"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, August 10, 2015

ဒေါက်တာသန့်မြင့်ဦး ဂျပန်နိုင်ငံမှ "ဖူကူအိုကာ အာရှယဉ်ကျေးမှုဆု" ရရှိ


၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၀ ရက်



ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်၏မြေးဖြစ်သူ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးအား ဂျပန်နိုင်ငံမှ "ဖူကူအိုကာ အာရှယဉ်ကျေးမှုဆု" ချီးမြင့်ပေးအပ်ခဲ့သောသတင်းကို ၀မ်းမြောက်စွာဂုဏ်ယူဖော်ပြအပ်ပါသည်။


ကြေးမုံသတင်းစာ (၁၀ သြဂုတ်လ၊ ၂၀၁၅)












No comments:

Post a Comment