"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, August 22, 2015

ယခုတစ်ခေါက် မြန်မာပြည်ခရီး ၂၀၁၅


၁၃၇၇ ခုနှစ်၊ ၀ါခေါင်လဆန်း ၇ ရက်




ချန်ဂီလေဆိပ်။ မေ ၁၅ ရက် ၂၀၁၅။



ပြီးခဲ့သောမေလ ၁၅ ရက်နေ့က မြန်မာပြည်သို့ ခေတ္ထခဏ အလည်ပြန်သောခရီးစဉ်အတွေ့အကြုံများအား ဖေ့စ်ဘွတ်တွင် အချိန်နှင့်တစ်ပြေးတည်း ကြိုးစားပြီးရေးတင်ခဲ့သော်လည်း မြန်မာပြည်က အင်တာနက် အ ခက်အခဲကြောင့် မိမိစိတ်တိုင်းကျမရေးတင်နိုင်ခဲ့ပေ။ အချို့ ကိုကား အချိန် မရသဖြင့် မရေးတင်နိုင်ခဲ့ပေ။

ယခင်အခေါက်များကမူ စင်ကာပူသို့ပြန်ရောက်ပြီးမှသာ ဘလော့တွင် အချိန်ယူရေးခြင်းဖြစ်လေရာ မိမိပြော ပြေချင်သည်များကို အတော်ပြည့်ပြည့်စုံစုံ ရေးနိုင်ခဲ့ပါသည်။

မြန်မာပြည်ကိုပြန်မည့်နေ့ နံနက် ၃ နာရီက “မြန်ဌာနီ ထိုအလွမ်း” အမည်ဖြင့် ခရီးအကြိုစာလေးအား ဖေ့စ် ဘွတ်တွင် ရေးဖြစ်ခဲ့ပါသည်။ ထိုနေ့နံနက် ၁၀ နာရီတွင် မိတ်ဆွေဦးမျိုးဇင်က “မုဒုံ ကန်ကြီးဘုရားမှာ ဆရာ တို့ တွေ့ တဲ့ ဇာတ်လမ်းတော့ စိတ်ဝင်စားလာပြီ ဆရာရေ့ ” ဟု ကော်မန့်မှာ ရေးသဖြင့် မိမိက “မုဒုံကန်ကြီး ကဇာတ်လမ်းကို ‘ကျောက်စိမ်းရတုသို့ တိုင်လေပြီ’ အမည်နဲ့ ကျနော်တို့၏ ၃၅ နှစ်မြောက် မင်္ဂလာအထိမ်း အမှတ်အဖြစ် ကျွန်းသာယာဘလော့ကနေကူးပြီး ဖေ့စ်ဘွတ်မှာတင်ခဲ့ပြီးပါပြီ ဆရာကိုမျိုးဇင်။ မဖတ်လိုက်ရ ဘူးဆိုရင် ပြန်တင်ပေးပါ့မယ်ဗျာ။” ဟု အကြောင်းပြန်ခဲ့ပါသည်။

မြန်မာပြည်ကိုပြန်သည့်နေ့ခင်း ၁ နာရီက ချန်ဂီလေဆိပ်မှာ ရိုက်ထားသောဓာတ်ပုံလေး ၃ ပုံတင်ပြီး ဖေ့စ် ဘွတ်ကနေ မိတ်ဆွေများကို သတင်းပေးနိုင်ခဲ့သည်။

ဖေ့စ်ဘွတ်မှာတင်လိုက်သောဓာတ်ပုံများမှာ မိမိ၏ပုံကို မတွေ့သဖြင့် စင်ကာပူမှ တူမောင်ကိုကြည်ရွှင်က “အန်တီ ပြန်တာလား။ ဦးကော မပါဘူးလား။” ဟု မေးရှာသည်။ မိတ်ဆွေဦးမင်းမောင်ကတော့ “ဗမာပြည် ပြန်တာဆိုရင် အိမ်အလည်လာပါအုံးဗျို့ ။ ဆက်သွယ်ပါအုံးဗျို့ (fb က)” ဟု လှမ်းဖိတ်ခဲ့၏။ တစ်ခါ သံလျင်မှာ နေသော အကြောအဆစ်ကုပညာရှင် သမီးတင်စန္ဒာဝင်းကမူ “Welcome ဆရာ” ဟု နှုတ်ဆက်ခဲ့သေး၏။

လေယာဉ်ထဲမ၀င်မီအထိတော့ အဆင်ပြေခဲ့သည်။  


မြန်မာပြည်ရောက်ပြီး ထိုမေလ ၁၅ ရက်နေ့ညက ဟိုတယ်မှာ အင်တာနက်လုပ်၍ လုံးဝအဆင်မပြေခဲ့ပေ။ 

သို့ကြောင့် ရန်ကုန်ရောက်သည့်နေ့က သမိုင်းလမ်းဆုံအနီးတွင်နေသော အကြောအဆစ်ကုပညာရှင် (Physiotherapist) ဆရာမကြီးဒေါ်လှရီအား မြန်မာပြည်ကို ရောက်ရောက်ခြင်း လေဆိပ်ကနေ သွားရောက် တွေ့ဆုံနှုတ်ဆက်ကန်တော့ခြင်းနှင့် ဆရာမကြီး၏အိမ်တွင် အကြောအဆစ်ကုပညာရှင် သမီးဖြိုးသန့်မော်နှင့် တွေ့သည့်အကြောင်များကို မုဒုံကိုရောက်သည့် မေလ ၁၆ ရက်နေ့ ည ၉  နာရီတွင်မှ  ဖြိုးသန့်မော်ရိုက်ပေး သည့် ဓာတ်ပုံ ၃ ပုံနှင့်အတူ ရေးတင်နိုင်ခဲ့ပါတော့သည်။

ဆရာမကြီးအား နှုတ်ဆက်ကန်တော့ပြီးသောအခါ ဖြိုးသန့်မော်နှင့်လမ်းခွဲလျက် မိမိတို့က ဇနီး၏အမရှိရာ ငွေကြာယံသို့သွားကာ ညစာစားကြသည်။ ထို့နောက် မြို့ ထဲရှိဟိုတယ်သို့ ခရီးဆက်ခဲ့ကြရသည်။



စိမ်းစိုအေးချမ်းသော နံနက်ခင်း။ မေ ၁၆ ရက် ၂၀၁၅။




နောက်တစ်နေ့မနက် ၇ နာရီတွင် ဟိုတယ်မှ အောင်မင်္ဂလာအဝေးပြေးကားကြီးဂိတ်သို့အသွား 'ရိုးရိုးလေး ကဖီး'တွင် နံနက်စာ မုံ့တီစားကြ၏။ လမ်းတစ်လျောက်မှာ ရန်ကုန်မြို့ ၏အေးချမ်းသော စိမ်းစိုသော မနက် ခင်းအလှအပများကို ခံစားသွားရင်း ကားကြီးဂိတ်သို့ နံနက် ၈ နာရီ ၄၀ မိနစ်တွင်ရောက်၏။ ပြည်သူ့ရင်ပြင် နှင့်ပြည်သူ့ဥယျာဉ်ရှေ့ မှာ ကျန်းမာရေးလေ့ကျင့်နေကြသူများကို တွေ့ခဲ့ရ၏။










No comments:

Post a Comment