"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Saturday, November 30, 2019
ချန်ဂီလေဆိပ်မှာ နေ့လည်စာစား
Terminal 3, Changi Airport
မနေ့နေ့လည်က စင်ကာပူနိုင်ငံရဲ့  ကမ္ဘာကျော်လေဆိပ်ကြီးတစ်ခုဖြစ်တဲ့ ချန်ဂီလေဆိပ်ကိုရောက်သွားခဲ့ပါတယ်။
မိမိအလုပ်လုပ်နေတဲ့ဆေးရုံမှ အကြောအဆစ်ကုပညာရှင်လုပ်ဖော်ကိုင်ဘက်အချို့ နဲ့ နေ့လည်စာသွားစားခဲ့ကြတာပါ။
ဒကာခံသူက မိမိတို့ရဲ့ ဌာနမှူး (HOD) ဖြစ်ပြီး တနေ့က နိုင်ငံတော်ကချီးမြှင့်တဲ့ဂုဏ်ပြုဆု (The Efficiency Medal) ရရှိခဲ့တာကြောင့် လိုက်ကျွှေးတာဖြစ်တယ်။
ဘီကားနားဗားလားစားသောက်ဆိုင်
အိန္ဒိယမုန့်ပဲသရေစာများ
"မနက်ဖန်သောကြာနေ့မှာ နေ့လည်စာကို အပြင်ထွက်စားကြရအောင်။ ဘယ်ဆိုင်မှာစားချင်ကြလဲပြောကြ" လို့ ကြာသပတေးနေ့ကထဲက မိမိတို့ကိုပြောထားခဲ့ပါတယ်။
ဘယ်နေရာက ဘယ်ဆိုင်မှာ ဘာသွားစားကြမလဲဆိုတာကိုတော့ သွားမယ့်နေ့မနက်မှာမှ ဆုံးဖြတ်ဖြစ်ခဲ့ကြတာ။
နေ့ခင်း ၁ နာရီကျော်လောက်မှာအလုပ်ကထွက်လာတော့ မိုးတွေရွာတယ်။
ဌာနမှူးက မိမိတို့အားလုံးကို ကားအ၀င်အထွက်နေရာမှာစောင့်ခိုင်းထားပြီး သူက ထီးကလေးနဲ့သူ့ကားရှိရာကိုသွားပါတယ်။ ကားကိုမောင်းလာတဲ့အခါ မိမိတို့အားလုံး မိုးမစိုပဲ ကားထဲကိုဝင်လိုက်ကြတယ်။
နေ့လည် ၂ နာရီမထိုးခင်မှာ လေဆိပ်ကိုရောက်သွားတယ်။
အရင်တစ်ခါက မိမိတို့တတွေသွားစားခဲ့ကြတဲ့ ချန်ဂီလေဆိပ်အမှတ်-၃ (Terminal 3) က ဘီကားနားဗားလား (Bikanervala) ဆိုင်ကိုပဲသွားကြတာပါ။
အဲဒီဆိုင်မှာ နေ့လည်စာ ညစာလို ဗိုက်အပြည့်စားစရာတွေရနိုင်သလို ဂျလေဘီ မလိုင်မုန့်တို့လို မုန့်ပဲသရေစာတွေလဲရနိုင်ပါတယ်။
ဒီဆိုင်က လေဆိပ်ကြီးရဲ့  ၄ ထပ်မှာရှိပြီး လေယာဉ်အ၀င်အထွက်ကြည့်တဲ့အဆောင် (Viewing Mall) နဲ့ တစ်ထပ်ထဲဖြစ်လို့ ရှုခင်းကောင်းပါတယ်။
အဲဒီနေ့က မိုး
ကောင်းကောင်း
ရွာပြီး ရာသီဥတု
က အေးစိမ့်စိမ့်
လေးရှိနေပါတယ်။
စားသောက်ကြရင်း
လေဆိပ်ထဲကနေ အ
ပြင်ဘက်ကိုကြည့်လိုက်တဲ့အခါ မြင်ကွင်းဟာ မှိုင်ပြပြမှုန်ဝေေ၀လေးနဲ့အေးနေတာဖြစ်လို့ ဌာနမှူးက "ရာသီဥတုက ဥရောပတိုက်ရာသီဥတုမျိုးလေးအတိုင်းပဲကွ" လို့ ပြောပါတယ်။
အရင်က ဒီဆိုင်ကိုလာမစားဖြစ်ပေမယ့် မိမိတို့ဇနီးမောင်နှံ ဒီလေဆိပ်ရဲ့ လေးထပ်နေရာကို သုံး လေးခါထက်မနည်း ရောက်ခဲ့ဖူးပါတယ်။
လေဆိပ်အမှတ် ၃ ဆောက်ပြီးစက လေဆိပ်အသစ်ကြီးကိုလာကြည့်ကြရင်း လေယာဉ်အ၀င်အထွက်တွေကို မိမိတို့နှစ်ဦး ခုံတန်းလေးတွေမှာထိုင်ကာ ကြည့်ခဲ့ကြတယ်။
မြန်မာပြည်ကမိတ်ဆွေ ဦးတင်မြင့် (အကြောအဆစ်ကုပညာရှင်) လာတုန်းကလဲ သူ စင်ကာပူမှာအလုပ်လုပ် နေစဉ်က မရှိသေးတဲ့ ဒီအမှတ် ၃ လေဆိပ်ကြီးကို ပြပေးလိုက်ပါသေးတယ်။
စားသောက်ပြီးကြလို့ နှုတ်ဆက်လမ်းခွဲပြီးတဲ့အခါ မိမိက ရထားစီးပြန်ဖို့ ဘူတာရှိရာမြေအောက်ထပ်ကို စက်လှေကားနဲ့ ဆင်းလာခဲ့ပါတယ်။
ရောက်တုန်းရောက်ခိုက် ဓာတ်ပုံအချို့ လဲ ရိုက်ဖြစ်ခဲ့ပါသေးတယ်။
Disney Frozen II - A Frozen Wonderland at Changi
လေဆိပ်အတွင်းတစ်နေရာ
ဆက်ရေးပါဦးမယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment