"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, April 6, 2011

စာပေနယ်မှ ရောင်းရင်းများ





စာရေးသူဟာ မဂ္ဂဇင်းများ၊ သုတစာအုပ်များနှင့် ပြည်သူပိုင်သတင်းစာများမှာပါ နှစ်အတန်ကြာတဲ့အထိ
စာများရေးခဲ့တာဖြစ်လို့ ပေါင်းသင်းဆက်ဆံခဲ့ရတဲ့ စာရေးဆရာတွေ သတင်းစာဆရာတွေ အယ်ဒီတာ
တွေ အတော်များများရှိခဲ့တာဖြစ်တယ်။

တစ်ချို့ကတော့ တွေ့တဲ့အခါ ခေါ်ပြောနူတ်ဆက်ရုံလေးလောက်ပါ။
တစ်ချို့ကတော့ နူတ်ဆက်ရုံအပြင် အလာပ သလာပလေးပြောလို့ရတယ်။
တစ်ချို့ကြတော့ တကယ်ကို ခင်ခင်မင်မင် ရင်းရင်းနှီးနှီးကြီး။ ပြောမနာ ဆိုမနာတွေ။





   


စာရေးဆရာမကြီးဒေါ်ကလျာ(၀ဲ)၏အိမ်တွင် စာရေးဆရာကြီးမောင်လင်းယုန်-ရှမ်းပြည်
(ကျောပေးထား)တို့နှင့် စကားစမြည်လက်ဆုံကျလျက်..။


ကလျာမဂ္ဂဇင်းမှာ ဆောင်းပါးများရေးပြီး စာမူသွားပေး စာမူခသွားယူရင်း ဆရာမကြီးကလျာ(၀ိဇ္ဇာ-သိပ္ပံ) 
နဲ့ ခင်မင်ရင်းနှီးခဲ့တာဖြစ်တယ်။ အဲဒီအချိန်က စာရေးဆရာမောင်သက်ကြူက တာဝန်ခံစာတည်း ဖြစ်
တယ်။ ကိုသက်ကြူက ဆရာမကြီးနဲ့ စာရေးသူတို့ကို မိတ်ဆက်ပေးခဲ့တာပါ။ မြန်မာပြည်ကို အလည်ပြန်
တိုင်း ဆရာမကြီးတို့အိမ်ကို သွားလည်တတ်တယ်။ ဆရာမကြီးနဲ့အတူ တစ်ခါတစ်ခါမှာ ဆရာမကြီး၏ခင်
ပွန်းဖြစ်သူ  ဆရာဦးစိန်ကြီး (ကာတွန်းစိန်ကြီး)ကိုပါတွေ့ရတတ်တယ်။ ဆရာမကြီး စင်ကာပူကိုလာလည်
စဉ်ကလည်း စာရေးသူတို့အိမ် ရောက်ခဲ့ပါသေးတယ်။

လုံးချင်းဝတ္တုလောကမှာ ဆရာမကြီးဟာ စာရေးအားကောင်းသူအဖြစ်ထင်ရှားသူဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်
က စာရေးသူတို့မိသားစု မြန်မာပြည်သို့ နောက်ဆုံးအခေါက်ရောက်ခဲ့စဉ်က ဆရာမကြီးမှ မေတ္တာလက်
ဆောင် ပေးလိုက်တဲ့ "ဆည်းဆာမလှတဲ့ ညနေ"၀တ္တုဟာ ၁၀၃ အုပ်မြောက်စာအုပ်ပါ။ စာရေးသက် ၃၃
 နှစ်ပြည့်တဲ့ ၂၀၀၂ ခုနှစ်တွင် ဆရာမကြီးရဲ့ အုပ် ၁၀၀ မြောက်ဝတ္တုဖြစ်တဲ့ "ငပလီနှင့် လန်ကာဝီ" ထွက်ခဲ့
တာဖြစ်တယ်။ လုံးချင်းဝတ္တုများအပြင် မဂ္ဂဇင်းဝတ္တုရှည်နဲ့ ၀တ္တုတိုများလည်း ရေးသားခဲ့ပါသေးတယ်။ 



စာရေးဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)

