အလုပ်မှာ နေ့လည်စာစားတဲ့အချိန် ဖွင့်ကြည့်တာ။ မြန်မာစာနဲ့ရေးထားတာမို့ ဖတ်မရဘူး။ ညနေအိမ်ပြန်ရောက်တော့မှ ဖတ်ကြည့်ရတယ်။
စာရေးသူတို့ကန့်ဘလူမြို့ မှာ ၁၉၆၈ ကနေ ၁၉၇၀ခုနှစ်အထိ ကျောင်းဆရာလုပ်သွားခဲ့ဖူးတဲ့ ကဗျာဆရာကျော်စန်း(မန်းတက္ကသိုလ်)ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ခေါင်းစဉ်လေးက "ချစ်သော ကန့်ဘလူ" တဲ့လေ။ မနှစ်က ကန့်ဘလူမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အငြိမ်းစားဆရာဆရာမကြီးများ ပူဇော်ကန်တော့ပွဲတွင် ဆရာကျော်စန်း (မန်းတက္ကသိုလ်)က သူကိုယ်တိုင်ရေးစပ်တဲ့ အဲဒီကဗျာလေးကို သူကိုယ်တိုင်ပဲ ရွတ်ဖတ်သွားခဲ့တာ။ မင်္ဂလာရှိလိုက်တာ ဆရာကျော်စန်းရယ်။ သူ့ကဗျာလေးကိုဖတ်ပြီး ရင်ထဲမှာ နင့်နင့်နဲနဲကြီးကို ခံစားရပါတယ်။ ကိုယ့်ဇာတိမွေးရပ်မြေကို လွမ်းမိတယ်။ မိဖဆွေမျိုးများနဲ့ကိုယ်မြို့ သူကို့မြို့ သားတွေကို သတိတရဖြစ်ရတယ်။ ခေါစည်တို့ ပေါင်းသင်း(ခဲတံကျည်တောက်)တို့ မျှစ်တို့ကိုလည်း တမ်းတမိတာအမှန်ပဲ။
ကန့်ဘလူကိုရောက်တိုင်း မွေးရပ်မြေကအစားအစာတွေကို အခုလိုအားပါးတရစားရစမြဲ။ |
သူကဗျာထဲမှာ ကန့်ဘလူမိုးကောင်းတဲ့အကြောင်းလည်းပါတယ်။ ကန့်ဘလူသူ ကန့်ဘလူသားများ ခင်မင်တတ် ဖော်ရွေပျူငှာတတ်တာလည်းပါတယ်။ မန္တလေး-မြစ်ကြီးနားအစုန်အဆန်ရထားကို ကျပ်ကျပ်တည်းတည်းစီးခဲ့ရတဲ့ဒုက္ခကိုလည်း မေ့သေးဟန်မတူသေးဘူး။ မမေ့သေးရုံတင်မဟုတ်ဖူး ရထားပေါ်မှာ ဟိုချောင်ကပ် ဒီချောင်ကပ်ပြီးရပ်ခဲ့ရတဲ့အရသာကို သူ့ရင်မှာ ယနေ့တိုင်စွဲငြိနေတုန်းပါပဲတဲ့။ နောက်ပြီး ကန့်ဘလူမြို့ ကိုဝန်းရံထားတဲ့ အင်တိုင်းတောတွေကိုလည်း ကဗျာဆရာပီပီ ဆီးနှင်းကျသံနဲ့တွဲပြီး "မိုးလောက်ပြင်းထန် သွန်းချပြန်"လို့ ခံစားရေးထားပါသေးတယ်။
