"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Sunday, November 3, 2019
ဘွန်စိုင်းဝါသနာ
ဘွန်စိုင်းမပြုပြင်မီကပုံ (၁)
ဘွန်စိုင်းမပြုပြင်မီကပုံ (၂) စပြုပြင်ပြီ
ဘွန်စိုင်းလုပ်တယ်ဆိုတာ အပင်ကြီးကို အပင်သေးအောင် ငယ်ရအောင် လုပ်ယူထားတာဖြစ်တယ်။
ကြီးလာမယ့်အပင်နဲ့ ကြီးလာနေဆဲအပင်တွေကို အပင်သေးသေးလေဖြစ်နေရအောင် အမြစ်တွေ အကိုင်း
အခက်တွေနဲ့အရွက်တွေကို စနစ်တကျ သေသေချာချာ ညှပ်ထား ဖြတ်ထား တိထား ညှိထား ပုံသွင်းပေးထားတာလို့ပြောနိုင်ပါတယ်။
တစ်နည်းပြောရရင် ဘွန်စိုင်းအတတ်ပညာနဲ့ပြုပြင်ဖန်တီးထားတဲ့ 'ကြီးပု'အပင်တွေပေါ့။
အပင်ကသေးပေမယ့် အပွင့်ပွင့်တဲ့အပင်က အပွင့်ပွင့်တယ်။
အသီးသီးတဲ့အပင်က အသီးသီးတယ်။
လူဆိုတာကိုယ်လုပ်ချင်တာလေးတွေလုပ်နေရရင် စိတ်ကျေနပ်တတ်ကြတာ။ ကြည်နူးပျော်ရွှင်လိုကို့နေတတ်ကြတာ။
ကုသိုလ်အလုပ် မဟုတ်တောင် မကောင်းမှုတော့ မဟုတ်ဘူး။
အကုသိုလ်လဲ မဖြစ်ဘူးလေ။
စိတ်ကိုတည်ငြိမ်ပြီး အေးချမ်းစေတယ်။
ပြီးခဲ့တဲ့အပတ်က အင်္ဂလန်မှာရောက်နေတာကြာပြီဖြစ်တဲ့ဂျပန်ကြီးတစ်ဦးရဲ့  ဘွန်စိုင်းလက်တွေ့လုပ်ပြနေတဲ့ယူကျု့ ဗွီဒီယိုကို အိမ်ရှင်မက စိတ်ဝင်တစားကြည့်နေတာတွေ့ရတယ်။
၁ နာရီလောက်ကြာတယ်။
ယူကျု့ က ဘွန်စိုင်းအလှပြင်ဗွီဒီယို
သူကကြည့်နေရင်း ကွန်ပြူတာသုံးနေတဲ့မိမိကိုလဲ တစ်ချက်တချက် ' ကြည့်စမ်းအဖေကြီး' ဆိုပြီးလှမ်းကြည့်ခိုင်းတတ်သေးတာ။
မိမိက ခဏတဖြုတ်ကြည့်ဖြစ်ပါတယ်။
ဒီနေ့တော့ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က၀ယ်ထားတဲ့ အိမ်ရှေ့ ပန်းခြံလေးထဲက ဘွန်စိုင်းအပင်ကို ဆွဲထုတ်ပြီး သူက လက်တွေ့လုပ်ပါတော့တယ်။
ညှပ်ပြီ ဖြတ်ပြီ ပြုပြင်နေပြီ
အပြီးသတ်လက်ရာ
ဘယ်လိုတွေစိတ်ကူပြီး ဘယ်လိုတွေညှပ်လိုက်လေသလဲတော့ မသိပါဘူး။
အထက်မှာတွေ့ကြရတဲ့အတိုင်းပါပဲ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment