"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 24, 2011

စင်ကာပူနိုင်ငံမှ အလှူရှင်များ

သက်ကြီးပူဇော်ပွဲနှင့် ကျောင်းသုံးပစ္စည်း လှူဒါန်းပွဲ


ဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလ (ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ) ဦးစီးပြီး စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှ ဒကာ၊ ဒကာမ မိသားစုများက စစ်ကိုင်တိုင်း မြင်းမူမြို့နယ်မှာရှိတဲ့ လက်ပံစံပြကျေးရွာမှ အသက် ၇၀နှင့်အထက် အဘိုး ၄၉ ဦးနှင့် အဘွား ၇၅ဦး စုစုပေါင်း ၁၂၄ဦးတို့ကို ဧပြီလ ၂၁ ရက်နေ့က သက်ကြီးပူဇော်ခဲ့ကြပါတယ်။ တစ်ဖန် မြင်းမူမြို့နယ်နှင့်မြောင်မြို့နယ်တို့ရှိ ကျေးရွာ ၁၄ ရွာမှ ကျောင်းသား ကျောင်းသူ ၂၀၇၈ဦးနှင့် ဆရာ ဆရာမ ၁၁၃ ဦးတို့ကိုလဲပဲ ငွေကျပ် ၃၇၅ သိန်းကျော် တန်ဖိုးရှိကျောင်းသုံးပစ္စည်းများကို လှူဒါန်းခဲကြပြီးတော့ တိုင်းဒေသကြီးပညာရေးမှူး နှင့်မြို့နယ်ပညာရေးမှူးတို့နှင့်အတူ ဆုရကျောင်းသူကျောင်းသားများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြ ပါသေးတယ်။  

အလှူရှင်များဖြစ်ကြတဲ့ စင်ကာပူနိုင်ငံမှ မစ္စတာစီဟောက်ချန်နှင့် မစ္စတာသောမတ်စ်၊ မလေးရှားနိုင်ငံမှ မစ္စတာဟာမန်လင်းတို့က ကျောင်းဝတ်စုံများ၊ လွယ်အိပ်များနှင့် စာအုပ်များ လှူဒါန်းကြတာဖြစ်တယ်။ 

၂၀၁၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ...





No comments:

Post a Comment