"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 3, 2011

Miss ASEAN TV Charming 2011 Beauty Pageant ပြိုင်ပွဲ

Miss ASEAN TV Charming 2011 Beauty Pageant ပြိုင်ပွဲကို မတ်လ ၁၂ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပခဲ့ရာ မြန်မာပြည်မှ မသန္တာနွယ်နဲ့ မအောန်ဆိုင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးက ဆီမီးခွက်အကဖြင့် လှလှပပလေး ဖျော်ဖြေခဲ့ကြတယ်။

ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားနိုင်ခဲ့တာကို ချီးကျူးဂုဏ်ယူမိပါတယ်။ ဘာသာစကား အတန်အသင့် အားနည်းတာ ကြိုးစားယူလို့ ရပါတယ်။ အမျိုးမျိုးသောဝေဖန်ချက်တွေကို လေးစားစွာ ဖတ်ရှုသတိပြုပြီး မိမိလုပ်သင့်တာ ပြုပြင်သင့်တာတွေကို နည်းမှန်လမ်းမှန်နဲ့ မျက်ခြည်မပြတ် တစိုက်မတ်မတ်လုပ်သွားကြမယ်လို့ မျှော်လင့်ယုံကြည်မိပါတယ်။

မြန်မာပြည်မှ မော်ဒယ်မသန္တာနွယ်က Miss Talent Award ရရှိခဲ့ပြီး ဘရူနိုင်းမယ် "ပူထရီနော်ရီဇာ"က
Miss ASEAN TV Charming 2011 ရရှိသွားခဲ့ပါတယ်။


မြန်မာနိုင်ငံမှ ယှဉ်ပြိုင်သူနှစ်ဦးရဲ့ အနုပညာအရည်အသွေးကို ကြည့်ရှုအားပေးလိုသူများအတွက် .....

Click here to see Miss Asean Contestants 2011.

No comments:

Post a Comment