၁၃၇၇ ခုနှစ်၊ ၀ါခေါင်လဆန်း ၄ ရက်
‘မြေးကလေးနှင့်ကစားခြင်း’
ဟူသောခေါင်းစဉ်ဖြင့် ယခုနှစ်ဧပြီလက ကျွန်းသာယာတွင် ရေးခဲ့ဖူးသည်။
တကယ်မှာ ထိုလက
ဖေ့စ်ဘွတ်၌ ပထမဦးစွာရေးလျက် နောက်မှ မိမိ၏ဘလော့ထဲသို့ ပြန်လည်ကူးယူ ဖော်ပြခဲ့ခြင်းဖြစ်ပါ၏။
ယခုတစ်ခါတွင်မူ
ဘလော့မှာ စ,ရေးဖြစ်ပါတော့သည်။
အဘိုးအဘွားတို့သည်
မိမိတို့၏ရင်နှစ်သည်းချာဖြစ်သော သားသမီးများမှ မြေးကလေးများ ရလာသောအခါ ‘သားအချစ် မြေးအနှစ်’
‘သမီးအချစ် မြေးအနှစ်’ ဆိုသည့် မြန်မာစကားအတိုင်း အချစ်တွေ ပိုတတ်ကြစမြဲ။
အဘိုးအဘွားများ၏
‘မြေးအချစ် ပိုတော်ပုံ’ ကို နည်းအမျိုးမျိုး ပုံစံအထွေထွေဖြင့်တွေ့နိုင်ပေရာ
မြေးကလေး များနှင့်ကစားကြခြင်းသည် ထင်ရှားသော သာဓကတစ်ရပ်ပင်ဖြစ်ပါလေ၏။
သည်တော့ မိမိတို့ဇနီးမောင်နှံသည်လည်း
အများသူငါများနှယ် မိမိတို့၏တစ်ဦးတည်းသော မြေးကလေး ’ဆောင်းမြတ်နိုး’နှင့် မကြာခဏဆိုသလို ကစားဖြစ်ကြလေသည်။
အိမ်မှာအနေများသောအဘွားက အလုပ် ထဲရောက်နေတတ်သောအဘိုးထက် ပိုပြီးကစားဖြစ်သည်။
သူ့အနေဖြင့် ကစားရကောင်းမှန်းမသိခင်
မွေးကင်းစအရွယ်ကတည်းက မိမိတို့က ‘အို့ အေ အေ’ ဆိုကာ ပွေ့ချီလှုပ်ရှား ကစားပေးခဲ့ကြ၏။
ချော့မြှူစကား ပြောခဲ့ကြ၏။
တဖြည်းဖြည်းနှင့်
၁ နှစ်ကျော် ၂ နှစ်ထဲရောက်လာသောအခါ သူကိုယ်တိုင် အတော်ကလေးကစားလာနိုင် သည်။ သူ
ကစားချင်သော အမျိုးအစားတို့ကို သူ့ဖာသာရွေးတတ်လာသည်။ သွားရင်းလာရင်း ကစားကွင်း များကိုတွေ့က
‘playground’ ဆိုကာ လက်ညှိုးထိုးပြပြီး မိမိတို့အား ကစားကွင်းသို့သွားရန် တိုက်တွန်း တတ်၏။
တစ်ချိန်တည်းမှာ ပြောပြောဆိုဆိုဖြင့် ကစားကွင်းရှိရာသို့ အတင်းပြေးသွားတတ်သေး၏။
ပုံ (၂) လက်တွေကလည်း
သန်မှသန်၊ ဆွဲထားလိုက်တာကလည်း မြဲမှမြဲ။ သူ့အဘွားက လက်ဖျား ခါလေတော့၏။
|
လှေကားတက်သည်။
အမြင့်မှ လျှောစီးချသည်။ တန်းဘားဆွဲသည်။ လှိုင်ခေါင်းထဲကို ၀င်လိုက်ထွက်လိုက် လုပ်သည်။
လှည့်ကစားစရာပစ္စည်းများအား မွှတ်နေအောင် လှည့်ကစားသည်။ ခုန်ပေါက်ကစားသည်။
ကစားလိုက်သည်မှာ
စုံလို့ စုံလို့။
အဘိုးအဘွားတွေက
ဒီလိုဆိုသော် သူက ဒီလိုဟုတ်ချင်မှ ဟုတ်တတ်ပါ၏။ မလုပ်နဲ့ဟု ပြောဆို၍လည်း ရချင်မှရတတ်ပါ၏။။
