၁၃၇၇ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၉ ရက်
လူကြီးများဖတ်စရာ
ကလေးကဗျာတစ်ပုဒ်
မနေ့က မြန်မာပြည်ကို
ငွေပို့စရာရှိတာနဲ့ စင်ကာပူက မြန်မာရွာကြီးဖြစ်တဲ့ ပင်နင်းဇူးလားပလာစာကို ရောက်သွားခဲ့တယ်။
ငွေပို့ပြီးတော့
ထုံးစံအတိုင်း အိမ်ရှင်မက အသင့်စားနိုင်တဲ့မြန်မာပြည်က ကောက်ညင်းပေါင်းနဲ့စားစရာအချို
့ဝယ်နေတုန်း မိမိက စာအုပ်၊ မဂ္ဂဇင်းနဲ့ဂျာနယ်တွေ ဟိုကြည့်ဒီကြည့် လုပ်တယ်ဗျ။
ဒီတော့ မတွေ့တာ
မဖတ်ဖြစ်တာကြာပြီဖြစ်တဲ့ ‘သောင်းပြောင်းထွေလာရယ်စရာ’မဂ္ဂဇင်းကို မျက်စေ့ခလုပ်တိုက်ခဲ့မိပါလေရော။
စင်ကာပူနိုင်ငံကိုရောက်စက
ဒီမဂ္ဂဇင်းမှာ ပြဇာတ် ၃ ပုဒ်ရေးခဲ့ဖူးတယ်။ ကော်ပီကူးပြီး ကျွန်း သာယာမှာ ပြန်တင်ထားပါသေးတယ်။
မြန်မာပြည်မှာရှိနေတုန်းကတော့ အားကစားထိ ခိုက်ဒဏ်ရာရမှုဆိုင်ရာ ဝေဒနာတွေအကြောင်း
စာဖတ်သူတွေနဲ့ အမေးအဖြေတွေ အတော် လေးရေးခဲ့ဖူးတာ။ အဲဒီတုန်းက တာဝန်ခံအယ်ဒီတာက ကောက်နွယ်
(ကနောင်)ပါ။ အခုတော့ နောက်တစ်ဦး။
ဟုတ်ပါ့။ မနေ့ကအကြောင်းလေး
ဆက်ပြောရဦးမယ်။
မဂ္ဂဇင်းမျက်နှာဖုံးပေါ်မှာ
ကဗျာတစ်ပုဒ်ကို မရိုက်စဖူး ထူးထူးခြားခြားရိုက်ထားလေရဲ့ ။
ဒါနဲ့ အတွင်းစာမျက်နှာတွေကို
လှန်လှောမကြည့်မီ ကဗျာကို အရင်ဖတ်ကြည့်မိတယ်။
ပြီး ကြိုက်သွားတယ်။
နေပါဦး။ သိပ်ကိုကြိုက်သွားတယ်လို့
ပြောချင်တာပါ။
ဒါ အမှန်အကန်ပဲ။
ရေးစပ်ထားပုံက
မိမိတို့ငယ်စဉ်ကလေးဘ၀က နှစ်နှစ်ခြိုက်ခြိုက် ရွတ်ဖတ်ခဲ့ကြတဲ့ ဆရာကြီးမင်းသုဝဏ်၏ ‘၀ါဆိုဝါခေါင် ရေတွေကြီးလို့၊ သပြေသီးမှဲ့
ကောက်ဆို့ကွယ်’ ဆိုတဲ့ ကဗျာအလိုက်လေ။
ဆရာကြီး၏ ‘၀ါဆိုဝါခေါင်
ရေတွေကြီး’ တဲ့ကဗျာက ကလေးတွေမှာ ကြောက်ရွံ့ တဲ့စိတ်မရှိစေပဲ ရဲရင့်တဲ့စိတ်ဆောင်ဖို့
အဓိကလမ်းညွှန်ဆုံးမထားခဲ့တာ။
အခုကဗျာကတော့
ကြောက်ရွံ့ စရာကောင်းတာတွေကို အရှိအတိုင်း တကယ်ဖြစ်နေတဲ့အတိုင်း မြင်ကြ သိကြပြီး
ကြောက်ရကောင်းမှန်းသိကြစေဖို့။ သတိပြု ဆင်ခြင်ကြစေဖို့။
နောက်တော့ နောက်တော့
…
ကဲဗျာ။
စာဖတ်သူများကိုယ်တိုင်ပဲ
ဖတ်ပြီးတွေးသာကြည့်ကြပေတော့ဗျာ။
No comments:
Post a Comment