ဆရာကြီးမောင်လင်းယုန်(ရှမ်းပြည်)အား စာရေးသူက ရုရှား(ထိုစဉ်က ဆိုဗီယက်)သံရုံးမှကျင်းပခဲ့တဲ့ ဧည့်
ခံပွဲတွေမှာ ၁၉၇၂ လောက်က စပြီးတွေ့ခဲ့ရတာဖြစ်တယ်။ အထူးသဖြင့်တော့ ဆိုဗီယက်ယဉ်ကျေးမှုစင် တာ(Cultural Centre)မှာ ပြုလုပ်တဲ့ အခန်းအနားတွေပါ။ အဲဒီတုန်းက ဆိုဗီယက်ယဉ်ကျေးမှုစင်တာက 
ဟံသာဝတီအ၀ိုင်းကြီးကနေ တောင်ဖက်(ပြည်လမ်းမပေါ်)မှာ ခြံလေးခြံလောက်ပဲ ဝေးတာ။ တစ်ခါတစ်
လေမှာတော့  အခန်းအနားရယ်လို့ မဟုတ်ပါဘူး။ ဆိုဗီယက်ရုပ်ရှင်ကားတွေ ဖိတ်ပြီးပြတာလောက်ပါ။ ဒီ
အခါ ရုရှားသံဝန်ထမ်းတစ်ဦးဦးက မိတ်ဆက်စကား အနည်းအပါးပြောလေ့ရှိတတ်တယ်။

ဆရာမောင်လင်းယုန်က ရုရှားသံဝန်ထမ်းတွေနဲ့ မြန်မာတွေကို အင်္ဂလိပ်စကားမှမြန်မာစကား မြန်မာစ
ကားမှ အင်္ဂလိပ်စကားသို့ ပြန်ပေးတာဖြစ်တယ်။ ခုခေတ်ကာလမှာဆို Live interpretation( တိုက်ရိုက်စ
ကားပြန်ခြင်း) လို့ ဆိုနိုင်မလားပဲ။ စာရေးဆရာတင်သန်းဦးရဲ့ဖခင် ဦးတင်သန်း(စာရေးဆရာငွေမောင်း)
က အဲဒီစင်တာမှာ အလုပ်လုပ်တာဖြစ်လို့ သိကျွမ်းခဲ့ရပြန်တယ်။ တင်သန်ဦးကိုတော့ နောင်ကြာလှမှ
(၁၉၈၈ ၀န်းကျင်လောက်) သိကျွမ်းခဲ့တာ။   








စာရေးဆရာမောင်အောင်မွန်(နာမည်ရင်း - ဦးဝင်းအောင်) စင်ကာပူကို 
ရောက်လာစဉ်က စာရေးသူ၏အိမ်မှာ စားကြသောက်ကြရင်း...။




ဦးဝင်းအောင်ကို ရန်ကုန်မှာတွေ့ပြီး ရင်းနှီးခဲ့ပါတယ်။ သူ့မိသားစု ကိုယ့်မိသားစုချင်းပါ မိတ်ဆွေဖြစ်ကြတာ။ 
ယခင်က ဆိုဗီယက်ရုရှားရှိ မော်စကိုအသံလွှင့်ဋ္ဌာနမှာ အလုပ်လုပ်ခဲ့ပြီး ယခုအခါမယ်တော့ အမေရိကန် 
အသံလွှင့်ဋ္ဌာန (VOA)မှာလုပ်ကိုင်နေတာဖြစ်တယ်။  စာရေးသူရှိရာစင်ကာပူကို သူကိုယ်တိုင်လာရောက် တွေ့ဆုံမေးမြန်းပြီး VOAမှ အသံလွှင့်ပေးခဲ့ဖူးသလို အမေရိကန်ကနေ စာရေးသူကို တယ်လီဖုန်းနဲ့မေး
မြန်းပြီးအသံလွှင့်ပေးခဲ့တာမျိုးလဲ ရှိပါတယ်။

သူက မောင်အောင်မွန်ဆိုတဲ့ ကလောင်အမည်နဲ့ ၀တ္တုတိုတွေ ရေးခဲ့တာ။ 
နောက်ပြီး '၀င်းအောင်ကြီး'ဆိုတဲ့ကလောင်အမည်နဲ့ 'မြစ်မခ'သတင်းစာ။ဂျာနယ်တွင် ဆောင်းပါးများရေး
ခဲ့သည်။










