"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, August 5, 2015

မြန်မာပြည်ရေကြီးဖြစ်စဉ် သတင်းအပိုင်းအစလေးများ (၂)



၁၃၇၇ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် ၅ ရက်



သူ့အရွယ်လေးနဲ့မလိုက်အောင် ကြုံတွေ့နေရတဲ့အသက်အန္တရာယ်ကို သူ့ခမျာ ဘယ်လောက်များကြောက်ရွံ့  တုန်လှုပ်ချောက်ချားစွာ ရင်ဆိုင်ခံစားနေရရှာမလဲဆိုတာ တွေးဝံ့စရာပင် မရှိတော့ပါ။






ကျမတို့အဖွဲ့လာလှူတာကို ကြားလို့တဲ့
ရေထဲကနေ ကူးလာပြီး လာယူတဲ့ အဘ



အဘရယ် ရေထဲမဆင်းလာပါနဲ့ သမီးတို့ လာပေးပါ့မယ်လို့ ပြောတာတောင် လက်မခံပဲ အခုလို လာယူတဲ့ အဘ။

မြင်ရတာ ကြုံရတာ ရင်ထဲဆို့နင့်နေတာပဲ။

ကျမတို့ ပြည်သူတွေ အခုလို ဒုက္ခ တွေ ဘယ်အချိန်ထိ ခံစားနေရမှာလဲ ဗျာ..


(Pretty Cat JJ)






ဒီကနေ့ရရှိသောသတင်း


ချင်းပြည်နယ် ပလက်ဝဒေသ ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေဆဲ


ဧရာဝတီ၏မူရင်းသတင်းကို ဖေ့စ်ဘွတ်မှတစ်ဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။


ချင်းပြည်နယ် ပလက်ဝမြို့နယ် လေးမြို့ ချောင်းနှင့် ၀က်ချောင်းရွာမှ ကျောင်း တကျောင်းနှင့် အိမ်ခြေ ၅၀ ခန့် ရေထဲမျောပါသွားသည့်အတွက် အရေးပေါ် အကူအညီလိုအပ်နေကြောင်း သံထောင်အုပ်ချုပ်ရေးမှူးကို ကိုးကား၍ ခူမီးမီဒီယာကဖော်ပြသည်။

တောင်းဘွဲ့ကျေးရွာတွင် အိမ်ခြေ ၃၀ ရှိသည့်အနက် ၃ အိမ်သာကျန်ရှိပြီး မူလတန်ကျောင်းခွဲပါ ရေထဲမျော သွားခြင်းဖြစ်ပြီး အလားတူ ၀က်ချောင်းရွာမှ အိမ်ခြေ ၂၀ ကျော်လည်း ရေထဲမျောသွားပြီး စာသင်ကျောင်း မှခုံများလည်း ပျက်စီးနေကြောင်း သိရသည်။

သြဂုတ် (၄)ရက်နေ့အထိ ရရှိသော ပလက်ဝမြို့နယ်မှ ရေဘေးသင့်ဒုက္ခသည်နှင့် အပျက်အစီးစာရင်းမှာ တောင်းဘွေ့ရွာ ၂၇ အိမ်၊ ဝက်ချောင်းရွာ ၂၁ အိမ်၊ တောင်းဘွေ့ရွာ အမကခွဲကျောင်း၊ အဘောင်သား ကြိုး တံတား၊ ရွီးဖလောင်းမှ ပလက်ချောင်းတံတားဖြစ်ပြီး အိမ်ခြေ ၈၈၀ခန့်နှင့် သေဆုံးသူ ၃ဦးရှိကြောင်း သိရ သည်။


ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် ထိစပ်နေသည့် ဒေသတခုဖြစ်ပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။




ယုံသော်ရှိ မယုံသော်ရှိ


ပြည်သူပြည်သားတစ်ရပ်လုံးကို ဦးထိပ်ပန်ဆင်ပြီး ထိပ်ဆုံးကိုရောက်အောင် လုပ်ပေးထားတာပါတဲ့ဗျို့  ..








BBC Burmese ၏မူရင်းသတင်းကို ဖေ့စ်ဘွတ်မှတစ်ဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။





မန္တလေးမှာရှိတဲ့ ပန်းချီဆရာတွေက ကျုံးဒေါင့်မှာ ပန်းချီတွေဆွဲပြီး ပန်းချီကားရောင်းရငွေတွေကို နိုင်ငံနဲ့အ ၀ှမ်းဖြစ်နေတဲ့ ရေဘေးကြောင့် ဒုက္ခရောက်သူတွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် လှူတန်းသွားမယ် လို့ သိရပါတယ်။ 

မနေ့ကထိ ရရှိငွေဟာ သိန်း ၇၀ ကျော်သွားပြီး ဒီကနေ့ ရငွေပါပေါင်းရင် သိန်း ၁၀၀ ကျော်ရရှိမယ်လို့ ပန်းချီဆရာတွေက ပြောပါတယ်။    





ဒီကနေ့ထုတ် မြန်မာသတင်းစာများမှ ကူးယူဖော်ပြသောသတင်းများ




























ဖေ့စ်ဘွတ်မှ သတင်းများ
























No comments:

Post a Comment