"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, April 12, 2011

အပူချိန်မြင့်လာသဖြင့် သေဆုံးသူများရှိ

ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက မြန်မာပြည်မှာ အပူချိန်မြင့်မားလွန်းလို့  လူအသေအပြောက်များခဲ့ရတာ မှတ်မိကြဦးမှာပါ။ အထူးသဖြင့် ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုတွေ အဖြစ်များတာဖြစ်တယ်။

ယခုတလောလေးမှာ အပူရှိန်မြင့်လာတာနဲ့ လူအချို့ ရုတ်တရက်အပူရှပ်ပြီးသေတာမျိုး ရှိလာတယ် ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနက ယခုလဆန်းပိုင်းမှာ အပူဒဏ်ကာကွယ်ရေး သတိပေးနိုးဆော်ချက်တွေ ထုတ်ပြန်ခဲ့ရတယ်။

လောလောဆယ်မှာတော့ အပူချိန်က မနှစ်ကလောက် သိပ်မမြင့်သေးပေမယ့် အပူရှိန်ရဲ့ဒဏ်ကိုတော့ သိသိသာသာ  ခံစားလာရပြီလို့ ကြားသိရတယ်။ မန္တလေးကလူတစ်ချို့ဆိုရင် ပူလွန်းလို့ ညဖက်တွေမှာ အိပ်မရကြဘူးလို့  ငြီးစပြုလာကြပြီ။

No comments:

Post a Comment