သူ့ကဗျာလေးရဲ့ နောက်ဆုံးအပိုဒ်မယ်တော့ ကန့်ဘလူကို သူ အခွင့်အခါသင့်ရင် နောက်တစ်ခေါက် ဒါမှမဟုတ်တစ်ခေါက်မက ထပ်ပြီးလာချင်သေးပုံပြောပါတယ်။ အဲဒီလိုလာတဲ့အခါကျရင်သာ သူ့ကို မစိမ်းကားလိုက်ပါနဲ့ မမေ့လိုက်ပါနဲ့လို့ မဖြစ်မှန်းသိသိ ချစ်စဖွယ်ကျိစားထားပါတယ်။ုံ
ကဗျာဆရာကျော်စန်း(မန်းတက္ကသိုလ်)က သူ အလုပ်လုပ်ခဲ့ နေခဲ့တဲ့မြို့အကြောင်းကို 'မြို့ရွာလွမ်းချင်း'လေးရေးခဲ့တာ အဝေးရောက်ကန့်ဘလူသူ ကန့်ဘလူသားများအဖို့ကတော့ 'မွေးရပ်ဇာတိလွမ်းချင်း'လေးတစ်ပုဒ် ဖြစ်ရကြောင်းပါ။
~ ချစ်သော ကန့်ဘလူ ~
ရှေးရှေးတုန်းက
ဒေသသည်နေရာ ၊ ဧရာမရေကန်ကြီး
ဘီလူးကြီးစောင့်ကြပ် ၊ နေသတတ်။
ကန် နှင့် ဘီလူး ၊ ပူးတွဲပေါင်းစပ်
အမှတ်လွယ်ရန် ၊ ခေါ်ကြပြန်ရင်း
ကန်ဘီလူး မှ ကန့်ဘလူ ဖြစ်သတဲ့။
ထန်းတပင်၊ ဇီးကုန်း၊ ထန်းကုန်း၊ သစ်ရာပင်
သစ်ပင်မျိုးမည် ၊ ရပ်မည် ရွာမည်
ပေးတတ်သည်မို့ ၊ တချို့ကမူ
ကန့်ဘလူပင် ၊ ကန့်ဘလူဥ
များစုပေါက်ရာ ၊ ဒီဒေသအရပ်
ကန့်ဘလူခေါ်မှတ် ၊ တွင်သတတ်။
ဘယ်အယူအဆ၊
ဘယ်ဟာကမှ ၊ သဘာဝယုတ္တိ
အာဂမယုတ္တိ ၊ ကရဏယုတ္တိ
ဘက်စုံကြည့်ပြီး ၊ တိကျခိုင်မာ
သေချာပိုင်နိုင် ၊ ပြောနိုင်ပါမည်
သုတေသီတို့ ၊ ဖွေမှည့်ကြံဆ
သုတေသန ၊ ဆက်လုပ်ကြလိမ့်။
ရွှေဘို မြောက်လက်၊ မြောက်ဘက်ကိုးသင်း
မြင်းတပ်ဖွဲ့ချီ ၊ “ခေါ်သန္တီ” “ရေနံ”
ခိုင်မြဲကျစ်လျစ် ၊ တစ်ခါတစ်ခေတ်က
ခံမြို့ဖြစ်ခဲ့ဖူး ၊ “ရွာမြေဒူး” လည်း
ထူးခြားတောက်ပြောင် ၊ ကုန်းဘောင်သမိုင်း
ပျံ့လှိုင်ခန့်ထည် ၊ ကန့်ဘလူနယ်။
ကျွန်တော်ရောက်သော ၊ ကာလတစ်ကြောက
ကျေးလက်မြို့ပြ ၊ ဘဝနှစ်ထွေ
ရောမွှေပေါင်းစပ် ၊ အညာငွေ့အပ်၏
စိတ်ဓာတ်မွှေးကြူ ၊ ကန့်ဘလူ။
တစ်မိုး နှစ်မိုး ၊ သုံးလေးမိုးလောက်
မိုးခိုခဲ့ရ ၊ ကာလနှစ်များ
