"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, April 9, 2011

စင်ကာပူရောက် မြန်မာ့သင်္ကြန်

မြန်မာသင်္ကြန်ပွဲ စင်ကာပူတွင် ကျင်းပမည်

သန်းထိုက်ဦး

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို စင်ကာပူနိုင်ငံ ပင်နင်ဆူလာပလာဇာ၌ ဧပြီလ ၁၀ ရက်နေ့တွင် ကျင်းပရန် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ အသင်း (Myanmar Business Association) က စီစဉ်ထားကြောင်း အသင်းဝင်တစ်ဦးဖြစ်သူ ဦးညီညီထွန်း က ပြောသည်။

"ဒီနှစ်သင်္ကြန်ကို အသင်းအနေနဲ့ မြန်မာအများစုရှိတဲ့ ပင်နင်ဆူလာ ပလာဇာမှာ ကျင်းပသွားမှာပါ။ ဒီနှစ် အတာ သင်္ကြန်ပွဲကို လေးဇီး ကလပ်တီးဝိုင်းနဲ့ ဖျော်ဖြေသွားမှာပါ" ဟု ၎င်းကဆိုသည်။
အဆိုပါပွဲကို ပလာဇာတွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပ သွားမည်ဖြစ်ပြီး တေးသံရှင် ဇော်ပိုင်၊ L လွန်းဝါနှင့် ဟေမာနေ၀င်းတို့ ပါဝင် ဖျော်ဖြေမည်ဖြစ်သည်။

"ဒီပွဲကို ကျင်းပဖို့ စင်ကာပူနိုင်ငံက မိုဘိုင်းဖုန်းကုမ္ပဏီ M1 က စင်ကာပူ ဒေါ်လာ ၂၀,၀၀၀ အဓိက ပံ့ပိုးပါတယ်။ စုစုပေါင်း ဒေါ်လာ ၄၀,၀၀၀ လောက် ကုန်မယ်လို့ ခန့်မှန်းထားပြီး ကျန်တဲ့ငွေကိုတော့ စင်ကာပူက မြန်မာကုမ္ပဏီ ကိုးခုလောက်က ၀ိုင်းဝန်းပံ့ပိုးကြမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ပွဲစီစဉ်ကျင်းပသည့် MBA သည် စင်ကာပူနိုင်ငံတွင် မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲများကို ၂၀၀၆ ခုနှစ်မှ စတင် ကျင်းပခဲ့သည်။ 

မြန်မာတိုင်း(မ်) အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ဧပြီလ၊ ၂၀၁၁) မှ သတင်းကို မူရင်းအတိုင်း တစ်ဆင့်ဖော်ပြပေးလိုက်ခြင်းပါ။ 

No comments:

Post a Comment