"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, August 7, 2015

အလုပ်ပိတ်ရက် ရှည်ရှည်


၁၃၇၇ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် ၇ ရက်





နေ့တစ်ဝက်ပဲအလုပ်လုပ်ရတဲ့ ကြာသပတေးနေ့နံနက်ပိုင်းကလည်း
အလုပ်မှာ အခုလိုလွတ်လပ်ရေးနေ့ကျင်းပတာပဲ လုပ်ခဲ့ရတာပါ။









ကျနော်တို့ငယ်ငယ် ကျောင်းနေကြတုန်းက ကျောင်းပိတ်ရက်ဆို ပျော်လိုက်ကြရတာများ မပြောပါနဲ့တော့။

အပတ်တိုင်း စနေ၊တနင်္ဂနွေပိတ်တာလဲ ပျော်တယ်။
ဝါတွင်းကာလမှာ အဖိတ်နေ့နဲ့ ဥပုသ်နေ့တွေကို ရက်ပြောင်းပြီး ကျောင်းပိတ်ပေးပြန်တော့လဲ ပျော်ရတာပါ ပဲ။

ဘယ်နေ့ပဲကျောင်းပိတ်ပိတ် ကျောင်းပိတ်တာနဲ့ ပျော်ကိုပျော်ကြတာ။

အတန်းတင်စာမေးပွဲတွေပြီးလို့ နွေရာသီကျောင်းရက်ရှည်ကြီး ပိတ်ပြီဆိုရင်တော့ ဘာပျော်ကြသလဲမမေး နဲ့။

ဒီနောက်မှာ စာသင်ကြားရတဲ့ကိစ္စတွေပြီးလို့ အလုပ်ထဲရောက်လာတဲ့အခါမယ်တော့ အလုပ်ပိတ်ရက်များ မှာ ပျော်ကြရပြန်ကော။

ပုံမှန်အလုပ်ပိတ်ရက်ဖြစ်တဲ့ စနေနဲ့တနင်္ဂနွေနေ့တွေအပြင် Public Holiday လို့ခေါ်တဲ့ အစိုးရရုံးပိတ်တွေ ကိုမျှော်ပြီး ကြိုပျော်တတ်လေ့ရှိတယ်။

ကိုယ်လုပ်စရာရှိတာလေးတွေကို အဲဒီနေ့များမှာ လုပ်မယ်ပေါ့။
ကိုယ်သွားစရာရှိတာလေးတွေကို အဲဒီနေ့များမှာ သွားမယ်ပေါ့။

မိမိအတွက်ကတော့ တခြားလုပ်စရာလေးတွေရှိတာနဲ့ သွားစရာရှိတာတွေအပြင် စာဖတ်စရာရှိတာနဲ့စာ ရေးစရာရှိတာတွေ လုပ်နိုင်တာမို့ တွေးပြီးပျော်မိတတ်တာ။

အခုတစ်ပတ် အလုပ်ပိတ်ရက်ကတော့ဖြင့် စင်ကာပူကကြော်ငြာတစ်ခုမှာ ဖတ်လိုက်ရတဲ့အတိုင်းပါပဲ။

တကယ့်ကို Super Long Weekend ပါပဲ။

မနေ့က ကျောင်းတွေကို နေ့တစ်ဝက်ပိတ်ပေးလို့ နေ့တစ်ဝက်အနားရခဲ့တယ်။

ဒီကနေ့ကတော့ စင်ကာပူနိုင်ငံ၏အနှစ် ၅၀ မြောက် လွတ်လပ်ရေးနေ့ (50th year of Independence) အထိမ်းအမှတ်အဖြစ် The Jubilee Weekend (7-10 Aug) ဆိုပြီး သြဂုတ်လ (၇) ရက် သောကြာနေ့နဲ့ (၁၀) ရက်နေ့ တနင်းလာနေ့များကို အထူးသတ်မှတ်ပိတ်ပေးလို့ အနားရပြန်ပါတယ်။

ဘာ့ကြောင့် ဒီလိုပိတ်ပေးရသလဲဆိုတာကို သူ့ပြည်သူပြည်သားများအား အောက်ပါအတိုင်း ထပ်ဆင့်ရှင်းပြ ထားပြန်ပါသေးတယ်။

It is a time for celebration, reflection and to show our love for family and home. ပါတဲ့။






စုစုပေါင်း ၄ ရက်ခွဲကြီးများတောင် အနားရတာ။

ကြည့်ကြစမ်းပါဦးဗျာ သူတို့အစိုးရကိုလေ။


ချစ်စရာကောင်းလိုက်တာ။







No comments:

Post a Comment