စာရေးဆရာ ချစ်စံဝင်း စင်ကာပူကို ပထမဆုံးအခေါက်ရောက်စဉ်က 
တိုပါးယိုးရှိ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာ စာရေးသူနဲ့ မှတ်မှတ်ရရ...။
(၀ဲဖက်မှ- သမီး၊ မိမိနှင့်သား၊ ဒေါ်စိုးစိုးအေး၊ ဆရာချစ်စံဝင်း)


အဲဒီနေ့က ဘုန်းကြီးကျောင်းမှာ ကထိန်ရှိလို့ စာရေးသူတို့မိသားစုက ကျောက်ကျောသွားကျွေးကြတာ။ 
ဆရာချစ်စံဝင်းနဲ့ စာရေးသူတို့ရဲ့ နောက်နားဖက်မှာ ရပ်နေတာက စာရေးသူ၏ဇနီး ဒေါ်စိုးစိုးအေးပါ။  

ဆရာချစ်စံဝင်းနဲ့စာရေးသူတို့ ၁၉၈၆ခုနှစ်က အမျိုးသားစာပေဆု အတူတူရရှိခဲ့ကြတာဖြစ်တယ်။
အမျိုးသားစာပေဆုရရှိခဲ့တဲ့ သူ့စာအုပ်က "ဤခရီး နီးသလား" ဖြစ်ပါတယ်။ 

တစ်ခါ ၁၉၈၉ ခုနှစ်တွင်"ဆန်ဖွတ်သည့်အဖိုးအို"စာအုပ်ဖြင့် အမျိုးသားစာပေဆုကို ဆရာချစ်စံဝင်းက ဒု
တိယအကြိမ် ထပ်မံရရှိခဲ့ပြန်ပါတယ်။

ဆရာချစ်စံဝင်းဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ပါတီကထုတ်ဝေတဲ့စာစောင်များတွင် အယ်
ဒီတာ အယ်ဒီတာချုပ်စတဲ့ စာပေတာဝန်တွေယူခဲ့တာဖြစ်တယ်။ ခရီသွားအတွေ့အကြုံ၊ ကြီးပွားတိုးတက် 
ရေးတက်ကျမ်းများနဲ့ ဆရာတော်ဘုရားများ၏ထေရုပ္ပတ္တိစာတမ်းစာအုပ်များလည်း ရေးသားပြုစုခဲ့ပါတယ်။

"ရန်ကုန်ကမိတ်ဆွေတချို့ ကမှာလိုက်တယ်ဗျ။ ဆရာဦးတင်မောင်အေးကိုတွေ့ချင်လို့ရှိရင် တိုပါးယိုးဘုန်း
ကြီးကျောင်းကိုသာသွား။ သေချာပေါက်တွေ့တယ်ဆိုလို့လာခဲ့တာ ဆရာ့ကို ဒီမှာတွေ့ရတာအတော်ပဲ"ဟု
ဆရာချစ်စံဝင်းကပြောခဲ့ပါတယ်။ 

ဟုတ်ပါတယ်။
အဲဒီအခါတုန်းက Burmese Buddhist Temple (BBT) ကျောင်းကြီးဖြစ်မြောက်ရေးအတွက် မြန်မာများ၊ 
စင်ကာပူနိုင်ငံသားမိတ်ဆွေများနဲ့အတူ ကြိုးပမ်းနေကြတာဖြစ်လို့ မိမိလည်း တနိုင်တပိုင်ပါဝင်ဆောင်
ရွက်နေခဲ့တာပါ။ 





















စာရေးဆရာကြီးမှုးသမိန်(စားပွဲထိပ်တွင်ထိုင်နေသူ)အား တိုပါးယိုးရှိ မြန်မာဗုဒ္ဓဘာသာ 
ဘုန်းတော်ကြီးကျောင်း အစည်းအဝေးတစ်ခုတွင် စာရေးသူနှင့်အတူ ....။




