်ပေးပါမည်။  

ဆရာကြီးရွှေဥဒေါင်း၏ ‘တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ’ စာအုပ်မှာပါရှိသော ‘စာပေအရေးအ သား’အကြောင်းတွင် ဆရာကြီးက ‘ရိုးရိုးလေး ရေးခြင်း၊ အဓိပ္ပာယ်ရှင်းရှင်း  ရေးခြင်းနှင့် ဖတ်၍ ချောခြင်း’ အစရှိသည့် အင်္ဂါ ၃ ရပ်ကို ရှင်းပြခဲ့သည်မှာ စိတ်ဝင်စားစရာ ကောင်းလှ၏။ တန်ဖိုးရှိသောလမ်းညွှန်မှုဟု ဆိုနိုင်ပါသည်။

တစ်ခါ ‘ခွန်အားရှိသောစာ’ဟူသည် အဘယ်နည်း။


မိမိနှစ်ခြိုက်သောစာရေးဆရာကြီးများ၏ ရေးဟန်ကို မည်ကဲ့သို့ ‘သွေးကူး’ယူနိုင်ပါသလဲ စသည်ဖြင့် စာအရေး အသားကောင်းချင်သူများအဖို့ ဆရာမောင်ခင်မင်၏ယခုဆောင်းပါးမှာ လေ့လာစရာများကို တွေ့နိုင်ပါသည်။













No comments:

Post a Comment