"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, August 7, 2015

ယူ-၁၆ မြန်မာဘောလုံးအသင်း AFF U-16 Championship ဗိုလ်လုပွဲတက်ပြီ


၁၃၇၇ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် ၇ ရက်



လာအိုအသင်းကို အနိုင်ကစားအပြီး အောင်ပွဲခံနေကြတဲ့ မြန်မာဘောလုံးသမားများ။
(ဓာတ်ပုံ- အင်တာနက်)



မြန်မာပြည်မှာ အခုအချိန်ဟာဖြင့် ရေဘေးကိစ္စကို အရေးတကြီးအထူးဂရုစိုက် လုံးပမ်းနေ ကြရတာဖြစ်လို့ မြန်မာ့ဂုဏ်ဆောင် ယူ-၁၆ ဘောလုံးသမားများ၏ အောင်ပွဲသတင်းကို သတိမပြုနိုင်ပဲ ရှိနေကြရပါတယ်။

ဒါဟာ သဘာဝကျပြီး အဓိပ္ပာယ်ရှိတာလည်းဖြစ်ပါတယ်။

သို့ပေမယ့် ရေဘေးကိစ္စများအကြောင်းကို မျက်ခြည်မပြတ်လေ့လာသတင်းပေးနေရင်းက ရေဘေးဒုက္ခ သတင်းများနဲ့ စိုးရိမ်မှုကြီးစွာထိခိုက်ခံစားနေကြရသော မြန်မာဘောလုံး ၀ါသနာရှင်များကို စိတ်ဖြေ သာမှု အနည်းငယ်မျှရနိုင်စေရန်လည်းကောင်း၊ နိုင်ငံကို ကိုယ်စားပြုပြီး အားကြိုးမာန်တက်ကစားနေ ကြတဲ့ ယူ-၁၆ မြန်မာဘောလုံးသမားများအား ထိုက်သင့်စွာ အားပေးဖို့ရန်လည်းကောင်း အခုလေး တင်က ဧရာဝတီသတင်းဌာန (မြန်မာပိုင်း) မှရရှိခဲ့တဲ့ ၀မ်းသာဂုဏ်ယူစရာ အားကစားသတင်းလေး ကို ဖောက်သည်ချပါရစေ။

အုပ်စု (ခ) မှာ မြန်မာဘောလုံးအသင်းက စင်ကာပူကို ၃ ဂိုး-၁ ဂိုး၊ ဖိလစ်ပိုင်ကို ၃ ဂိုး-၀ ဂိုး၊ ကမ္ဘောဒီးယား ကို ၃ ဂိုး-၀ ဂိုးနဲ့ အသီးသီးအနိုင်ရရှိခဲ့ပြီး ဒီကနေ့မှာတော့ လာအိုအသင်း ကို ၁ ဂိုး-၀ ဂိုးနဲ့နိုင်ပြီး ဗိုလ် လုပွဲကို တက်သွားပြီဖြစ်ပါတယ်။


မြန်မာအသင်းဟာ အုပ်စု (က) မှ ထိုင်း သို့မဟုတ် သြစတြေးလျအသင်းနဲ့ သြဂုတ်လ ၉  ရက် (တနင်္ဂနွေ) နေ့မှာ ဗိုလ်လုပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။





သြဂုတ် ၁၀ ရက်၊ ၂၀၁၅


 မြန်မာဘောလုံးအသင်း AFF U-16 Championship ဗိုလ်လုပွဲသတင်း 






မြန်မာ့အလင်းသတင်းစာ။ (၁၀ ရက် သြဂုတ်လ၊ ၂၀၁၅)














No comments:

Post a Comment