၁၃၇၇ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁၂ ရက်
မလက္ကားမြို့ သို့ တစ်နေ့ခရီး (၃)
‘ပရာနာကန်’
(Peranakan) ကို စထရိတ်စ်တရုတ်လူမျိုး (Straits Chinese) ဟုလည်းခေါ် ကြပြီး မလေး ရှားနိုင်ငံရှိ
ပီနန်း (Penang)နှင့်မလက္ကားမြို့  (Malacca) များတွင်အခြေချနေ ထိုင်ကြသည်။
နေ့လည်စာကို
ညိုးညာ (ခေါ်) ပရာနာကန်အစားအာများဖြင့် စားကြရ၏။ ယင်းအစားအစာများမှာ မူလ တရုတ်အစားအစာကို
မလေးအစပ်ချက်နည်းဖြင့် ပေါင်းစပ်ထားသည်ဟု နားလည်မိပါသည်။ ပရာနာကန် အစားအစာရောင်းချသောစားသောက်ဆိုင်များကို မလေးရှားနှင့်စင်ကာပူနိုင်ငံများတွင် တွေ့နိုင်လေသည်။
ခရီးသွားကုမ္ပဏီက
ကြိုတင်စီစဉ်ထားပေးသဖြင့် Ole Sayang စားသောက်ဆိုင်တွင် မိမိတို့အတွက်
စားပွဲကြီး ၄ ၀ိုင်းကို နေ့ခင်းလူများချိန်တွင် အခက်အခဲမရှိ နေရာရခဲ့၏။
အစားအစာများမှာ
ကြာဇံကြော်၊ ငါးခေါင်းဟင်း၊ တိုဟူးဟင်း၊ ကြက်သားဆီပြန်ဟင်း၊ ကဇွန်းရွက်ကြော်၊ ကြက်ဥကြော်၊ ရေဘ၀ဲဟင်း (squid)၊ အိုတပ်-အိုတပ် (Otak-Otak) ဆိုသည့် ထောင်းထားသောငါးကို ငှက်ပျောဖက်နှင့်ထုတ်ပြီး
မီးကင်ထားသောအစာတို့ဖြစ်ကြသည်။
စားသောက်ဆိုင်အတွင်းစားနေစဉ်
ဆိုင်နံရံမှာချိပ်ထားသော ရှေးခေတ်က ပရာနာကန်ရိုးရာအ၀တ်အစား များနှင့်ဓာတ်ပုံများကို
မျက်စေ့ရောက်သွားမိသည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလ ၃ ပါးတွင် အတိတ် သည် လေ့လာရန်စိတ်ဝင်စားဖွယ်ကောင်းလှ၏။
သို့နှင့် ဓာတ်ပုံများကိုကြည့်ရင်း
အတွေးဆန့်မိ၏။
သွားလေရာရာမှာ ရှေးခေတ်က ပရာနာကန်ယဉ်ကျေးမှုအငွေ့အသက်များကို အနံ့ခံရှူရှိုက်ခံစားကြည့်မိ သည်။
အိမ်ထောင်ပရိဘောဂများ၊
အိမ်များ၊ မုဒ်ဦးပြသာဒ်များ လုပ်ငန်းများ စသည်စသည်။
ထို့ကြောင့်လည်း မလက္ကားမြို့ သည် ပရာနာကန်ယဉ်ကျေးမှုရှိသောမြို့ အဖြစ် သွားရောက်လည်ပတ်သူ နိုင်ငံခြားသားများသောမြို့ ဟု ထင်ရှားခြင်းဖြစ်ပါမည်။
ထို့ကြောင့်လည်း
နံနက် ၈ နာရီခွဲလောက်
မနက်စာသားပြီးကတည်းက ဘာမှမစားရသေးသဖြင့် မိမိတို့အားလုံး ဆာဆာနှင့် စားလိုက်ကြတော့၏။
စားသောက်ပြီးသောအခါ ဆိုင်ရှေ့ မှာ သူ့အစုနှင့်သူ အမှတ်တရဓာတ်ပုံရိုက်ကြသည်။ ပဲအမျိုးမျိုးပေးကြ ကုန်သည်။
ပဲပေးလို့ဝသောအခါ စင်ကာပူလူမျိုးတို့၏ ထင်ရှားသောဝါသနာတစ်ခုဖြစ်သည့် ရှော့ပင်း (shopping) လုပ်ရန် ဘတ်စ်ကားရှိရာသို့ သွားကြပါတော့သည်။
No comments:
Post a Comment