စာရေးဆရာကြီးမှုးသမိန်(ဗိုလ်မှုးကြီးစောမြင့်- ငြိမ်း)ကို စာရေးသူက ပေဖူးလွှာမဂ္ဂဇင်းတိုက်မှာ ပထမဆုံး 
စပြီးတွေ့ခဲ့ဖူးတာဖြစ်တယ်။ အဲဒီတုန်းက စာရေးသူက ပေဖူးလွှာမဂ္ဂဇင်းထုတ်ဝေသူ ဦးမြလှိုင်နဲ့ တာဝန်ခံ 
အယ်ဒီတာ ဦးခင်မောင်မြင့်တို့ဆီ အရောက်အပေါက်များခဲ့ပြီး ဦးမြလှိုင်နဲ့ရင်းနှီးကျွမ်းဝင်တဲ့ဆရာကြီးကို
ပါ တွေ့ပြီး သိရှိခဲ့ရတယ်။ ဟိုတုန်းက မဂ္ဂဇင်းများမှာပါရှိခဲ့တဲ့ ဆရာကြီး၏ ဒေသန္တရ ခရီးသွားဆောင်းပါး
များကို စာရေးသူများစွာနှစ်ခြိုက်မိခဲ့ပါတယ်။ အဲဒီဆောင်းပါးတွေထဲက ဆရာကြီးတာဝန်ဖြင့်ခရီးသွားရင်း 
ကြုံတွေ့ခဲ့ရတဲ့ တိုင်ရင်းသားလူမျိုးများအကြောင်းနဲ့ သူတို့ရဲ့ ဓလေ့ထုံးစံများအကြောင်းဟာဖြင့် နယ်ခြား
aဒသတွေကို အရောက်အပေါက်မရှိဖူးသူများအတွက် အလွန်ပင် စိတ်ဝင်စားစရာaကာင်းပါတယ်။  

ဆရာကြီးက "ယိမ်းနွဲ့ပါး" ဆိုတဲ့ တစ်ခြားကလောင်အမည်နဲ့ပါ ဆောင်းပါးများ လုံးချင်းဝတ္တုများရေးသား
ခဲ့ ပါသေးတယ်။ ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဖြစ်
ခဲ့ပြီး လုပ်သားပြည်သူ့နေစဉ်သတင်းစာကို မြန်မာနှင့် အင်္ဂလိပ်နှစ်စောင် ထုပ်ဝေနိုင်ခဲ့တာဖြစ်တယ်။

ငယ်စဉ်ကျောင်းသားဘ၀ကတည်းကပင်  မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များရင့်သန်ခဲ့ပြီး ကျောင်းသားအရေး
တော်ပုံများ၌ တက်တက်ကြွကြွပါဝင်ခဲ့ကာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနဲ့ ကျောင်းသားသံမဏိတပ်ဗိုလ်များ
အဖြစ်တာဝန်ယူခဲ့သူဖြစ်ကြောင်း မှတ်သားရဖူးပါတယ်။ 
ယခုအခါတွင် မဟာသန္တိသုခ ဗုဓ္ဒသာသနာပြုကျောင်းတော်ကြီးရဲ့ ဂေါပကအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်
နေကြောင်း ကြားသိရပါတယ်။ 
 








 
စာရေးဆရာရွှေဘိုဘာမထီခင်အောင်၏အိမ်မှာ 
ဆရာတပည့်နှစ်ဦး  အမှတ်တရ..။


ဆရာဘာမထီဟာ စာရေးသူငယ်စဉ်က ရွှေဘိုမြို့မှာ လူငယ်တွေကိုလက်ဝှေ့ (Boxing)ပညာသင်ပေးခဲ့တဲ့  
လက်ဝှေ့သင်တန်းနည်းပြဆရာဖြစ်ပါတယ်။ ဆရာရဲ့ဖခင်က ရဲဝန်ထောက်တစ်ဦးဖြစ်တယ်။ အဲဒီအချိန်က
တည်းက ဆရာဘာမထီ စာတွေရေးနေပြီဖြစ်တယ်။ 
စာလဲရေးတယ်၊ လက်ဝှေ့လဲသင်ပေးနေခဲ့တယ်။

ဆရာ့ထံမှာ လက်ဝှေ့ပညာသင်ယူကြသူတွေထဲမှာ စာရေးသူလဲ အပါအ၀င်ဖြစ်ပါတယ်။  
ရွှေဘိုမြို့ရှိ အစိုးရတန်းလတ်ကျောင်း သတ္တမတန်းမှာပညာသင်နေချိန်ဖြစ်တယ်။ စာရေးသူ တက္ကသိုလ်
ကိုသွားတဲ့ ၁၉၆၅-၆၆ ခုနှစ်ကတည်းက ဆရာနဲ့ မတွေ့ ဖြစ်ကြတာ ၁၉၈၁-၈၂ခုနှစ်များတွင်မှ ရန်ကုန်မှာ 
ပြန်တွေ့ဖြစ်ကြတော့တာ။ 