တော်တော့ဆိုပြန်တော့လည်း သူ ရပ်ချင်မှသာ ရပ်လေတော့၏။
သူကြိုက်သောကစားနည်းဖြစ်က
မမောပန်းနိုင်ပဲ အချိန်တော်တော်ကြာကြာ အကြိမ်ကြိမ် ဆော့ကစားနိုင် သည်။ ကြာတော့ မိမိတို့ကသာ
ပင်ပန်းလာကြမည်။ သူကတော့ မဖြုံရေးချ မဖြုံပါလေ။
သူ့ခြေလက်ခန္ဓာကိုယ်များက
အတော်လေးကို သန်စွမ်းကြ၏။ သိုဖြင့် တစ်ခါတစ်ခါတော့လည်း စဉ်းစား ကြည့်မိသည်။
မြန်မာပြည်ကို
အလည်ပြန်စဉ်အခါက “အင်နာဂျီ ပေးပါ ပေးပါ၊ ရော့ အင်ဂျီကိုလာ” ဟု ရုပ်သံမှာ ကြော်ညာ သည့်
အားဆေးကိုများ မြေးကလေး အမှတ်တမဲ့ သောက်ခဲ့မိရှာလေသလားလို့။
သူလုပ်ချင်တာကို
မလုပ်ရလို့ကတော့ ဘယ်ကဘယ်လို ဖြိုးဖြိုးဖျောက်ဖျောက် ထွက်ကျလာမှန်းမသိရ သော မျက်ရည်များက
ဘိုးဘိုးဘွားဘွားတို့၏အသည်းနှလုံးတို့ကို ထိုးနှက်တိုက်ခိုက်ရန် အဆင်သင့်။
အော် .. ကျနော်
ကျမတို့မှာ မြေးကလေးနှင့်မည်သို့ပြိုင်လို့ ကစားပါတော့နိုင်။
ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုအဆင့်များ (Developmental Milestones))
ကလေးများသည် တစ်ယောက်နှင့်တစ်ယောက်
အသက်အရွယ် တူပင်တူငြားသော်လည်း ကြီးထွားတာချင်း၊ ဖွံ့ဖြိုးတာချင်း သိတာ တတ်တာချင်း
အမြဲချွတ်စွပ်တူကြလေ့မရှိပါချေ။
အချို့ သောကလေးများသည်
အများစုကလေးများထက် ကြီးထွားဖွံ့ဖြိုးမှု (Growth and development) တွင် အနည်းငယ် နောက်ကျတတ်ကြသလို၊
အချို့ သောကလေးများက အတန်ငယ်စောနေတတ်ကြလေသည်။
မိမိတို့၏မြေးကလေး ယခုရောက်နေသည့်
၂ နှစ်ကျော်စအရွယ်မှ ၃ နှစ်အထိကလေးများ၏ရုပ်ပိုင်းကြီး ထွားဖွံ့ဖြိုးမှုအဆင့်များ
(Developmental Milestones) တွင် လှေကားတက်ဆင်းခြင်း၊ ခုန်ပေါက်ဆော့က စားခြင်း၊ ခြေဖျားထောက်လေ
ျှာက်ခြင်း၊ အမြန်ပြေးလွှားခြင်း၊ သုံးဘီးစက်ဘီးနင်းခြင်း၊ ဘောလုံးကန်ခြင်း၊ တံခါးဖွင့်ပိတ်ခြင်း၊
အရုပ်များရှိ လှည့်ကစားစရာမျာနှင့် နှိပ်ကစားစရာများကို လှည့်တတ် နှိပ်တတ်ခြင်း၊
အစိတ်အပိုင်းလေးများကို ဖြုတ်ြခင်း တတ်ခြင်းများကို လုပ်စမ်းလေ့ရှိသလို အတော်အတန်လုပ်နိုင်ပြီ လည်းဖြစ်၏။
No comments:
Post a Comment