"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, November 24, 2019

ဆန်ပြုတ်ရှာပုံတော်


My wife is craving for porridge.



    
       အိမ်ရှင်မ၏နံနက်စာဆန်ပြုတ်                  ပင်လယ်ငါးသလောက်ဆန်ပြုတ်


ပြီးခဲ့သောအပတ်နေ့ခင်းက အိမ်ကိုဖုန်းခေါ်သည့်အခါ ထုံးစံအတိုင်း အိမ်ရှင်မဖုန်းကိုင်ပါသည်။

ဖုန်းထဲတွင် နှာခေါင်းသံပါနေပြီး ချောင်းတစ်ချက်တချက်ဆိုးသည်ကို သတိပြုမိသည်။

သို့နှင့် ညနေအလုပ်ပြီး အိမ်ကိုပြန်သောအခါ ဂျူရောင်းအိ(စ)တွင်ရှိသော West Gate ကုန်တိုက်ကြီး၏ မြေအောက်သို့သွားလိုက်သည်။

အိမ်ရှင်မအတွက် Long John Silvers စားသောက်ဆိုင်မှ Salmon porridge ဆန်ပြုတ်ဝယ်သွားရန်ဖြစ်သည်။ 
သို့သော် ယင်းဆန်ပြုတ်မှာ မနက်ပိုင်းတွင်သာရောင်းကြောင်းကို မိမိမသိသဖြင့် မရခဲ့ပါချေ။

ထို့ကြောင့် စားသောက်ဆိုင်တန်းရှိရာ Food Court ကိုသွားပြီး ဆန်ပြုတ်ရှာပုံတော်ဖွင့်ကြည့်ရပြန်ပါသည်။ 

ဆိုင်တကာလှည့်ရှာသော်လည်း မရခဲ့ပါ။

အိမ်ရှင်မအတွက် ချောင်းဆိုးပျောက်ဆေးရည်ကို ဂါးဒီးယန်းဆေးဆိုင်မှာ ၀င်ဝယ်ခဲ့သည်။


**

နောက်တနေ့ဖြစ်သော စနေနေ့တွင် မိမိတို့နှစ်ဦး နံနက်စာစားရန်စောစောသွားခဲ့ကြသည်။

Long John Silvers စားသောက်ဆိုင်တွင် ဆန်ပြုတ် ၃ မျိုးရသည်။

ပင်လယ်ငါးသလောက်ဆန်ပြုတ် 
- ဒေါ့ရီငါးဆန်ပြုတ်
- ကြက်သားဆန်ပြုတ်







နံနက်စာကို အိမ်ရှင်မက သူ့အကြိုက်ပင်လယ်ငါးသလောက်ဆန်ပြုတ်သောက်ပြီး မိမိက ပေါင်မုန့်ကျော်နှင့်ကြက်ဥပြုတ်စားပါသည်။


                                          Dry wonton noodles ခေါက်ဆွဲ


ပြီးတော့ သားအတွက် စားစရာတစ်ခုခုဝယ်ရန် စားသောက်ဆိုင်တန်းရှိရာကိုလျှောက်သွားကြသည်။

ဘာဝယ်ရကောင်းမလဲ စဉ်းစားရသည်။
အဲဒီမှာ တရုတ်အစားအစာ။ ကုလားအစားအစာ၊ မလေးအစားအစာ၊ ကိုရီးယားအစားအစာ၊ ဂျပန်အစား အစာများရောင်းသောဆိုင်တွေ အများကြီးရှိသည်။  


 စားသောက်ဆိုင်တန်းရှေ့ မှာ အိမ်ရှင်မ။

အိမ်ရှင်မက သားကြိုက်တတ်သော ဝေါ်တန်ခေါက်ဆွဲ ၂ ထုတ်ဝယ်ပြီး အိမ်ကိုပြန်ခဲ့ကြသည်။








No comments:

Post a Comment