ငါ့အားပျူငှာ လှိုက်လှဲစွာဖြင့်
ကြင်နာထွေးယူ ၊ ကန့်ဘလူ။
အသွားအပြန် ၊ စုန်ဆန်ရထား
တစ်အားတိုးဝှေ့ ၊ တက်၍လိုက်ပါ
တစ်ခါတစ်ရံ ၊ နံရံမှီကပ်
မတ်ရပ်လိုက်ပါ ၊ အရသာများ
ရင်မှာစွဲငြိ ခုတိုင်ထိ။
တန်ဆောင်မုန်းလောက် ၊ ရောက်ပြီဆိုလျှင်
ခေါ်ပြင် ခေါစည် ၊ ပေါင်းသင်းကျည်များ
စုံစီထွေပြား ၊ မီးဖိုနား၌
ဖုတ်ကင်စားစရာ ၊ ပေါလှစွာ၏။
ကန့်ဘလူမျှစ် ၊ စွဲကျန်ရစ်၏
နုမျစ်ချိုဆိမ့် ၊ နှုတ်လွန်မြိန်၏
အင့်စေ့ အင်ဥ ၊ ဖွေးနုလတ်ဆတ်
အာသာမပြတ်နိုင် ၊ ယနေ့တိုင်။
မရွာနေရောင်
ရွာသောအခါ ၊ နေ့ရော ညပါ
ရှည်ကြာရက်ဆက် ၊ သွန်းပက်လောထပ်
မပြတ်စွေဖြိုး ၊ ကန့်ဘလူမိုး။
မြို့ပတ်ချာဝိုင်း ၊ အင်တိုင်းတောကြီး
ဆီးနှင်းကျသံ ၊ အုန်းအုန်းညံလျှင်
“မိုးလောက်ပြင်းထန် ၊ သွန်းချပြန်” ဟု
ကာရန်တစ်စ ၊ ငါ့ရင်ဝကို
ထိရှစေခဲ့သည့် ကန့်ဘလူ။
အခါလည်းသင့်
အခွင့်လည်းသာ ၊ တစ်ခါတစ်ခေါက်
တစ်ခေါက်တစ်ခါ အလည်လာလျှင်
သွင်ပြင်စိမ်းကား မျက်နှာထားနှင့်
မေ့မသွားပါနှင့် ကန့်ဘလူ။...........။
ကျော်စန်း (မန်းတက္ကသိုလ်)
၂၀၀၆ ခုနှစ် ဇွန် ၅၊ မန္တလေး
၁၉၆၈-၁၉၆၉-၁၉၇၀ ခုနှစ်များသို့ အမှတ်တရ
ရှေးရှေးတုန်းက
ဒေသသည်နေရာ ၊ ဧရာမရေကန်ကြီး
ဘီလူးကြီးစောင့်ကြပ် ၊ နေသတတ်။
ကန် နှင့် ဘီလူး ၊ ပူးတွဲပေါင်းစပ်
အမှတ်လွယ်ရန် ၊ ခေါ်ကြပြန်ရင်း
ကန်ဘီလူး မှ ကန့်ဘလူ ဖြစ်သတဲ့။
ထန်းတပင်၊ ဇီးကုန်း၊ ထန်းကုန်း၊ သစ်ရာပင်
သစ်ပင်မျိုးမည် ၊ ရပ်မည် ရွာမည်
ပေးတတ်သည်မို့ ၊ တချို့ကမူ
ကန့်ဘလူပင် ၊ ကန့်ဘလူဥ
များစုပေါက်ရာ ၊ ဒီဒေသအရပ်
ကန့်ဘလူခေါ်မှတ် ၊ တွင်သတတ်။
ဘယ်အယူအဆ၊
ဘယ်ဟာကမှ ၊ သဘာဝယုတ္တိ
အာဂမယုတ္တိ ၊ ကရဏယုတ္တိ
ဘက်စုံကြည့်ပြီး ၊ တိကျခိုင်မာ
သေချာပိုင်နိုင် ၊ ပြောနိုင်ပါမည်
