ကားထဲမှာ တပျော်တပါး
ယခုတစ်ခေါက်မြန်မာပြည်ကိုအလည်ပြန်ရာတွင် ဇနီး၏ဇာတိမြို့ ဖြစ်သော မုဒုံတွင်သာအနေများခဲ့ပါသည်။
စင်ကာပူမှရန်ကုန်ကိုစရောက်သည့်ညနေမှာပင် မုဒုံသို့ဆက်သွားလိုက်သည်။
စင်ကာပူမှမသွားမီကတည်းက ကြိုတင်စီစဉ်ထားသည့်အတိုင်း မုဒုံမှငှားထားသည့်ကားက ရန်ကုန်ကိုကြိုဆင်းလာပြီး လေဆိပ်ကိုလာကြိုပေးသည်။
အဲဒီကမှ တောင်ဥက္ကလာပမြို့ နယ် ငွေကြာရံအရပ်ရှိ မိမိ၏ညီမနှင့်ဇနီး၏ညီမတို့ကိုသွားခေါ်ပြီး မုဒုံကိုသွားခဲ့ကြသည်။
ကားထဲမှာ မုဒုံမှလာကြိုသူ ၃ ဦး၊ ကန့်ဘလူမှကြိုရောက်နေသူ ၁ ဦး၊ ငွေကြာရံအိမ်မှ ၁ ဦးနှင့် စင်ကာပူမှလာသူ ၆ ဦး စုစုပေါင်း ၁၁ ဦးပါရှိသည်။
ကားမောင်းသူနှင့်စပယ်ယာတို့ပါဆိုက အားလုံး ၁၃ ဦးရှိပါသည်။
ကားထဲမှာတပျော်တပါးကြီး
သင်္ကြန်မကျခင်လေးတင် ၃ ရက်ခန့်ကြိုသွားခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်မှမုဒုံသို့အသွားမှာ ပေါင်မြို့ ကိုခဏ၀င်လည်ခဲ့သည်။
ကန့်ဘလူမြို့ သားတစ်ဦးက မြို့ နယ်အုပ်ချုပ်ရေးမှူးတာဝန်ဖြင့်ရှိနေသောကြောင့် ခရီးကြုံတုန်း နှုတ်ဆက်ခဲ့သည်။
သို့နှင့် မုဒုံကို မမှောင်ခင်ရောက်သွားကြသည်။
မုဒုံရဲစခန်းအနီးက အိုအေးစစ်တည်းခိုခန်း (Oasis Guest House) မှာပစ္စည်းတွေချပြီး မုဒုံကြီးရပ်ကဇနီး၏အိမ်တွင် ညစာစားကြ၏။
စားသောက်ပြီးသောအခါ တည်းခိုခန်းကို စကားတပြောပြောဖြင့်လမ်းလျှောက်ပြန်လာခဲ့ကြပါသည်။
သင်္ကြန်တွင်းမှာက သွားရေးလာရေးအဆင်မပြေနိုင်သဖြင့် သင်္ကြန်မတိုင်မီတွင် မိသားစုလည်ပတ်ကြရန် စီစဉ်ထားသည်။
ကျိုက္ခမီရေလယ်ဘုရားဖူးခဲ့သည်။
ကျိုက်မရောဘုရားဖူးခဲ့သည်။
ဥဇိနဘုရား၊ ဦးခန္တီဘုရား၊ ကျိုက်သန်လန်ဘုရား အစရှိသည့် မော်လမြိုင်တောင်ပေါ်ဘုရားစေတီများကိုလည်းဖူးခဲ့သည်။
တောင်ပေါ်တန်းမှဆင်းအပြီးတွင် မော်လမြိုင်အလယ်လမ်းမှာရှိသော ကျိုက်သုတ်ဘုရားစေတီကို သွားရောက်ဖူးခဲ့သေး၏။
ကျိုက်မရောဘုရား
တောင်ပေါ်တန်းမှဆင်းအပြီးတွင် မော်လမြိုင်အလယ်လမ်းမှာရှိသော ကျိုက်သုတ်ဘုရားစေတီကို သွားရောက်ဖူးခဲ့သေး၏။
ကျိုက်မရောဘုရား
ဆိုက္ကားလဲ စီးဖြစ်ခဲ့
အိုအေးစစ်တည်းခိုခန်း။
No comments:
Post a Comment