"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, August 2, 2015

မြန်မာပြည်ရေကြီးဖြစ်စဉ် သတင်းအပိုင်းအစလေးများ



၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက်














မြန်မာပြည်တွင် ယခုနှစ် ဇွန်လ ဇူလိုင်လများကစပြီး အမိမြန်မာနိုင်ငံတစ်နံတစ်လျား ဆိုးဆိုးဝါးဝါး ရေကြီး ခြင်းသတင်းများကို စာရေးသူသည် လက်လှမ်းမီရာ စောင့်ကြည့်ဖတ်ရှုခဲ့ပါသည်။

ဒေသစွဲဟုပင်ပြောပြော မိမိ၏မွေးဇာတိဖြစ်သော ကန့်ဘလူလို ယခုကဲ့သို့ ရေမကြီးဖူးခဲ့သောမြို့ မှစပြီး ထူးထူးခြားခြား ရေကြီးကြောင်းကြားသိရသောအခါ ပို၍ပင် စိတ်ဝင်စားမှု ရှိလာခဲ့ရ၏။

သို့ဖြင့် ဖေ့စ်ဘွတ်မှာတင်လာသော ရေကြီးသတင်းများ၊ ဆည်များ၏စိုးရိမ်ရေမှတ်သတင်းများ၊ ကယ်ဆယ် ရေးလုပ်ငန်းများ၊ အပျက်အဆီးသတင်းများ၊ လူအသေအပျောက်သတင်းများ စသည်တို့ကို စောင့်ဖတ်ခဲ့ သည်။ 

တစ်ခါ နောက်တစ်နေ့မိုးလင်းသည်နှင့်တပြိုင်နက်  ပြန်ကြားရေးဝန်ကြီးဌာနမှ အွန်လိုင်းမြန်မာသတင်းစာ များကို အလုပ်အသွား ဘတ်စ်ကားပေါ်နှင့်ရထားပေါ်တို့တွင် ရှာဖတ်ရပြန်၏။

သတင်းစာနှင့်ဖေ့စ်ဘွတ်များမှာဖတ်ပြီး မရှင်းလင်းမသေချာသောအကြောင်းအရာများအား ကန့်ဘလူရှိ သူငယ်ချင်းမိတ်ဆွေများထံသို့ ဖုန်းဆက်မေးမြန်ရသည်။ 

ဤသို့ဖြင့် ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းအစရှိသော ‘ကကြီး’သုံးလုံးနှင့်အမည်စ,ထားသည့် မြို့  ၃ မြို့ မှ ယခုနောက်ဆုံးအရေးပေါ် ဖြစ်နေသည့် တောင်ပေါ်ဒေသမှ နောက်ထပ်‘ကကြီး’တစ်လုံးဖြစ်သောကလေးမြို့  အထိပင် ရေဘေးဒုက္ခနှင့်အန္တရာယ်ဆိုးကြီးများကို တစ်နိုင်ငံလုံး ရင်နင့်ခါးသည်းဖွယ် ကြုံတွေ့ခံစားနေကြရ ပြီဖြစ်သည်။

ယခုရက်ပိုင်းအတွင်းတွင် ရေကြီးခြင်းနှင့်ပတ်သက်ပြီး ပြည်တွင်ပြည်ပရှိနိုင်ငံသူနိုင်ငံသားများက တစ်ဦးချင်း ဖြစ်စေ စေတနာရှင်ပရဟိတအသင်းအဖွဲ့များမှဖြစ်စေ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိစွာဖြင့် စည်းစည်းလုံးလုံး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားအကူအညီပေးဆောင် ရွက်နေကြသည့်မြင်ကွင်းများသည် အားရဖွယ် ကောင်းလှပါ၏။

အချို့ သော ဖေ့စ်ဘွတ်သုံးသူများကလည်း ရေကြီးမှုအတိုင်းအဆနှင့်ရေဘေးသင့်ပြည်သူများ လက်ငင်းကြုံ တွေ့နေကြရသောဒုက္ခနှင့်အန္တရာယ်ဆိုးကြီးများကို လူတိုင်းလူတိုင်း အလေးထားလျက် အရေးတယူပါဝင် လာကြစေရန် သူတို့၏ profile picture ကိုပြောင်း ကာ အားတက်သရော လှုပ်ရှားလုပ်ဆောင်လာခဲ့ကြပြန် ပါသည်။
























သို့တစေ အစိုးရပိုင်း၏ မဆို့မပို့ကူညီဆောင်ရွက်ပေးနေမှုများအပေါ် နိုင်ငံသူနိုင်ငံသားများက ယခုတိုင် အားမလိုအားမရ မကျေမနပ်ဖြစ်နေကြဆဲရှိနေသေးသည်မှာ စိတ်မကောင်းစရာပင်။











သို့ဖြစ်ပေရာ နိုင်ငံတော်အစိုးရအနေဖြင့် ရေကြီးနေသည့်နေရာဒေသများအားလုံးနှင့် ရေဘေးသင့်ပြည်သူ လူထုတစ်ရပ်လုံးအား ယခုထက် လျင်လျင်မြန်မြန်နှင့် ထိထိရောက်ရောက် အကူအညီပေးဆောင်ရွက်ပေးရန် အထူးလိုအပ်နေပြီဖြစ်သည်။







































































































ဆက်လက်ဖော်ပြသွားပါမည်။












No comments:

Post a Comment