"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, August 11, 2015

သက်တမ်းနှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သော ဗဟိုပုံနှိပ်စက်ရုံ



၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၀ ရက်



ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် ရန်ကုန်မြို့  သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ၏ဓာတ်ပုံလေးအား သ တင်းစာမှာတွေ့ရသောအခါ ၁၉၈၀ ခုနှစ်ကာလများက မိမိ အရောက်အပေါက်ရှိခဲ့သည့် ဤနေရာလေးအား အမှတ်တရဖြစ်မိပါသည်။

ထိုစဉ်က မိမိသည် အစိုးရထုတ်သတင်းစာများဖြစ်သော လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့အလင်းနှင့်ကြေးမုံ သတင်းစာ ၃ စောင်တွင် အကြောအဆစ်ဆိုင်ရာကျန်းမာရေးပညာပေးဆောင်းပါးများ ရေးခဲ့ပါသည်။ 

လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတိုက်မှာ ယခုသတင်းစာပါ ဗဟိုပုံနှိပ်စက်ရုံ၏တောင်ဖက်တွင် ဘေးချင်း ကပ်ရှိခဲ့ပါသည်။

ယခုအခါ သက်တမ်းနှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သော ဗဟိုပုံနှိပ်စက်ရုံကို ရန်ကုန်မြို့ ပြအမွေအနှစ်အထိမ်း အမှတ် သတ်မှတ်လိုက်ပြီဖြစ်သည်။ 




မြန်မာ့အလင်းသတင်းစာ။ (သြဂုတ်လ ၁၀ ရက်၊ ၂၀၁၅)














No comments:

Post a Comment