အဲဒီအချိန်က စာရေးသူ စာတွေအတော်လေးရေးဖြစ်တာမို့ စန္ဒာမဂ္ဂဇင်းတိုက်မှာဆရာနဲ့တွေ့တော့ ဆရာ
က "ညီလေး စာတွေအတော်လေးရေးနိုင်နေပါလားကွ။ လူငယ်ခြေသွက်ကလေးပဲ"လို့ ပြောခဲ့တယ်။
 
နောက်ပြီး "ဆရာ့တပည့်တွေထဲမှာ ညီလေးတစ်ယောက်ပဲ စာရေးဆရာဖြစ်တာမို့ ဆရာဂုဏ်ယူတယ်ကွာ"
လို့လဲ ပြောခဲ့သေးတာ။

ဆရာဘာမထီဆီမှ လက်ဝှေ့ပညာအပြင် တစ်ခြားအလွန်အဖိုးတန်တဲ့ သင်ခန်းစာတွေကို စာရေးသူ ရရှိခဲ့ 
ပါသေးတယ်။ 
အဲဒါတွေကတော့ စည်းကမ်းနဲ့ စိတ်ဓါတ်ဖြစ်တယ်။ 
စည်းကမ်းနဲ့ပတ်သက်လို့ ဥပမာပေးရရင် လက်ဝှေ့လေ့ကျင့်တဲ့အခန်းထဲမ၀င်ခင် ဖိနပ်ကို အခန်းဝမှာ ဖြစ်
သလိုမချွတ်ရပဲ သေသေသပ်သပ်လေးထားရတယ်။ အပြင်က၀တ်လာတဲ့အင်္ကျီလုံချည်များကိုလဲ တွေ့က
ရာချွတ်ထား ပုံထားခြင်းမရှိစေရပဲ အင်္ကျီကိုနံရံကချိပ်မှာ ချိပ်၊ လုံချည်ကို သေချာခေါက်ပြီးထားရခြင်း၊ အ
ခန်းထဲမှာ လက်ဝှေ့သမားနှစ်ဦးလေ့ကျင့်ထိုးသတ်နေပြီး ဆရာက ကြည့်ရှုသင်ကြားပြသပေးနေတဲ့အခါ
မှာ ကျန်သူများက ဘာစကားမှမပြောပဲ ထိုးကွက် ရှောင်ကွက် ဆရာရဲ့ပြုပြင်ညွှန်ကြားမှုတွေကို ကြည်ရှု
နားထောင်မှတ်သားနေရမယ်။ 

စိတ်ဓါတ်နဲ့ပတ်သက်ပြီး 'အနိုင်မခံ အရှုံးမပေးတဲ့စိတ်'ကိုထာဝရမွေးမြူရေး၊ ရွှေဘိုသားအလောင်းဘုရား
ကြီး ဦးအောင်ဇေယျ၏သတ္တိဗျတ္တိအား စံပြုလျက် "ရွှေဘိုသားစိတ်ဓါတ်"ကို မမှိတ်မသုန်ခံယူထားရေး၊ 
လက်ဝှေ့စင်ပေါ်တွင် မိမိက လက်ရည်နိမ့်သဖြင့် တစ်ဖက်သတ်ခံနေရစေကာမူ ဘယ်တော့အခါမှ လက်
မြှေက်အရှုံး မပေးရ၊ ဒိုင်က ပွဲရပ်ပေးမှသာ ရှုံးစေရမယ်၊ တစ်ဖက်လက်ဝှေ့သမားအား ညစ်ပြီးထိုးသတ်ခြင်း လုံးဝမပြုလုပ်ရ(ဥပမ- ခေါင်းဖြင့် မတော်တစ်ဆဟန်ဆောင်တိုက်ခြင်း၊ တံတောင်ဖြင့် ၀ိုက်/ပင့်ရိုက်ခြင်း)၊ 
စည်းကမ်းများကိုမလိုက်နာက ရွှေဘိုကျားနက်လက်ဝှေ့အသင်းမှ ထုတ်ပစ်မယ်။ တစ်ချက်လွှတ် အမိန့်။



























In the early 1960s, Saya Bamahti Khin Aung was unfairly punished for training women boxers and allowing them to fight in the ring. Now women boxing is globally recognised. Saya could be viewed as a far-sighted and visionary boxing trainer who dared to confront sport authorities.








No comments:

Post a Comment