သုတေသီတို့ ၊ ဖွေမှည့်ကြံဆ
သုတေသန ၊ ဆက်လုပ်ကြလိမ့်။
ရွှေဘို မြောက်လက်၊ မြောက်ဘက်ကိုးသင်း
မြင်းတပ်ဖွဲ့ချီ ၊ “ခေါ်သန္တီ” “ရေနံ”
ခိုင်မြဲကျစ်လျစ် ၊ တစ်ခါတစ်ခေတ်က
ခံမြို့ဖြစ်ခဲ့ဖူး ၊ “ရွာမြေဒူး” လည်း
ထူးခြားတောက်ပြောင် ၊ ကုန်းဘောင်သမိုင်း
ပျံ့လှိုင်ခန့်ထည် ၊ ကန့်ဘလူနယ်။
ကျွန်တော်ရောက်သော ၊ ကာလတစ်ကြောက
ကျေးလက်မြို့ပြ ၊ ဘဝနှစ်ထွေ
ရောမွှေပေါင်းစပ် ၊ အညာငွေ့အပ်၏
စိတ်ဓာတ်မွှေးကြူ ၊ ကန့်ဘလူ။
တစ်မိုး နှစ်မိုး ၊ သုံးလေးမိုးလောက်
မိုးခိုခဲ့ရ ၊ ကာလနှစ်များ
ငါ့အားပျူငှာ လှိုက်လှဲစွာဖြင့်
ကြင်နာထွေးယူ ၊ ကန့်ဘလူ။
အသွားအပြန် ၊ စုန်ဆန်ရထား
တစ်အားတိုးဝှေ့ ၊ တက်၍လိုက်ပါ
တစ်ခါတစ်ရံ ၊ နံရံမှီကပ်
မတ်ရပ်လိုက်ပါ ၊ အရသာများ
ရင်မှာစွဲငြိ ခုတိုင်ထိ။
တန်ဆောင်မုန်းလောက် ၊ ရောက်ပြီဆိုလျှင်
ခေါ်ပြင် ခေါစည် ၊ ပေါင်းသင်းကျည်များ
စုံစီထွေပြား ၊ မီးဖိုနား၌
ဖုတ်ကင်စားစရာ ၊ ပေါလှစွာ၏။
ကန့်ဘလူမျှစ် ၊ စွဲကျန်ရစ်၏
နုမျစ်ချိုဆိမ့် ၊ နှုတ်လွန်မြိန်၏
အင့်စေ့ အင်ဥ ၊ ဖွေးနုလတ်ဆတ်
အာသာမပြတ်နိုင် ၊ ယနေ့တိုင်။
မရွာနေရောင်
ရွာသောအခါ ၊ နေ့ရော ညပါ
ရှည်ကြာရက်ဆက် ၊ သွန်းပက်လောထပ်
မပြတ်စွေဖြိုး ၊ ကန့်ဘလူမိုး။
မြို့ပတ်ချာဝိုင်း ၊ အင်တိုင်းတောကြီး
ဆီးနှင်းကျသံ ၊ အုန်းအုန်းညံလျှင်
“မိုးလောက်ပြင်းထန် ၊ သွန်းချပြန်” ဟု
ကာရန်တစ်စ ၊ ငါ့ရင်ဝကို
ထိရှစေခဲ့သည့် ကန့်ဘလူ။
အခါလည်းသင့်
အခွင့်လည်းသာ ၊ တစ်ခါတစ်ခေါက်
တစ်ခေါက်တစ်ခါ အလည်လာလျှင်
သွင်ပြင်စိမ်းကား မျက်နှာထားနှင့်
မေ့မသွားပါနှင့် ကန့်ဘလူ။...........။
ကျော်စန်း (မန်းတက္ကသိုလ်)
၂၀၀၆ ခုနှစ် ဇွန် ၅၊ မန္တလေး
၁၉၆၈-၁၉၆၉-၁၉၇၀ ခုနှစ်များသို့ အမှတ်တရ
No comments:
Post a Comment