"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, November 9, 2019

တိမ်ပတ်ကြားအက်



       



  
              မြေပတ်ကြားအက်









မနေ့မနက်သောကြာနေ့က ရာသီဥတုသည် ခပ်အေးအေးလေးရှိနေ၏။

နံနက် ၇ နာရီခွဲတွင် ၀ု(ဒ)လဲန်းစ်ကားရပ်စခန်း (Woodlands Regional Bus Interchange) မှထွက် လာသော အမှတ် ၁၆၁ နှစ်ထပ်ကားအပေါ်ထပ်တွင်ထိုင်ရင်း မိမိ သတင်းစာဖတ်လာခဲ့သည်။

အိမ်ခြေရပ်ကွက်များမှထွက်လာပြီး အမြန်လမ်းမကြီးပေါ်သို့ရောက်သောအခါ လမ်း၏တစ်ဘက်တချက်တွင် စိမ်းစိမ်းစိုစိုအပင်များကို စီရရီတွေ့မြင်ရသဖြင့် မျက်စိပသာဒမှတဆင့် မိမိ၏ရင်ကိုအေးမြခြင်း ဖြစ်ရပါသည်။

စိမ်းစိမ်းစိုစိုအပင်များကိုကြည့်ကာ ဘတ်(စ)ကားစီလာရင်း တစ်နေရာသို့ရောက်သောအခါ ကောင်းကင်တစ်ခုလုံးတွင် ပျံ့ ပျံ့ ပျူးပျူးဖြန့်ကျက်ထားသည့် ဖြူလွှလွှတိမ်တိုက်ကြီးကို တွေ့ရသည်။

မိမိတို့တွေ့ရလေ့ရှိသော ငါးကြင်းကွက်ပုံမဟုတ်ဘဲ ပတ်ကြားအက်ကဲ့သို့ အစင်းကြောင်းများဖြင့် အပြားလိုက်ရှိနေသည်။ 

အမြင်ဆန်းသလိုရှိသဖြင့် မိမိ ဓာတ်ပုံရိုက်လိုက်သည်။

ဓာတ်ပုံကိုကြည့်လျက် မိမိ၏စိတ်ထဲတွင် အမည်တစ်ခုပေးလိုက်မိသည်။

‘တိမ်ပတ်ကြားအက်’ လို့လေ။

တိမ်တွေကလှနေပြီး အမည်လေးက အရုပ်ဆိုးခဲ့သော် မိမိအပြစ်သာဖြစ်ပါမည်။





No comments:

Post a Comment